ျမန္မာ့တပ္မေတာ္ႏွင့္ တရုတ္ႏုိင္ငံတြင္ ေတြ႔ဆံုေဆြးေႏြးပြဲႏွင့္ပတ္သက္၍ KIO က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္

ျမန္မာ့တပ္မေတာ္ႏွင့္ တရုတ္ႏုိင္ငံတြင္ ေတြ႔ဆံုေဆြးေႏြးပြဲႏွင့္ပတ္သက္၍ KIO က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္
ဖေဖော်ဝါရီ 8, 2018
By 🌸
ျမန္မာ့တပ္မေတာ္၏ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ KIO ဗဟိုေကာ္မတီအဖြဲ႕တို႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ တာလီၿမိဳ႕၌ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔က ေတြ႕ဆံုမႈႏွင့္ပတ္သက္၍ KIO ဗဟိုေကာ္မတီက ေဖေဖၚဝါရီလ (၈)ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ထားသည္။

အဆုိပါ ေတြ႔ဆံုေဆြးေႏြးပြဲသည္ ျမန္မာ့တပ္မေတာ္ႏွင့္ KIO ဗဟိုတို႔ သီးျခားေတြ႕ဆံုသည့္ ပထမဆံုး ေဆြးေႏြးပြဲျဖစ္ၿပီး အဆိုပါ ေတြ႕ဆံုေဆြးေႏြးပြဲတြင္ ႏွစ္ဦးႏွစ္ဖက္ ကတိကဝတ္ျပဳသည့္ သေဘာတူညီမႈ တစ္စံုတစ္ရာ မရရွိခဲ့ေသာ္လည္း ထပ္မံေတြ႕ဆံုေဆြးေႏြးသြားၾကရန္ ႏွစ္ဖက္စလံုးက သေဘာဆႏၵရွိေၾကာင္း ေျပာဆိုခဲ့ၾကပါသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ အာရွေရးရာအထူးသံတမန္၏ ၾကားဝင္ေစ့စပ္ကူညီေဆာင္ရြက္ေပးမႈျဖင့္ ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ကိုယ္စား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ KIO ဗဟိုေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လ ဦးေဆာင္သည့္ ဗဟိုေကာ္မတီဝင္မ်ားအဖြဲ႕တို႔ ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲတြင္ ျမန္မာ့တပ္မေတာ္ဘက္က  KIA တပ္ရင္း(၁၄)ဌာနခ်ဳပ္အပါအဝင္ KIA တပ္စခန္းမ်ား ဖယ္ရွားေပးရန္ႏွင့္ အခ်ဳိ႕ေသာ KIA တပ္မဟာမ်ားတည္ရွိမႈကို အသိအမွတ္မျပဳႏိုင္ေၾကာင္း ေဆြးေႏြးခဲ့ၿပီး KIO အဖြဲ႕က ယခုလက္ရွိျဖစ္ပြားေနေသာ တိုက္ပြဲမ်ားကိစၥအပါအဝင္ ေဒသတည္ၿငိမ္ေရး၊ တိုက္ပြဲမ်ားေလွ်ာ့ခ်ေရး၊ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ရာတြင္ အားလံုးပါဝင္ေရးႏွင့္ ပင္လံုစာခ်ဳပ္ ပင္လံုကတိကဝတ္ႏွင့္အညီ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။

သတင္း #အင္မုိင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ့တပ်မတော်နှင့် တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ KIO က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်
**************
မြန်မာ့တပ်မတော်၏ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဗဟိုကော်မတီအဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့၌ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က တွေ့ဆုံမှုနှင့်ပတ်သက်၍ KIO ဗဟိုကော်မတီက ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် မြန်မာ့တပ်မတော်နှင့် KIO ဗဟိုတို့ သီးခြားတွေ့ဆုံသည့် ပထမဆုံး ဆွေးနွေးပွဲဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုသည့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ထပ်မံတွေ့ဆုံဆွေးနွေးသွားကြရန် နှစ်ဖက်စလုံးက သဘောဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြပါသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာအထူးသံတမန်၏ ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များအဖွဲ့တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်ဘက်က  KIA တပ်ရင်း(၁၄)ဌာနချုပ်အပါအဝင် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာများတည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး KIO အဖွဲ့က ယခုလက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကိစ္စအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများလျှော့ချရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ပင်လုံကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~