အမ်ိဳးသမီးမ်ားဦးေဆာင္မႈက႑တြင္ ပါဝင္လာေစေရး ျမန္မာ႔အမ်ိဳးသမီးသမဂၢႏွင့္ မေကြးအေျခစိုက္ အဖဲြ႔အစည္းမ်ားပူးေပါင္းေဆာင္ရြက္မည္

အမ်ိဳးသမီးမ်ားဦးေဆာင္မႈက႑တြင္ ပါဝင္လာေစေရး ျမန္မာ႔အမ်ိဳးသမီးသမဂၢႏွင့္ မေကြးအေျခစိုက္ အဖဲြ႔အစည္းမ်ားပူးေပါင္းေဆာင္ရြက္မည္
ဖေဖော်ဝါရီ 9, 2018
By 🌸
မေကြးတုိင္းေဒသႀကီးမွ အမ်ိဳးသမီးမ်ား ဦးေဆာင္မႈက႑တြင္ ပိုမိုျမင့္မားလာေစေရးအတြက္ ျမန္မာ႔အမ်ိဳးသမီးသမဂၢက မေကြးၿမိဳ႕ရိွ လူမႈေရးအဖဲြ႔၊ ပရဟိတအဖဲြ႔ႏွင့္ CSOအဖြဲ႕တို႔ပူးေပါင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

" အမ်ိဳးသမီးေတြ အနည္းဆံုး ရပ္ေက်းအဆင္႔ပါဝင္လာဖို႔အတြက္ ဥပမာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပဲြေတြမွာ သူတို႔ေတြ ပါဝင္အေရြးခ်ယ္ခံလိုတယ္ဆိုရင္ ဘယ္လိုေဆာင္ရြက္ရမယ္။ သူတို႔အတြက္ ဘာအခြင္႔အေရးေတြရိွတယ္။ ကန္႔သတ္မႈေတြ ဘာေတြရိွသလဲဆိုတဲ႔ အသိပညာေတြေပးၿပီး အနီးကပ္ ကူညီပံ႔ပိုးသြားမယ္။ အမ်ိဳးသမီးေတြအေနနဲ႔ အစုအဖဲြ႔၊ အဖဲြ႔အစည္း၊ ရပ္ေက်းကေန လႊတ္ေတာ္အထိ ပါလာႏိုင္ဖို႔အတြက္ ေရတိုေရရွည္လုပ္ငန္းေတြနဲ႔ လုပ္ေဆာင္သြားမွာပါ"ဟု ျမန္မာ႔အမ်ိဳးသမီးသမဂၢ တဲြဖက္ အေထြေထြ အတြင္းေရးမွဴး ေဒၚမူစဲက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ႔အမ်ိဳးသမီးသမဂၢက မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ရိွ အဖဲြ႔အစည္းအသီးသီးႏွင္႔ ေဖေဖာ္ဝါရီ(၅)ရက္ နံနက္ပိုင္းတြင္ ေတြ႔ဆံုေဆြးေႏြးမႈတစ္ရပ္ ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။

"ေဒသမွာ ကိုယ္႔ကိုယ္ကိုယ္ယံုၾကည္မႈရိွရိွနဲ႔ လုပ္ခ်င္ကိုင္ခ်င္စိတ္ရိွသူ အမ်ိဳးသမီးေတြအေနနဲ႔ ေဒသဖံြ႔ၿဖိဳးမႈအေပၚ ဘယ္လိုလုပ္ေဆာင္ႏိုင္တယ္ဆိုတာ ပညာေပးေတြလုပ္သြားမယ္။ ေဒသမွာ သူတို႔ႀကံဳေတြ႔ေနရတဲ႔ အခက္အခဲေတြ အမ်ိဳးသမီးေတြရရိွသင္႔တဲ႔ အမ်ိဳးသမီးအခြင္႔အေရးေတြ ဘာေတြရိွတယ္ဆိုတာကို အျပန္အလွန္ ေဆြးေႏြးသြားၾကမွာပါ"ဟု ျမန္မာ႔အမ်ိဳးသမီးသမဂၢ တဲြဖက္အေထြေထြအတြင္းေရးမွဴး ေဒၚမူစဲက ေျပာသည္။

