အသက္ ၆ ႏွစ္အရြယ္မိန္းကေလးအား ဖခင္ႏွင့္ အရက္အတူေသာက္သည့္ သူငယ္ခ်င္းက အဓမၼျပဳက်င့္

အသက္ ၆ ႏွစ္အရြယ္မိန္းကေလးအား ဖခင္ႏွင့္ အရက္အတူေသာက္သည့္ သူငယ္ခ်င္းက အဓမၼျပဳက်င့္
ဖေဖော်ဝါရီ 7, 2018
By 🌸
အသက္ ၆ ႏွစ္အရြယ္မိန္းကေလးအား ဖခင္ႏွင့္ အရက္အတူေသာက္သည့္ သူငယ္ခ်င္းက အဓမၼျပဳက်င့္
*************
မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္တြင္ ဖခင္ျဖစ္သူက အသက္ (၆)ႏွစ္အရြယ္ သမီးျဖစ္သူအား သူငယ္ခ်င္းျဖစ္သူ၏ ေနအိမ္သို႔ ေခၚေဆာင္သြားၿပီး အရက္ေသာက္ရာမွ သူငယ္ခ်င္းက သမီးျဖစ္သူအား အဓမၼျပဳက်င့္မႈုျဖစ္ပြားေၾကာင္း သိရသည္။

ဖခင္ျဖစ္သူအရက္မူး၍ အိပ္ေပ်ာ္ေနစဥ္ ဖခင္၏သူငယ္ခ်င္းျဖစ္သူ ဟိန္းမင္းဇာက ကေလးျဖစ္သူကို  အိမ္ျပန္ပို႔ေပးမည္ဟုဆိုကာ ရြာလမ္းခဲြတြင္ရိွေသာ ဇရပ္သို႔ေခၚေဆာင္၍ သားမယားအျဖစ္ျပဳက်င္႔ခဲ႔ျခင္းျဖစ္ေၾကာင္း သိရၿပီး လက္ရိွတြင္ ကေလးငယ္မွာ ျပည္သူ႔ေဆးရံုႀကီး၌ ေဆးကုသမႈခံယူေနရကာ ခြဲစိတ္ကုသမႈခံယူရန္ လိုအပ္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္အရက္မူးၿပီး အိပ္ေပ်ာ္ေနတုန္း ညသန္းေခါင္ေက်ာ္ေလာက္မွာ သမီးက ေၾကာက္တယ္ အိမ္ျပန္ရေအာင္ ဆိုၿပီးနိွဳးလို႔ အိမ္ကိုျပန္သြားခဲ႔ပါတယ္။ မနက္လင္းေတာ႔ သမီးရဲ႕ဂါဝန္နဲ႔ အိပ္ရာေနရာမွာ ေသြးေတြအိုင္ေနတာေတြ႔ရလို႔ ေမးၾကည္႔ေတာ႔မွ ဟိန္းမင္းဇာက သမီးကို သားမယားအျဖစ္ျပဳ က်င္႔ခဲ႔ တယ္ဆိုၿပီး ေျပာျပပါတယ္"ဟု ကေလး၏ဖခင္ျဖစ္သူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သူငယ္ခ်င္းျဖစ္သူ ဟိန္းမင္းဇာ(ခ)ဖိုးလက္ေကာက္က ေဖေဖာ္ဝါရီ ၆ရက္ ည(၁၀)နာရီ အခ်ိန္ခန္႔တြင္ အရက္ေသာက္ရန္ လာေရာက္ ေခၚေဆာင္သျဖင္႔ အသက္(၆)ႏွစ္အရြယ္ သမီးျဖစ္သူကို ေခၚေဆာင္၍ ဖခင္ျဖစ္သူက လိုက္ပါသြားျခင္းျဖစ္ၿပီး ဟိန္းမင္းဇာ၏ ေနအိမ္တြင္ အရက္ အတူေသာက္ခဲ့ကာ ၎အိမ္၌ပင္ ညအိပ္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကေလးမွာ မိခင္မရိွေတာ႔သျဖင့္ ဖခင္ျဖစ္သူက သြားေလရာသို႔ ေခၚေဆာင္ေလ႔ရိွေၾကာင္း သိရၿပီး ေဆးရံုတက္ေနရသည့္ ကေလးငယ္အား လိုအပ္သည့္ကူညီေထာက္ပံ့မႈမ်ားအတြက္ မေကြးတိုင္း လူမႈဝန္ထမ္းဦးစီးဌာန၊ လူမႈဝန္ထမ္း(၃)မွ တာဝန္ရိွသူမ်ား၊ မေကြး ၈၈ ၿငိမ္း/ပြင္႔ (မေကြး)မွအဖဲြ႔ဝင္မ်ားက ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင္႔ပတ္သက္၍ ေဖေဖာ္ဝါရီ(၇)ရက္ေန႔တြင္ ေရနံမနယ္ေျမရဲစခန္း၌ ဖခင္ျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းသျဖင္႔  (ပ)၄/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရ အမႈဖြင္႔ကာ အသက္ (၃၀)အရြယ္ ဟိန္းမင္းဇာအား ဖမ္းဆီးထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
အသက် ၆ နှစ်အရွယ်မိန်းကလေးအား ဖခင်နှင့် အရက်အတူသောက်သည့် သူငယ်ချင်းက အဓမ္မပြုကျင့်
*************
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် ဖခင်ဖြစ်သူက အသက် (၆)နှစ်အရွယ် သမီးဖြစ်သူအား သူငယ်ချင်းဖြစ်သူ၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး အရက်သောက်ရာမှ သူငယ်ချင်းက သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုုဖြစ်ပွားကြောင်း သိရသည်။

