ဖေဖော်ဝါရီ 19, 2018
By 🌸
မကွေးတိုင်းဒေသကြီးတွင် ရွှေစက်တော်ဘုရားပွဲတော်အတွင်း ပုသိမ်-မုံရွာတိုက်တန်းတွင် ဖေဖော်ဝါရီ(၁၉)ရက်နေ့ မွန်းလွဲ (၃)နာရီ(၅)မိနစ်အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသော်လည်း အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 
မီးလောင်မှုဖြစ်ပွားရာသို့ ရွှေစက်တော်ဘုရားပွဲတော်ရှိ မီးသတ်ယာဉ်(၄)စီးက မီးသတ်အင်အား (၆၀)ခန့်ဖြင့် ငြိမ်းသတ်ခဲ့ပြီး တည်းခိုဆောင်ဝန်ထမ်းများ၊ ဈေးသည်များကလည်း ဝိုင်းဝန်းကူညီခဲ့ရာ မိနစ် (၂၀)အတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေစက်တော်ဘုရားပွဲတော်ရှိ တည်းခိုဆောင်များနှင့် ဈေးဆိုင်များမှာ မီးလောင်လွယ်ကူသည့် ဝါး၊ သက်ကယ်၊ မျောတိုင်များဖြင့် တည်ဆောက်ထားကြခြင်းဖြစ်ပြီး တည်းခိုဆောင်အချို့ပေါ်သို့ မီးပွားလွင့်စင်ကျရောက်မှု ရှိခဲ့သော်လည်း မီးကို အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း #ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရွှေစက်တော်ဘုရားပွဲတော် ပုသိမ် - မုံရွာတိုက်တန်းတွင် မီးလောင်မှုဖြစ်ပွား
*************
မကွေးတိုင်းဒေသကြီးတွင် ရွှေစက်တော်ဘုရားပွဲတော်အတွင်း ပုသိမ်-မုံရွာတိုက်တန်းတွင် ဖေဖော်ဝါရီ(၁၉)ရက်နေ့ မွန်းလွဲ (၃)နာရီ(၅)မိနစ်အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသော်လည်း အချိန်မီငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 
"အဲဒီ ပုသိမ်-မုံရွာ တိုက်တန်းက ဆောက်ထားတာကြာလှပါပြီ။ အထပ်သားအဟောင်းလေးတွေပဲထားတာဖြစ်ပြီး လူမနေပါဘူး။ ဘုရားဖူးတွေကိုလည်း မထားပါဘူး။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းတုန်းပဲ ရှိပါသေးတယ်"ဟု ရွှေစက်တော်ဂေါပက ဥက္ကဌ ဦးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရွှေစက်တော်ဘုရားပွဲတော်ရှိ မီးသတ်ယာဉ်(၄)စီးက မီးသတ်အင်အား (၆၀)ခန့်ဖြင့် ငြိမ်းသတ်ခဲ့ပြီး တည်းခိုဆောင်ဝန်ထမ်းများ၊ စျေးသည်များကလည်း ဝို်င်းဝန်းကူညီခဲ့ရာ မိနစ် (၂၀)အတွင်း ငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
"ဘုရားပွဲတော်အတွင်း အခုလို ဘေးအန္တရာယ်မျိုးနဲ့ ကြုံတွေ့ရရင် တည်းခိုဆောင်တွေမှာ ရပ်နား ထားကြတဲ့ ဘုရားဖူးယာဉ်တွေကြောင့် လမ်းကြောင်းတွေပိတ်ဆို့ပြီး အန္တရာယ်ကြံုတွေ့နိုင်လို့ ယာဉ်အပ်နှံဖို့အတွက် ကားကွင်း နှစ်ခု တည်ဆောက်ပေးထားပေမဲ့ သွားပြီး မအပ်ချင်ကြဘူးဗျ။ အခု မီးဟေ့လည်းဆိုရော ကားကွင်းမှာ ယာဉ်တွေအပြည့်ဖြစ်သွားပါတယ်"ဟု ဂေါပကဥက္ကဌက ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး၊ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မင်းဘူး မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိ၍ မီးလောင်ရသည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများပြု လုပ်လျှက်ရှိကြောင်း သိရသည်။
ရွှေစက်တော်ဘုရားပွဲတော်ရှိ တည်းခိုဆောင်များနှင့် စျေးဆိုင်များမှာ မီးလောင်လွယ်ကူသည့် ဝါး၊ သက်ကယ်၊ မျောတိုင်များဖြင့် တည်ဆောက်ထားကြခြင်းဖြစ်ပြီး တည်းခိုဆောင်အချို့ပေါ်သို့ မီးပွားလွင့်စင်ကျရောက်မှု ရှိခဲ့သော်လည်း မီးကို အချိန်မီငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်း #ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~