လိြဳင္ေကာ္ - ရွားေတာ ကားလမ္းေဘး ၿခံဳထဲတြင္ မီးရိႈ႕ထားသည့္ အေလာင္းတစ္ေလာင္း ေတြ႔ရွိ၍ စစ္ေဆးေန

လိြဳင္ေကာ္ - ရွားေတာ ကားလမ္းေဘး ၿခံဳထဲတြင္ မီးရိႈ႕ထားသည့္ အေလာင္းတစ္ေလာင္း ေတြ႔ရွိ၍ စစ္ေဆးေန
ဖေဖော်ဝါရီ 19, 2018
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕၊ ပါေလာင္းေက်းရြာအနီးရွိ လိြဳင္ေကာ္ - ရွားေတာကားလမ္းေဘးၿခံဳထဲတြင္ မီး႐ႈိ႕ထားေသာ အေလာင္း တစ္ေလာင္းေတြ႕ရွိ၍ လိြဳင္ေကာ္ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ကာ  ရင္ခြဲ စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ေဒါတခ်ရြာသားတစ္ဦးက ေဖေဖၚဝါရီလ (၁၇)ရက္ေန႔တြင္ ဝါးခုတ္သြားစဥ္ အေလာင္းအားေတြ႔ရသျဖင့္ ေက်းရြာဥကၠဌမွတစ္ဆင့္ ရဲစခန္းသို႔အေၾကာင္းၾကားလာျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာတြင္ ကားတာယာႏွင့္ ပလပ္စတစ္မ်ားကို အသံုးျပဳ၍ မီးရိွဳ႕ထားသည့္ ရုပ္အေလာင္းကို ေတြ႔ရသျဖင့္  ေဖေဖာ္၀ါရီလ (၁၈) ရက္ေန႔က  ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကာ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ ရုပ္အေလာင္းအား လက္ရိွအခ်ိန္ထိ အတည္ျပဳႏုိင္ရန္ ႀကိဳးစားေနဆဲျဖစ္ၿပီး လူေပ်ာက္ တိုင္ၾကားထားသည့္ လိြဳင္ေကာ္ၿမိဳ႕ မိုင္းလံုးရပ္ကြက္ေန မဇင္မာေထြး၏ ေဆြမ်ိဳးမ်ားကို အေၾကာင္း ၾကားထားရာ အခင္းျဖစ္ပြားရာ ေနရာသို႔ ရဲတပ္ဖြဲ႕ႏွင့္အတူ လာေရာက္ၾကည့္႐ႈခဲ့ၿပီး ေသဆုံးသူ အေလာင္းမွာ ေပ်ာက္ဆံုးေနေသာ မဇင္မာေထြး ျဖစ္ႏိုင္ေခ်႐ွိေၾကာင္း ေျပာဆိုထားသည္ဟု သိရသည္။

မဇင္မာေထြးသည္ ေဖေဖာ္၀ါရီလ (၅) ရက္ေန႔က ခင္ပြန္းျဖစ္သူႏွင့္ စကားမ်ားၿပီး Mark II အျဖဴေရာင္ကားျဖင့္ ထြက္သြားၿပီး ယခုအခ်ိန္အထိ အဆက္အသြယ္ မရေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့၊ ပါလောင်းကျေးရွာအနီးရှိ လွိုင်ကော် - ရှားတောကားလမ်းဘေးခြုံထဲတွင် မီးရှို့ထားသော အလောင်း တစ်လောင်းတွေ့ရှိ၍ လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဒေါတချရွာသားတစ်ဦးက ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ဝါးခုတ်သွားစဉ် အလောင်းအားတွေ့ရသဖြင့် ကျေးရွာဥက္ကဌမှတစ်ဆင့် ရဲစခန်းသို့အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် ကားတာယာနှင့် ပလပ်စတစ်များကို အသုံးပြု၍ မီးရှို့ထားသည့် ရုပ်အလောင်းကို တွေ့ရသဖြင့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ရုပ်အလောင်းအား လက်ရှိအချိန်ထိ အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး လူပျောက် တိုင်ကြားထားသည့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နေ မဇင်မာထွေး၏ ဆွေမျိုးများကို အကြောင်း ကြားထားရာ အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့နှင့်အတူ လာရောက်ကြည့်ရှုခဲ့ပြီး သေဆုံးသူ အလောင်းမှာ ပျောက်ဆုံးနေသော မဇင်မာထွေး ဖြစ်နိုင်ချေရှိကြောင်း ပြောဆိုထားသည်ဟု သိရသည်။

မဇင်မာထွေးသည် ဖေဖော်ဝါရီလ (၅) ရက်နေ့က ခင်ပွန်းဖြစ်သူနှင့် စကားများပြီး Mark II အဖြူရောင်ကားဖြင့် ထွက်သွားပြီး ယခုအချိန်အထိ အဆက်အသွယ် မရတော့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~