****************
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ အသုံးပြုရန် Dayang 125 မော်တော်ဆိုင်ကယ်(၁၃၂)စီးနှင့် မော်တော်ဆိုင်ကယ်စီးဦးထုပ်များကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
အဆိုပါဆိုင်ကယ်များအား တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရဲအကူတပ်ဖွဲ့ခွဲနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများထံသို့ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သို့ ဆိုင်ကယ်များပေးအပ်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးအရဖွဲ့ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း၊ ဦးစီး (ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ တက်ရောက်ကြကြောင်း သိရသည်။