ကျိုင်းတုံမြို့တွင် လမ်း(၃)လမ်းအား ကျပ်သန်းပေါင်း (၁၃၀၀)ကျော်ဖြင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း စတင်
ကျိုင်းတုံမြို့တွင် လမ်း(၃)လမ်းအား ကျပ်သန်းပေါင်း (၁၃၀၀)ကျော်ဖြင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း စတင်
ဖေဖော်ဝါရီ 22, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် အဓိက လမ်း(၃)လမ်းအား ယခုနှစ် ဘတ်ဂျတ်နှစ်အကုန် သတ်မှတ်ကာလ အတွင်းအပြီး နိုင်လွန်ကတ္တရာများခင်းသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၁)ရက်နေ့က စတင်၍ လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနက သိရသည်။
ကျိုင်းတုံမြို့တွင် နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြုလုပ်မည့် အဆိုပါ လမ်း(၃)လမ်းအနက် ပထမဆုံး အနေဖြင့်  မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းအား ပထမဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ -  ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် အဓိက လမ်း(၃)လမ်းအား ယခုနှစ် ဘတ်ဂျတ်နှစ်အကုန် သတ်မှတ်ကာလ အတွင်းအပြီး နိုင်လွန်ကတ္တရာများခင်းသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၁)ရက်နေ့က စတင်၍ လုပ်ငန်းစတင်ဆောင်ရွက်နပြေီဖြစ်ကြောင်း ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနက သိရသည်။
"နိုင်လွန်ကတ္တရာကို မြို့တွင်းက လမ်း(၃)လမ်းကို အဓိကထားပြီး ခင်းမှာဖြစ်ပါတယ်။ အဲ့ထဲမှာ မိတ္ထီလာ - တောင်ကြိီး - ကျိုင်းတုံ - တာချီလိတ်လမ်း ပါမယ်၊ ကျိုင်းတုံ - မိုင်းခတ်လမ်း ပါမယ်၊ နောက်ပြီးတော့ ဘုရားကြီးကနေ လေယာဉ်ကွင်းလမ်းပါ ပါမယ်။ လမ်းခင်းတာကတော့ ဒီဘတ်ဂျတ်နှစ်အကုန် (၃)လပိုင်းအပြီး ခင်းမှာပါ။"ဟု ကျိုင်းတုံခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အဆိုပါ လမ်းများအား နိုင်လွန်ကတ္တရာလမ်းများအဖြစ် လုပ်ငန်းဆောင်ရွာတွင် ရှမ်းပြည်နယ်အစိုးရ၏ ဘတ်ဂျတ် ကျပ်သန်းပေါင်း (၁၃၀၀)ကျော်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံး ပြီးမြောက်ရန်အတွက် နေ့ဆိုင်း နှင့် ညဆိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်းပြည်နယ် အရှေ့ပိုင်းထဲမှာ နိုင်လွန်ကတ္တရာခင်းတာကို မိုင်းပျဉ်းမှာ အရင်ခင်းတာ။ အဲဒီမှာ ခင်းပြီးတော့ စက်တွေကို တွဲကား(၆)စီးလောက်နဲ့ ဒီကိုသယ်လာရတယ်။ အခုဒီမှာ စက်တွေ ဆင်ထားပြီးတော့ ဒီနေ့ စခင်းနေပါပြီ။"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်ထွန်းက ပြောသည်။
ကျိုင်းတုံမြို့တွင် နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြုလုပ်မည့် အဆိုပါ လမ်း(၃)လမ်းအနက် ပထမဆုံး အနဖြေင့် မိတ္ထီလာ - တောင်ကြိီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းအား ပထမဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~