ရွမ္းျပည္နယ္လီဆူတိုင္းရင္းသားမ်ား၏ တတိယအႀကိမ္ေျမာက္ စုေပါင္းႏွစ္သစ္ကူးပြဲ လားရႈိးၿမိဳ႕နယ္တြင္ (၃)ရက္တိုင္တိုင္ က်င္းပေန

ရွမ္းျပည္နယ္လီဆူတိုင္းရင္းသားမ်ား၏ တတိယအႀကိမ္ေျမာက္ စုေပါင္းႏွစ္သစ္ကူးပြဲ လားရႈိးၿမိဳ႕နယ္တြင္ (၃)ရက္တိုင္တိုင္ က်င္းပေန
ဖေဖော်ဝါရီ 20, 2018
By Tachileik News Agency

လီဆူတိုင္းရင္းသားရိုးရာယဥ္ေက်းမႈ ႏွစ္သစ္ကူးပြဲေတာ္အျဖစ္ တတိယအႀကိမ္ေျမာက္ ရွမ္းျပည္နယ္ လီဆူတုိင္းရင္းသား စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕နယ္တြင္းရွိ ခါးသွ်ိ(အေပၚရြာ)ေက်းရြာတြင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ နံနက္ပိုင္းက စတင္ က်င္းပျပဳလုပ္သည္။

လီဆူတိုင္းရင္းသား လူငယ္ မ်ဳိးဆက္သစ္မ်ား အေနျဖင့္ လီဆူတိုင္းရင္းသားရိုးရာယဥ္ေက်းမႈမ်ားကို မေမ့ေပ်ာက္ႏိုင္ရန္ အတြက္ ပြဲေတာ္အား က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ လီဆူ တိုင္းရင္းသားေရးရာ ဝန္ႀကီးက ဆိုသည္။

“လီဆူစာေပနဲ႔ လီဆူရိုးရာယဥ္ေက်းမႈေတြ၊ ရိုးရာအကေတြ၊ ရိုးရာကစားပြဲေတြကို ထည့္သြင္း ျပဳလုပ္တာ ျဖစ္တဲ့အတြက္ လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ ရိုးရာဓေလ့နဲ႔ယဥ္ေက်းမႈကို မေမ့ ေပ်ာက္ေအာင္ လုပ္ေဆာင္ေပး တာျဖစ္ပါတယ္”ဟု စုေပါင္းႏွစ္သစ္ကူးပြဲေတာ္သို႔ တက္ေရာက္ လာသည့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ လီဆူ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးဂူဆာ က တာခ်ီလိတ္သတင္း ေအဂ်င္စီ သုိ႔ေျပာသည္။

ရွမ္းျပည္နယ္တြင္ လီဆူတိုင္းရင္းသားမ်ား၏ ပထမဆံုး စုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ၂၀၁၆ ခုႏွစ္မွစ၍ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး  တတိယအႀကိမ္ေျမာက္ က်င္းပသည့္ ပြဲေတာ္သို႔ ရွမ္းျပည္နယ္အတြင္းရွိ လီဆူစာေပႏွင့္ရိုးရာယဥ္ေက်းမႈအဖြဲ႔၀င္မ်ား ႏွင့္ လီဆူတိုင္းရင္းသားမ်ားမွ တက္ေရာက္ ဆင္ႏႊဲခဲ့ၾကၿပီး ပြဲေတာ္အတြင္း လီဆူတိုင္းရင္းသားရိုးရာယဥ္ေက်းမႈႏွင့္ ပတ္သက္သည့္ ယက္ကန္းအထည္မ်ား၊ အသံုးအေဆာင္မ်ား ႏွင့္ ေဆးဖက္၀င္ပစၥည္းမ်ား စသည္တို႔ကို ျပသေရာင္းခ်ခဲ့ၾကေၾကာင္း သိရသည္။

