လားရိႈးၿမိဳ႕တြင္း ဗံုးေပါက္ကြဲမႈမွ ေသဆံုးသူႏွင့္ ဒဏ္ရာရသူမ်ားအား ျပည္နယ္အစိုးရႏွင့္ ဌာနဆိုင္ရာမ်ား ေထာက္ပံ့ေငြမ်ားျဖင့္ ကူညီ

လားရိႈးၿမိဳ႕တြင္း ဗံုးေပါက္ကြဲမႈမွ ေသဆံုးသူႏွင့္ ဒဏ္ရာရသူမ်ားအား ျပည္နယ္အစိုးရႏွင့္ ဌာနဆိုင္ရာမ်ား ေထာက္ပံ့ေငြမ်ားျဖင့္ ကူညီ
ဖေဖော်ဝါရီ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၌ ျဖစ္ပြားခဲ့သည့္ ဗံုးေပါက္ကြဲမႈတြင္ ေသဆံုးခဲ့သူမ်ားႏွင့္ ဒဏ္ရာရသူမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ သဘာဝေဘးအႏၱရာယ္တားဆီး ကာကြယ္ေရးဌာနႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတုိ႔က ေဖေဖၚဝါရီလ (၂၂)ရက္ေန႔တြင္ ေထာက္ပံ့ေပးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကိုယ္စား ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးက လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈခံယူေနသည့္ ဒဏ္ရာရသူမ်ားအား ေတြ႔ဆံုၿပီး ျပင္းထန္ဒဏ္ရာရရွိသူ (၆)ဦးအနက္  ဒဏ္ရာ အျပင္းထန္ဆံုးျဖစ္သည့္ ကိုၿဖိဳးမင္းသန္႔အား က်ပ္သံုးသိန္းေထာက္ပံ့ေပးအပ္ခဲ့ၿပီး က်န္ (၅)ဦးကို က်ပ္ ႏွစ္သိန္းစီ၊ ေသဆံုးသူႏွစ္ဦးအတြက္ က်ပ္ငါးသိန္းစီ၊ သာမာန္ဒဏ္ရာရလူနာ (၁၅) ဦးအတြက္ က်ပ္ ငါးေသာင္းစီ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဗံုးေပါက္ကြဲမႈေၾကာင့္ ထိခုိက္ခံစားရသူမ်ားအား သဘာဝေဘးအႏၱရာယ္ တားဆီး ကာကြယ္ေရးဌာနက ေထာက္ပံ့မႈမ်ားကိုလည္း လာေရာက္ေပးအပ္ရာ ေသဆံုးသူႏွစ္ဦးအား က်ပ္သံုးသိန္းစီ၊ ဒဏ္ရာရသူ (၂၁) ဦးအား က်ပ္ငါးေသာင္းစီႏွင့္ ခရိုင္ႏွင့္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဌာနမ်ားက ေထာက္ပံ့ေငြစုစုေပါင္း က်ပ္ (၁၁၅၀၀၀) ပံ့ပိုးေပးေၾကာင္း သိရသည္။

လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနကလည္း ေသဆံုးသူမ်ားအတြက္  က်ပ္သံုးသိန္းစီႏွင့္ ဒဏ္ရာရရွိသူမ်ားအတြက္ က်ပ္ငါးေသာင္းစီေထာက္ပံ့မႈေပးရန္ စီစဥ္ေနေၾကာင္း သိရသည္။

“ဘဏ္ႏွစ္ခုၾကား ကၽြန္ေတာ္ေရာက္ေနတဲ့အခ်ိန္ ဧရာဝတီဘဏ္က မွန္ေတြမိုးထားတဲ့ေနရာမွာ ထိုင္မလို႔ အဲဒီခ်ိန္ ေဆးလိပ္မီးညႇိေနတုန္း အုန္းခနဲပဲၾကားလိုက္တယ္။ မီးခိုးလံုးႀကီးေတြ႔တယ္။ နားအူသြားလို႔ ဒီလို လွည့္လိုက္တဲ့ အခ်ိန္မွာ ၾကည့္လိုက္ေတာ့ ညာဘက္လက္လက္ဖ်ံနဲ႔ လက္ေမာင္းမွာ လက္တစ္ႏႈိက္စာေလာက္ ဒဏ္ရာရတယ္။ ေနာက္ေက်ာဘက္မွာလည္းထိတယ္” ဟု ေပါက္ကြဲမႈျဖစ္ပြားသည့္ေနရာရွိ ဧရာဝတီဘဏ္တြင္ လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနသည့္ ကိုေသာင္းေရႊက ေျပာသည္။

လားရိႈးၿမိဳ႕ ရိုးမဘဏ္တြင္ ေဖေဖၚဝါရီလ (၂၁) ရက္ေန႔ ညေနပိုင္းက ဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦး ေသဆံုးသြားၿပီး (၂၁)ဦး ဒဏ္ရာရသြားျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ထောက်ပံ့ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရသူများအား တွေ့ဆုံပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၆)ဦးအနက် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်သည့် ကိုဖြိုးမင်းသန့်အား ကျပ်သုံးသိန်းထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန် (၅)ဦးကို ကျပ် နှစ်သိန်းစီ၊ သေဆုံးသူနှစ်ဦးအတွက် ကျပ်ငါးသိန်းစီ၊ သာမာန်ဒဏ်ရာရလူနာ (၁၅) ဦးအတွက် ကျပ် ငါးသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူများအား သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်ရေးဌာနက ထောက်ပံ့မှုများကိုလည်း လာရောက်ပေးအပ်ရာ သေဆုံးသူနှစ်ဦးအား ကျပ်သုံးသိန်းစီ၊ ဒဏ်ရာရသူ (၂၁) ဦးအား ကျပ်ငါးသောင်းစီနှင့် ခရိုင်နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနများက ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၁၁၅၀၀၀) ပံ့ပိုးပေးကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနကလည်း သေဆုံးသူများအတွက် ကျပ်သုံးသိန်းစီနှင့် ဒဏ်ရာရရှိသူများအတွက် ကျပ်ငါးသောင်းစီထောက်ပံ့မှုပေးရန် စီစဉ်နေကြောင်း သိရသည်။

“ဘဏ်နှစ်ခုကြား ကျွန်တော်ရောက်နေတဲ့အချိန် ဧရာဝတီဘဏ်က မှန်တွေမိုးထားတဲ့နေရာမှာ ထိုင်မလို့ အဲဒီချိန် ဆေးလိပ်မီးညှိနေတုန်း အုန်းခနဲပဲကြားလိုက်တယ်။ မီးခိုးလုံးကြီးတွေ့တယ်။ နားအူသွားလို့ ဒီလို လှည့်လိုက်တဲ့ အချိန်မှာ ကြည့်လိုက်တော့ ညာဘက်လက်လက်ဖျံနဲ့ လက်မောင်းမှာ လက်တစ်နှိုက်စာလောက် ဒဏ်ရာရတယ်။ နောက်ကျောဘက်မှာလည်းထိတယ်” ဟု ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာရှိ ဧရာဝတီဘဏ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ကိုသောင်းရွှေက ပြောသည်။

လားရှိုးမြို့ ရိုးမဘဏ်တွင် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဘဏ်ဝန်ထမ်းအမျိုးသမီးနှစ်ဦး သေဆုံးသွားပြီး (၂၁)ဦး ဒဏ်ရာရသွားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~