မန္လံုရြာမွွ စစ္ေဘးေရွာင္မ်ား တစ္ႏွစ္ၾကာသည္အထိ ေနရပ္မျပန္ႏုိင္ေသးဘဲ စားနပ္ရိကၡာလိုအပ္ခ်က္ရိွေနဆဲ

မန္လံုရြာမွွ စစ္ေဘးေရွာင္မ်ား တစ္ႏွစ္ၾကာသည္အထိ ေနရပ္မျပန္ႏုိင္ေသးဘဲ စားနပ္ရိကၡာလိုအပ္ခ်က္ရိွေနဆဲ
ဖေဖော်ဝါရီ 14, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ အမွတ္(၆)ရပ္ကြက္ရွိ KBC (2) စစ္ေဘးေရွာင္စခန္းတြင္ ခိုလံႈေနသည့္ ေကာင္းလိန္ေက်းရြာအုပ္စု မန္လံုေက်းရြာမွ စစ္ေဘးေရွာင္အိမ္ေထာင္စု(၃၆)စုမွ လူဦးေရ (၁၄၅)ဦး မွာ တစ္ႏွစ္ၾကာသည့္တုိင္ ေနရပ္သို႔မျပန္ႏိုင္ေသးသျဖင့္ စားနပ္ရိကၡာလိုအပ္ခ်က္ရိွေနဆဲျဖစ္ေၾကာင္း စစ္ေဘးေရွာင္စခန္းတာဝန္ခံထံမွ သိရသည္။

 “ရြာအဝင္နားမွာစစ္တပ္ရွိတယ္။ အဲဒီအခ်ိန္တုန္းက တိုက္ပြဲေတြျဖစ္ႏိုင္ေခ်ရွိတယ္ဆိုၿပီး စစ္တပ္ကအရာရွိေတြ က ေဒသခံေတြကို တိမ္းေရွာင္ဖို႔ရာ လာအသိေပးတဲ့အတြက္ ကၽြန္မတို႔ထြက္ေျပးလာတာ။ ရြာမွာျပန္သြားေနဖို႔ ခဏခဏသြားၾကည့္ေပမဲ့ အခုထိျပန္ေနလို႔မရေသးဘူး။ အိမ္ေတြ၊ လယ္ေတြ၊ ကၽြဲႏြားေတြလည္း ဒီတိုင္းပဲ ထားခဲ့ရတယ္ ” ဟု မန္လံုေက်းရြာေဒသခံျဖစ္သည့္ အသက္ (၃၄)ႏွစ္ရွိ မဂ်ာတြန္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕မွ (၁၃) မိုင္ခန္႔ေဝးကြာသည့္ ေကာင္းလိန္ေက်းရြာအုပ္စု မန္လံုေက်းရြာမွ စစ္ေဘးေရွာင္မ်ားမွာ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၂၀)ရက္ေန႔မွစ၍ ကြတ္ခိုင္ၿမိဳ႕ အမွတ္(၆)ရပ္ကြက္ရွိ ခရစ္ယာန္ ဘုရားေက်ာင္းဝန္းအတြင္း ခိုလံႈေနၾကရၿပီး ၎တို႔ေနရပ္မွ ေနအိမ္ႏွင့္ စိုက္ပ်ိဳးခင္းမ်ား၊ ကၽြဲႏြားမ်ားကို တစ္ပတ္လ်ွင္ တစ္ႀကိမ္ခန္႔ သြားေရာက္ၾကည့္ရႈေနရေသာ္လည္း ျပန္လည္အေျခခ် ေနထုိင္ႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

“ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဌာနေတြကေနေတာ့ လာၿပီး ၾကည့္ရႈတာ၊ ေထာက္ပံ့တာေတြရွိပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ မိခင္နဲ႔ကေလး က်န္းမာေရး ေစာင့္ေရွာက္မႈကေန တစ္ေယာက္ရွိတယ္။ ဒါေပမဲ့ စခန္းမွာ အထိုင္လာေပးတာေတာ့ မရွိေသးဘူး။ တစ္ခုခု ဆိုးတာျဖစ္လာရင္ေတာ့ ေဆးရံုကိုေျပးရတယ္ ” ဟု စစ္ေဘးေရွာင္စခန္း တာဝန္ခံျဖစ္သည့္ ဆရာမဘီေဘာက္ေထာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စစ္ေဘးေရွာင္မ်ားစတင္ေရာက္ရွိစဥ္ကတည္းက ေသာက္သံုးေရအခက္အခဲရွိခဲ့ၿပီး အဝီစိေရတြင္းတူးႏိုင္ရန္ ႀကိဳးစားခဲ့ရာ မၾကာမီစတင္အသံုးျပဳႏုိင္ေတာ့မည္ျဖစ္ၿပီး လွ်ပ္စစ္မီးအသံုး ျပဳရန္အတြက္လည္း သက္ဆိုင္ရာသို႔ တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။