“ကြ်န္မက ကခ်င္ျပည္နယ္ကေလ၊ ရွမ္းျပည္နယ္က ပရိတ္သတ္ေတြနဲ႔က ဒီပြဲကိုလာမွ ေတြ႔ရတာျဖစ္တဲ့အတြက္ ပြဲကိုလာရတာအရမ္းဝမ္းသာပါတယ္၊ ဒီလိုအခ်ိန္မွာ ကြ်န္မတို႔ တိုင္းရင္းသားေတြက စည္းလံုးညီညြတ္စြာနဲ႔ေတြ႔ရတယ္၊ မိတ္ဆက္ၾကတယ္ေပါ့ေနာ၊ ဒီလိုပြဲကိုမလာရရင္ အရမ္းပဲနစ္နာရမွာ၊ ဒါေၾကာင့္ ဒီပြဲကိုလာခြင့္ရတာ ဖိတ္ၾကားခံရတာ အရမ္းပဲဝမ္းသာပါတယ္” ဟု ႏွစ္သစ္ကူးပြဲတြင္ လာေရာက္ေဖ်ာ္ေျဖကူညီေပးသည့္ လီဆူ အမ်ိဳးသမီး အဆိုေတာ္ ဆူးေလး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ပြဲေတာ္အား ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔က စတင္ကာ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔အထိ (၃)ရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ၿပီး ပြဲေတာ္အတြင္း လီဆူရိုးရာ အဆိုအကမ်ား အျပင္ ရိုးရာယဥ္ေက်းမႈ အားကစားၿပိဳင္ပြဲမ်ားျဖစ္သည့္ ဂ်င္ေပါက္ၿပိဳင္ပြဲ၊ ဒူးေလးပစ္ၿပိင္ပြဲမ်ား ထည့္သြင္းက်င္းပရန္ စီစဥ္ ထားရွိေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

လီဆူတိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်အဖြစ် တတိယအကြိမ်မြောက် ရှမ်းပြည်နယ် လီဆူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင်းရှိ ခါးသျှိ(အပေါ်ရွာ)ကျေးရွာတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက စတင် ကျင်းပပြုလုပ်သည်။

လီဆူတိုင်းရင်းသား လူငယ် မျိုးဆက်သစ်များ အနဖြေင့် လီဆူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မမေ့ပျောက်နိုင်ရန် အတွက် ပွဲတော်အား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးက ဆိုသည်။

“လီဆူစာပေနဲ့ လီဆူရိုးရာယဉ်ကျေးမှုတွေ၊ ရိုးရာအကတွေ၊ ရိုးရာကစားပွဲတွေကို ထည့်သွင်း ပြုလုပ်တာ ဖြစ်တဲ့အတွက် လာမယ့် မျိုးဆက်သစ်တွေအတွက် ရိုးရာဓလေ့နဲ့ယဉ်ကျေးမှုကို မမေ့ ပျောက်အောင် လုပ်ဆောင်ပေး တာဖြစ်ပါတယ်”ဟု စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ တက်ရောက် လာသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာ က တာချီလိတ်သတင်း အေဂျင်စီ သို့ပြောသည်။

ရှမ်းပြည်နယ်တွင် လီဆူတိုင်းရင်းသားများ၏ ပထမဆုံး စုပေါင်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တတိယအကြိမ်မြောက် ကျင်းပသည့် ပွဲတော်သို့ ရှမ်းပြည်နယ်အတွင်းရှိ လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ နှင့် လီဆူတိုင်းရင်းသားများမှ တက်ရောက် ဆင်နွှဲခဲ့ကြပြီး ပွဲတော်အတွင်း လီဆူတိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် ယက်ကန်းအထည်များ၊ အသုံးအဆောင်များ နှင့် ဆေးဖက်ဝင်ပစ္စည်းများ စသည်တို့ကို ပြသရောင်းချခဲ့ကြကြောင်း သိရသည်။

“ကျွန်မက ကချင်ပြည်နယ်ကလေ၊ ရှမ်းပြည်နယ်က ပရိတ်သတ်တွေနဲ့က ဒီပွဲကိုလာမှ တွေ့ရတာဖြစ်တဲ့အတွက် ပွဲကိုလာရတာအရမ်းဝမ်းသာပါတယ်၊ ဒီလိုအချိန်မှာ ကျွန်မတို့ တိုင်းရင်းသားတွေက စည်းလုံးညီညွတ်စွာနဲ့တွေ့ရတယ်၊ မိတ်ဆက်ကြတယ်ပေါ့နော၊ ဒီလိုပွဲကိုမလာရရင် အရမ်းပဲနစ်နာရမှာ၊ ဒါကြောင့် ဒီပွဲကိုလာခွင့်ရတာ ဖိတ်ကြားခံရတာ အရမ်းပဲဝမ်းသာပါတယ်” ဟု နှစ်သစ်ကူးပွဲတွင် လာရောက်ဖျော်ဖြေကူညီပေးသည့် လီဆူ အမျိုးသမီး အဆိုတော် ဆူးလေး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ပွဲတော်အား ဖေဖော်ဝါရီလ(၂၀)ရက်နေ့က စတင်ကာ ဖေဖော်ဝါရီလ(၂၂)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း လီဆူရိုးရာ အဆိုအကများ အပြင် ရိုးရာယဉ်ကျေးမှု အားကစားပြိုင်ပွဲများဖြစ်သည့် ဂျင်ပေါက်ပြိုင်ပွဲ၊ ဒူးလေးပစ်ပြိင်ပွဲများ ထည့်သွင်းကျင်းပရန် စီစဉ် ထားရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~