ဒုကၡသည္စခန္းမ်ားတြင္ ေနထုိင္သူမ်ားအား ကယားျပည္နယ္တြင္း ျပန္လည္ေနရာခ်ထားေရးေဆြးေႏြး

ဒုကၡသည္စခန္းမ်ားတြင္ ေနထုိင္သူမ်ားအား ကယားျပည္နယ္တြင္း ျပန္လည္ေနရာခ်ထားေရးေဆြးေႏြး
ဖေဖော်ဝါရီ 10, 2018
By 🌸
ဒုကၡသည္စခန္းမ်ားတြင္ေနထုိင္သူမ်ားကို ကယားျပည္နယ္တြင္း ျပန္လည္ေနရာခ်ထားေရးအတြက္ ကရင္နီဒုကၡသည္မ်ား ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ ေပါင္းစည္း ေရးလုပ္ငန္းအဖြဲ႕ (KnRRRWG) က ျပည္နယ္အစိုးရအဖြဲ႕အား လိြဳင္ေကာ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၉)ရက္ေန႔က လာေရာက္ေတြ႔ဆံုေဆြးေႏြးေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕သည္ ကယားျပည္နယ္တြင္း ျပန္လည္ေနရာခ်ထားေရးအတြက္ ျပည္နယ္အစိုးရအား လာေရာက္ေတြ႔ဆံုသည့္ ေလးခုေျမာက္အဖြဲ႕ျဖစ္ၿပီး UNHCR ကလည္း ျပန္လည္ေနရာခ်ထားေရးအတြက္ ျပည္နယ္အစိုးရႏွင့္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ကရင္နီဒုကၡသည္မ်ား ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ ေပါင္းစည္း ေရးလုပ္ငန္းအဖြဲ႕ (KnRRRWG)က ေနရပ္ျပန္လာမည့္သူမ်ားအတြက္ ေဆာင္ရြက္ေပးႏုိင္မည့္ အေျခအေန၊ ပညာေရး၊ က်န္းမာေရး၊ စား၀တ္ေနေရး၊ အလုပ္အကုိင္အခြင့္အလမ္းမ်ားႏွင့္ပတ္သက္ၿပီး ျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပေဆြးေႏြးရာ ျပည္လည္ေနထုိင္လိုသူမ်ားအား ဥပေဒ၊ မူေဘာင္မ်ားႏွင့္အညီ ႏုိင္ငံသားတစ္ေယာက္၏ အခြင့္အေရး အျပည့္အ၀ ရရွိေရးကို အစိုးရအေနျဖင့္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက ေဆြးေႏြးေၾကာင္း သိရသည္။

ျပည္နယ္အတြင္း ျပန္လည္ေနထိုင္မည့္သူမ်ားအတြက္ လိုအပ္သည္မ်ား ေဆာင္ရြက္ေပးႏုိင္ရန္ ျပန္ေရာက္လာမည့္ အေရအတြက္ႏွင့္ ေနရပ္တို႔အား တင္ျပရန္ ေဆြးေႏြးထားေၾကာင္း သိရသည္။

အဆိုပါေတြ႔ဆံုေဆြးေႏြးပြဲသို႔ ကယားျပည္နယ္ အစုိးရအဖြဲ႕၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ျပည္နယ္ ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္ႏွင့္ ဌာန ဆုိင္ရာတာ၀န္ရွိသူမ်ား တက္ေရာက္ၾကၿပီး ေနရပ္ျပန္ကိစၥႏွင့္ပတ္သက္၍ ဌာနဆိုင္ရာအလိုက္ ေဖာ္ေဆာင္ေနသည့္ လုပ္ထုံးလုပ္နည္း မ်ား၊ ကူညီေဆာင္ရြက္ေပးႏုိင္မည့္ အစီအမံမ်ား၊ အခက္အခဲရွိပါက ေျဖရွင္း ေဆာင္ရြက္ႏုိင္သည့္ အေျခအေနမ်ား၊ ေဆာင္ရြက္ေပးႏုိင္သည့္ လုပ္ငန္းစဥ္မ်ားအား အသီးသီး ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ဓါတ္ပံု #ျပည္နယ္အစိုးရ

~~~~~~~~⊰❂ unicode ~~~~~~~~
ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား ကယားပြည်နယ်တွင်း ပြန်လည်နေရာချထားရေးဆွေးနွေး
****************
ဒုက္ခသည်စခန်းများတွင်နေထိုင်သူများကို ကယားပြည်နယ်တွင်း ပြန်လည်နေရာချထားရေးအတွက် ကရင်နီဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ပေါင်းစည်း ရေးလုပ်ငန်းအဖွဲ့ (KnRRRWG) က ပြည်နယ်အစိုးရအဖွဲ့အား လွိုင်ကော်မြို့တွင် ဖေဖေါ်ဝါရီလ (၉)ရက်နေ့က လာရောက်တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ကယားပြည်နယ်တွင်း ပြန်လည်နေရာချထားရေးအတွက် ပြည်နယ်အစိုးရအား လာရောက်တွေ့ဆုံသည့် လေးခုမြောက်အဖွဲ့ဖြစ်ပြီး UNHCR ကလည်း ပြန်လည်နေရာချထားရေးအတွက် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကရင်နီဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ပေါင်းစည်း ရေးလုပ်ငန်းအဖွဲ့ (KnRRRWG)က နေရပ်ပြန်လာမည့်သူများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြဆွေးနွေးရာ ပြည်လည်နေထိုင်လိုသူများအား ဥပဒေ၊ မူဘောင်များနှင့်အညီ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး အပြည့်အဝ ရရှိရေးကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဆွေးနွေးကြောင်း သိရသည်။

ပြည်နယ်အတွင်း ပြန်လည်နေထိုင်မည့်သူများအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ပြန်ရောက်လာမည့် အရေအတွက်နှင့် နေရပ်တို့အား တင်ပြရန် ဆွေးနွေးထားကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နေရပ်ပြန်ကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာအလိုက် ဖော်ဆောင်နေသည့် လုပ်ထုံးလုပ်နည်း များ၊ ကူညီဆောင်ရွက်ပေးနိုင်မည့် အစီအမံများ၊ အခက်အခဲရှိပါက ဖြေရှင်း ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~