စခန္းရွိလူဦးေရ (၁၄၅)ဦးအတြက္ တစ္ဦးလ်ွင္တစ္ရက္ စားေသာက္မႈကုန္က်စရိတ္ က်ပ္ (၃၀၀၀)ခန္႔ရွိၿပီး ဆန္ႏွင့္ စားနပ္ရိကၡာလိုအပ္ခ်က္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

စစ္ေဘးေရွာင္မ်ားတြင္ပါဝင္လာသည့္ ေက်ာင္းေနအရြယ္မ်ားတြင္ မူလတန္းအရြယ္ (၄၀)ဦးရွိၿပီး စခန္းႏွင့္ အနီးတစ္ဝိုက္ရွိ အေျခခံပညာသင္ေက်ာင္းမ်ားတြင္ တက္ေရာက္ေနၿပီး အလယ္တန္းႏွင့္ အထက္တန္းအဆင့္မ်ားမွာ ကြတ္ခိုင္ၿမိဳ႕ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းတြင္ အပ္ႏွံသင္ၾကားထားေၾကာင္း သိရသည္။

“ဘာေတာင္းဆိုခ်င္လည္းဆိုရင္ေတာ့ ရြာမွာပဲေအးေအးခ်မ္းခ်မ္းနဲ႔လုပ္ကိုင္စားေသာက္ၿပီး ျပန္ေနခ်င္တယ္။ ကိုယ့္ေနရာကိုပစ္ထားၿပီး ဒီမွာလာေနရတာ လြတ္လပ္မႈ၊ လံုေလာက္မႈမရွိဘူးေလ။ ရြာမွာျပန္ေနရတာေတာ့ အေကာင္းဆံုးျဖစ္မွာပါ။ တိုက္ပြဲေတြျမန္ျမန္ၿပီးပါေစ။ ျမန္ျမန္ေအးခ်မ္းပါေစလို႔ပဲ ဆုေတာင္းပါတယ္” ဟု အသက္ (၆၆)ႏွစ္အရြယ္ ေဒၚမဂ်ီေတာန္က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕အတြင္း စစ္ေဘးေရွာင္စခန္း(၅)ခုရိွေနၿပီး ကြတ္ခိုင္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ စစ္ေဘးေရွာင္စခန္း (၁၂)ခုရွိေနေၾကာင္း KBC 2 စခန္းတာဝန္ခံထံမွ သိရသည္။

စစ္ေဘးေရွာင္စခန္းသို႔ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ဖုန္းနံပါတ္ ၀၉ ၄၀၃၇၁၁၃၈၂ သို႔ ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မန်လုံရွာမှှ စစ်ဘေးရှောင်များ တစ်နှစ်ကြာသည်အထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာလိုအပ်ချက်ရှိနေဆဲ
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ အမှတ်(၆)ရပ်ကွက်ရှိ KBC (2) စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ကောင်းလိန်ကျေးရွာအုပ်စု မန်လုံကျေးရွာမှ စစ်ဘေးရှောင်အိမ်ထောင်စု(၃၆)စုမှ လူဦးရေ (၁၄၅)ဦး မှာ တစ်နှစ်ကြာသည့်တိုင် နေရပ်သို့မပြန်နိုင်သေးသဖြင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံထံမှ သိရသည်။

