ကျိုင်းလပ်မြို့ ပန်ပဲ(အောက်)ရွာမှ အမျိုးသမီးအား လူကုန်ကူးသူတစ်ဦးအား ဖမ်းမိထားပြီး နှစ်ဦးလွတ်မြောက်နေ

ကျိုင်းလပ်မြို့ ပန်ပဲ(အောက်)ရွာမှ အမျိုးသမီးအား လူကုန်ကူးသူတစ်ဦးအား ဖမ်းမိထားပြီး နှစ်ဦးလွတ်မြောက်နေ
ဖေဖော်ဝါရီ 16, 2018
By Tachileik News Agency



အဆိုပါ အမျိုးသမီးအား မနာဟားက တာလေမြို့သို့ ခေါ်ဆောင်လာပြီး တာလေမှ  အငှားတက္ကစီဖြင့် မိုင်းဖြတ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ မိုင်းဖြတ်တွင် ကျလောဘို၏ ဇနီး နာလောဘိုက စောင့်ကြို ခေါ်ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တရုတ်အမျိုးသားထံတွင် (၉)လခန့် ဇနီးအဖြစ် နေထိုင်ခဲ့စဉ် အတွင်း အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစေခြင်းကို ခံခဲ့ရကာ ထွက်ပြေးလာနိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ လားဟူအမျိုးသားတစ်ဦး၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရမှုအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်ထားပြီး လူကုန်ကူးသူများဖြစ်သည့် မနာဟားအား ဖမ်းဆီးရမိထားသော်လည်း ကလောဘိုနှင့် နာလောဘိုတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဓါတ်ပုံ #ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲ(အောက်) ကျေးရွာမှ အမျိုးသမီးတစ်ဦးအား တစ်ရွာတည်းနေ အမျိုးသမီးက တရုတ်နိုင်ငံသို့ လိမ်လည် ရောင်းချခဲ့ သဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁) တာချီလိတ်ထံ တိုင်ကြားကြောင်း သိရသည်။

နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲ(အောက်) ကျေးရွာမှ အသက် (၂၅)နှစ်အရွယ်အမျိုးသမီးအား တစ်ရွာတည်းနေ မနာဟားဆိုသူက တရုတ်နိုင်ငံတွင် တစ်လလျှင် ယွမ်သုံးထောင်ရမည်ဟု စည်းရုံးကာ ၂၀၁၇ ခုနှစ် မတ်လက တရုတ်နိုင်ငံ၊ ဟိုတောင်းမြို့ရှိ ခေါက်ဆွဲဆိုင်တွင် တစ်လလျှင် ယွမ် (၃၀၀၀)ဖြင့် အလုပ်အတူ သွားရောက်လုပ်ကိုင်မည်ဟု ခေါ်ဆောင်သွားပြီး တရုတ်မယားအဖြစ် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား မနာဟားက တာလမြေို့သို့ ခေါ်ဆောင်လာပြီး တာလေမှ အငှါးတက္ကစီဖြင့် မိုင်းဖြတ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ မိုင်းဖြတ်တွင် ကျလောဘို၏ ဇနီး နာလောဘိုက စောင့်ကြို ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျလောဘို၏ ဆိုင်ကယ်ဖြင့်၎င်းတို့ ဇနီးမောင်နှံနှင့်အတူ မိုင်းဖြတ် - ကျိုင်းတုံ - မိုးလဲမှ တစ်ဆင့် တရုတ်နိုင်ငံအထိ သုံးယောက်သွားရောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်သူဌေးထံတွင် ယွမ် (၃၃၀၀၀)ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အမျိုးသားထံတွင် (၉)လခန့် ဇနီးအဖြစ် နေထိုင်ခဲ့စဉ် အတွင်း အဓမ္မကိုယ်ဝန်ဆောင်ခိုင်းစခြေင်းကို ခံခဲ့ရကာ ထွက်ပြေးလာနိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ လားဟူအမျိုးသားတစ်ဦး၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရမှုအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်ထားပြီး လူကုန်ကူးသူများဖြစ်သည့် မနာဟားအား ဖမ်းဆီးရမိထားသော်လည်း ကလောဘိုနှင့် နာလောဘိုတို့မှာ ထွက်ပြေးတိမ်းရှောင်နကြေကြောင်း သိရသည်။

ဓာတ်ပုံ #ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~