ေဒသတြင္းမွအမ်ိဳးသမီးမ်ားအား ႏိုင္ငံေရးအသိအျမင္မ်ား၊ လက္ရိွတည္ဆဲဥပေဒဆိုင္ရာမ်ား၊ ေခါင္းေဆာင္မႈဆိုင္ရာႏွင္႔ အုပ္ခ်ဳပ္ေရးဆိုင္ရာ အခ်က္အလက္မ်ားအား သက္ဆိုင္ရာပညာရွင္မ်ားကို ဖိတ္ေခၚကာ ရက္ရွည္သင္တန္းမ်ားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ႔အမ်ိဳးသမီးသမဂၢအား ၁၉၉၅ ခုႏွစ္တြင္ စတင္ဖဲြ႔စည္းခဲ႔ျခင္းျဖစ္ၿပီး လက္ရိွတြင္ အမ်ိဳးသမီးမ်ား ဦးေဆာင္မႈက႑တြင္ ပါဝင္လာေစေရးအတြက္ မေကြး၊ ဧရာဝတီ၊ မႏၱေလး၊ ပဲခူး၊ ကယား၊ မြန္ႏွင့္ ကရင္ျပည္နယ္မ်ားတြင္ သံုးႏွစ္စီမံကိန္းျဖင့္ ေဆာင္ရြက္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
အမျိုးသမီးများဦးဆောင်မှုကဏ္ဍတွင် ပါဝင်လာစေရေး မြန်မာ့အမျိုးသမီးသမဂ္ဂနှင့် မကွေးအခြေစိုက် အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်မည်
**************
မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် ပိုမိုမြင့်မားလာစေရေးအတွက် မြန်မာ့အမျိုးသမီးသမဂ္ဂက မကွေးမြို့ရှိ လူမှုရေးအဖွဲ့၊ ပရဟိတအဖွဲ့နှင့် CSOအဖွဲ့တို့ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

" အမျိုးသမီးတွေ အနည်းဆုံး ရပ်ကျေးအဆင့်ပါဝင်လာဖို့အတွက် ဥပမာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ သူတို့တွေ ပါဝင်အရွေးချယ်ခံလိုတယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်။ သူတို့အတွက် ဘာအခွင့်အရေးတွေရှိတယ်။ ကန့်သတ်မှုတွေ ဘာတွေရှိသလဲဆိုတဲ့ အသိပညာတွေပေးပြီး အနီးကပ် ကူညီပံ့ပိုးသွားမယ်။ အမျိုးသမီးတွေအနေနဲ့ အစုအဖွဲ့၊ အဖွဲ့အစည်း၊ ရပ်ကျေးကနေ လွှတ်တော်အထိ ပါလာနိုင်ဖို့အတွက် ရေတိုရေရှည်လုပ်ငန်းတွေနဲ့ လုပ်ဆောင်သွားမှာပါ"ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်မူစဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂက မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အဖွဲ့အစည်းအသီးသီးနှင့် ဖေဖော်ဝါရီ(၅)ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒေသမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိသူ အမျိုးသမီးတွေအနေနဲ့ ဒေသဖွံ့ဖြိုးမှုအပေါ် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ ပညာပေးတွေလုပ်သွားမယ်။ ဒေသမှာ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမျိုးသမီးတွေရရှိသင့်တဲ့ အမျိုးသမီးအခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာကို အပြန်အလှန် ဆွေးနွေးသွားကြမှာပါ"ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်မူစဲက ပြောသည်။

ဒေသတွင်းမှအမျိုးသမီးများအား နိုင်ငံရေးအသိအမြင်များ၊ လက်ရှိတည်ဆဲဥပဒေဆိုင်ရာများ၊ ခေါင်းဆောင်မှုဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များအား သက်ဆိုင်ရာပညာရှင်များကို ဖိတ်ခေါ်ကာ ရက်ရှည်သင်တန်းများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအား ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် ပါဝင်လာစေရေးအတွက် မကွေး၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူး၊ ကယား၊ မွန်နှင့် ကရင်ပြည်နယ်များတွင် သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~