 “ရွာအဝင်နားမှာစစ်တပ်ရှိတယ်။ အဲဒီအချိန်တုန်းက တိုက်ပွဲတွေဖြစ်နိုင်ချေရှိတယ်ဆိုပြီး စစ်တပ်ကအရာရှိတွေ က ဒေသခံတွေကို တိမ်းရှောင်ဖို့ရာ လာအသိပေးတဲ့အတွက် ကျွန်မတို့ထွက်ပြေးလာတာ။ ရွာမှာပြန်သွားနေဖို့ ခဏခဏသွားကြည့်ပေမဲ့ အခုထိပြန်နေလို့မရသေးဘူး။ အိမ်တွေ၊ လယ်တွေ၊ ကျွဲနွားတွေလည်း ဒီတိုင်းပဲ ထားခဲ့ရတယ် ” ဟု မန်လုံကျေးရွာဒေသခံဖြစ်သည့် အသက် (၃၄)နှစ်ရှိ မဂျာတွန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်မြို့မှ (၁၃) မိုင်ခန့်ဝေးကွာသည့် ကောင်းလိန်ကျေးရွာအုပ်စု မန်လုံကျေးရွာမှ စစ်ဘေးရှောင်များမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့မှစ၍ ကွတ်ခိုင်မြို့ အမှတ်(၆)ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားကျောင်းဝန်းအတွင်း ခိုလှုံနေကြရပြီး ၎င်းတို့နေရပ်မှ နေအိမ်နှင့် စိုက်ပျိုးခင်းများ၊ ကျွဲနွားများကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် သွားရောက်ကြည့်ရှုနေရသော်လည်း ပြန်လည်အခြေချ နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနတွေကနေတော့ လာပြီး ကြည့်ရှုတာ၊ ထောက်ပံ့တာတွေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိခင်နဲ့ကလေး ကျန်းမာရေး စောင့်ရှောက်မှုကနေ တစ်ယောက်ရှိတယ်။ ဒါပေမဲ့ စခန်းမှာ အထိုင်လာပေးတာတော့ မရှိသေးဘူး။ တစ်ခုခု ဆိုးတာဖြစ်လာရင်တော့ ဆေးရုံကိုပြေးရတယ် ” ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံဖြစ်သည့် ဆရာမဘီဘောက်ထောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဘေးရှောင်များစတင်ရောက်ရှိစဉ်ကတည်းက သောက်သုံးရေအခက်အခဲရှိခဲ့ပြီး အဝီစိရေတွင်းတူးနိုင်ရန် ကြိုးစားခဲ့ရာ မကြာမီစတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး လျှပ်စစ်မီးအသုံး ပြုရန်အတွက်လည်း သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

စခန်းရှိလူဦးရေ (၁၄၅)ဦးအတွက် တစ်ဦးလျှင်တစ်ရက် စားသောက်မှုကုန်ကျစရိတ် ကျပ် (၃၀၀၀)ခန့်ရှိပြီး ဆန်နှင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များတွင်ပါဝင်လာသည့် ကျောင်းနေအရွယ်များတွင် မူလတန်းအရွယ် (၄၀)ဦးရှိပြီး စခန်းနှင့် အနီးတစ်ဝိုက်ရှိ အခြေခံပညာသင်ကျောင်းများတွင် တက်ရောက်နေပြီး အလယ်တန်းနှင့် အထက်တန်းအဆင့်များမှာ ကွတ်ခိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အပ်နှံသင်ကြားထားကြောင်း သိရသည်။

“ဘာတောင်းဆိုချင်လည်းဆိုရင်တော့ ရွာမှာပဲအေးအေးချမ်းချမ်းနဲ့လုပ်ကိုင်စားသောက်ပြီး ပြန်နေချင်တယ်။ ကိုယ့်နေရာကိုပစ်ထားပြီး ဒီမှာလာနေရတာ လွတ်လပ်မှု၊ လုံလောက်မှုမရှိဘူးလေ။ ရွာမှာပြန်နေရတာတော့ အကောင်းဆုံးဖြစ်မှာပါ။ တိုက်ပွဲတွေမြန်မြန်ပြီးပါစေ။ မြန်မြန်အေးချမ်းပါစေလို့ပဲ ဆုတောင်းပါတယ်” ဟု အသက် (၆၆)နှစ်အရွယ် ဒေါ်မဂျီတောန်က ပြောသည်။

ကွတ်ခိုင်မြို့အတွင်း စစ်ဘေးရှောင်စခန်း(၅)ခုရှိနေပြီး ကွတ်ခိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ဘေးရှောင်စခန်း (၁၂)ခုရှိနေကြောင်း KBC 2 စခန်းတာဝန်ခံထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းသို့ လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉ ၄၀၃၇၁၁၃၈၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~