ခရီးသည္​တင္​ယာဥ္​တစ္​စီး​ျဖင့္ တရားမဝင္ တင္ေဆာင္လာသည့္ ခဲသတၱဳမ်ား ဖမ္​းဆီးရမိ

ခရီးသည္​တင္​ယာဥ္​တစ္​စီး​ျဖင့္ တရားမဝင္ တင္ေဆာင္လာသည့္ ခဲသတၱဳမ်ား ဖမ္​းဆီးရမိ
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency

ခဲသတၱဳမ်ား တရားမဝင္​ တင္​​ေဆာင္​လာ​ေသာ ခရီးသည္​တင္​မွန္​လုံယဥ္​တစ္​စ​ီးအား ကယားျပည္နယ္၊ လိြဳင္​​ေကာ္​ၿမိဳ႕ ၊ မိုင္​းလုံးရပ္​ကြက္​ မိုင္​းလုံး​ေဈး​ေ႐ွ႕တြင္​  ​ေဖ​ေဖာ္​ဝါရီလ ၂၄ ရက္​​ေန႔က ဖမ္​းဆီး ရမိေၾကာင္​း သိရသည္​။

​လိြဳင္​​ေကာ္​မွ ​ေတာင္​ငူသို႔​ ေျပးဆြဲ​ေန​ေသာ လြန္​​ေဒါန ခရီးသည္​တင္ မွန္​လုံယာဥ္​​ေပၚတြင္​ တရားမဝင္​ ခဲသတၱဳမ်ား တင္​​ေဆာင္​လာ​ေၾကာင္​း သတင္​း​ေပးခ်က္​အရ သက္​ဆိုင္​ရာ တာဝန္​႐ွိသူမ်ားမွ သြား​ေရာက္​ စစ္​​ေဆး ဖမ္​းဆီးခဲ့ျခင္​း ျဖစ္​သည္​။

တာဝန္​႐ွိသူမ်ားမွ စစ္​​ေဆးရာတြင္​ ယဥ္​​ေမာင္​းသူ၏ ထိုင္​ခုံ အ​ေနာက္​ အံဖုံးထဲ၌ ဝွက္​၍ သယ္​​ေဆာင္​လာ​ေသာ ခဲသတၱဳ (၂၆) အိတ္၊ ပိသာခ်ိန္​ (၅၀၀) ​ေက်ာ္​အား​ ေတြ႔႐ွိရျခင္းျဖစ္သျဖင့္ ယာဥ္​​ေမာင္​း၊ ယာဥ္​​ေနာက္​လိုက္​ႏွင္​့ ကားဂိတ္​မွဴးတို႔အား လိြဳင္​​ေကာ္​ ၿမိဳ႕မရဲစခန္​တြင္ ဖမ္​းဆီးစစ္​​ေဆးေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု #Aung ning



~~~~~~~~⊰❂ unicode ~~~~~~~~

ခဲသတ္တုများ တရားမဝင်​ တင်​​ဆောင်​လာ​သော ခရီးသည်​တင်​မှန်​လုံယဉ်​တစ်​စ​ီးအား ကယားပြည်နယ်၊ လွိုင်​​ကော်​မြို့၊ မိုင်​းလုံးရပ်​ကွက်​ မိုင်​းလုံး​ဈေး​ရှေ့တွင်​ ​ဖေ​ဖော်​ဝါရီလ ၂၄ ရက်​​နေ့က ဖမ်​းဆီး ရမိကြောင်​း သိရသည်​။

​လွိုင်​​ကော်​မှ ​တောင်​ငူသို့​ ပြေးဆွဲ​နေ​သော လွန်​​ဒေါန ခရီးသည်​တင် မှန်​လုံယာဉ်​​ပေါ်တွင်​ တရားမဝင်​ ခဲသတ္တုများ တင်​​ဆောင်​လာ​ကြောင်​း သတင်​း​ပေးချက်​အရ သက်​ဆိုင်​ရာ တာဝန်​ရှိသူများမှ သွား​ရောက်​ စစ်​​ဆေး ဖမ်​းဆီးခဲ့ခြင်​း ဖြစ်​သည်​။

တာဝန်​ရှိသူများမှ စစ်​​ဆေးရာတွင်​ ယဉ်​​မောင်​းသူ၏ ထိုင်​ခုံ အ​နောက်​ အံဖုံးထဲ၌ ဝှက်​၍ သယ်​​ဆောင်​လာ​သော ခဲသတ္တု (၂၆) အိတ်၊ ပိသာချိန်​ (၅၀၀) ​ကျော်​အား​ တွေ့ရှိရခြင်းဖြစ်သဖြင့် ယာဉ်​​မောင်​း၊ ယာဉ်​​နောက်​လိုက်​နှင်​့ ကားဂိတ်​မှူးတို့အား လွိုင်​​ကော်​ မြို့မရဲစခန်​တွင် ဖမ်​းဆီးစစ်​​ဆေးနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #Aung ning

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~