ဖခင်ဖြစ်သူအရက်မူး၍ အိပ်ပျော်နေစဉ် ဖခင်၏သူငယ်ချင်းဖြစ်သူ ဟိန်းမင်းဇာက ကလေးဖြစ်သူကို  အိမ်ပြန်ပို့ပေးမည်ဟုဆိုကာ ရွာလမ်းခွဲတွင်ရှိသော ဇရပ်သို့ခေါ်ဆောင်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ကလေးငယ်မှာ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နေကြောင်း သိရသည်။

"ကျွန်တော်အရက်မူးပြီး အိပ်ပျော်နေတုန်း ညသန်းခေါင်ကျော်လောက်မှာ သမီးက ကြောက်တယ် အိမ်ပြန်ရအောင် ဆိုပြီးနှိုးလို့ အိမ်ကိုပြန်သွားခဲ့ပါတယ်။ မနက်လင်းတော့ သမီးရဲ့ဂါဝန်နဲ့ အိပ်ရာနေရာမှာ သွေးတွေအိုင်နေတာတွေ့ရလို့ မေးကြည့်တော့မှ ဟိန်းမင်းဇာက သမီးကို သားမယားအဖြစ်ပြု ကျင့်ခဲ့ တယ်ဆိုပြီး ပြောပြပါတယ်"ဟု ကလေး၏ဖခင်ဖြစ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သူငယ်ချင်းဖြစ်သူ ဟိန်းမင်းဇာ(ခ)ဖိုးလက်ကောက်က ဖေဖော်ဝါရီ ၆ရက် ည(၁၀)နာရီ အချိန်ခန့်တွင် အရက်သောက်ရန် လာရောက် ခေါ်ဆောင်သဖြင့် အသက်(၆)နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ဆောင်၍ ဖခင်ဖြစ်သူက လိုက်ပါသွားခြင်းဖြစ်ပြီး ဟိန်းမင်းဇာ၏ နေအိမ်တွင် အရက် အတူသောက်ခဲ့ကာ ၎င်းအိမ်၌ပင် ညအိပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးမှာ မိခင်မရှိတော့သဖြင့် ဖခင်ဖြစ်သူက သွားလေရာသို့ ခေါ်ဆောင်လေ့ရှိကြောင်း သိရပြီး ဆေးရုံတက်နေရသည့် ကလေးငယ်အား လိုအပ်သည့်ကူညီထောက်ပံ့မှုများအတွက် မကွေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း(၃)မှ တာဝန်ရှိသူများ၊ မကွေး ၈၈ ငြိမ်း/ပွင့် (မကွေး)မှအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ(၇)ရက်နေ့တွင် ရေနံမနယ်မြေရဲစခန်း၌ ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့်  (ပ)၄/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ အသက် (၃၀)အရွယ် ဟိန်းမင်းဇာအား ဖမ်းဆီးထားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~