တာခ်ီလိတ္ၿမိဳ႕ ေမဖလား၀ါးကြင္း အတြင္း လမ္းခင္းမည့္ ကိစၥႏွင့္ပတ္သက္၍ ကန္႔ကြက္သူမ်ားရွိလာ၍ သက္ဆိုင္ရာဌာနက ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းတိုင္းတာ စစ္ေဆး

တာခ်ီလိတ္ၿမိဳ႕ ေမဖလား၀ါးကြင္း အတြင္း လမ္းခင္းမည့္ ကိစၥႏွင့္ပတ္သက္၍ ကန္႔ကြက္သူမ်ားရွိလာ၍ သက္ဆိုင္ရာဌာနက ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းတိုင္းတာ စစ္ေဆး
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္း အတြင္းရွိ ရန္ႀကီးေအာင္လမ္း ႏွင့္ ကံ့ေကာ္လမ္း တို႔တြင္ ေပ(၂၅၀)ေက်ာ္ရွိသည့္ လမ္း(၃)လမ္းႏွင့္ ေပ(၄၀၀)ေက်ာ္ရွိသည့္ လမ္းတို႔အား ခင္းရန္ အတြက္ ျပဳလုပ္ေနျခင္းႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီမွ ကြင္းစစ္ေဆးေရး အဖြဲ႔ ဖြဲ႔စည္းကာ တိုင္းတာ စစ္ေဆးမႈမ်ား အျဖစ္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ နံနက္(၈)နာရီ အခ်ိန္က ျပဳလုပ္ေၾကာင္း သိရသည္။

"ၿမိဳ႕နယ္ကေနၿပီး စည္ပင္၊ ဆည္ေျမာင္း၊ ေျမစာရင္း နဲ႔ ရပ္ကြက္ ပါတဲ့ အဖြဲ႔ကို ကြင္းဆင္း စစ္ေဆးေရးအဖြဲ႔ အျဖစ္ ဖြဲ႔စည္းေပးၿပီးေနာက္ အခုလို တိုင္းတာ စစ္ေဆးတာျဖစ္ပါတယ္၊ တိုင္းတာစစ္ေဆးၿပီးရင္ ျပန္လည္ တင္ျပၿပီးတဲ့ေနာက္ လမ္းအနီး ေနသူေတြရယ္၊ ဟိုတယ္ပိုင္ရွင္ရယ္၊ ေကာ္မတီရယ္ ေတြ႔ဆံု ညႇိႏႈိင္း ေဆြးေႏြးဖို႔ အတြက္ ရက္သတ္မွတ္မွာပါ၊ အဲ့ဒီအခါၾကရင္ ေတြ႔ဆံုေဆြးေႏြးလို႔ရပါမယ္၊ ေလာေလာ ဆယ္မွာေတာ့ လမ္းကို ဆက္မလုပ္ဖို႔ ဆိုင္းငံ့ ခိုင္းထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ လက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလာပါက ယခင္ႏွစ္မ်ားထက္ လြန္ကဲစြာ မျဖစ္ႏိုင္ရန္ စည္ပင္သာယာေရးဌာနမွ သတ္မွတ္ေပးထားသည့္ အတိုင္းခင္းရန္ ညႊန္ၾကားေပးထားျခင္းျဖစ္ၿပီး လမ္းခင္းမည့္ ေနရာႏွင့္ နီးသည့္ ျမလင္းပြင့္ မိုတယ္မွ ခင္းထားသည့္ လမ္းထက္ မျမင့္ဘဲ (၄)လက္မ နွိမ့္၍ ခင္းသြားမည္ျဖစ္ေၾကာင္းႏွင့္ ဟိုတယ္သစ္အနီး ရန္ႀကီးေအာင္ လမ္း ႏွင့္ ကံ့ေကာ္လမ္းတို႔ရွိ လမ္းၾကား(၃)လမ္း ႏွင့္ ေပ(၄၀၀)ေက်ာ္ရွိသည့္ လမ္းရွည္တစ္ခုတို႔အား သတ္မွတ္ခ်က္အတိုင္းခင္းသြားရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သတ္မွတ္ေပးထားေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ စစ္ေဆး တိုင္းတာမႈမ်ား ျပဳလုပ္ရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးစိုင္းေအာင္လင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ ဆည္ေျမာင္းဦးစီးဌာနမွ ဦးစီးမွဴး ေဒၚလွလွခိုင္၊ မကာဟိုခမ္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းခမ္းဟိန္း ႏွင့္ တာ၀န္ရွိသူမ်ား ပါ၀င္ခဲ့ၾကၿပီး ၿမိဳ႕မိၿမိဳ႕ဖ ဦးျမင့္ဦးႏွင့္ ရပ္မိရပ္ဖမ်ားမွလည္း လာေရာက္ ၾကည့္ရႈၾကေၾကာင္း သိရသည္။

အဆိုပါ လမ္းအား စည္ပင္သာယာေရးဌာနက သတ္မွတ္ထားသည့္အတိုင္း ခင္းသြားမည္ျဖစ္ၿပီး အမ်ားသေဘာတူမွသာ ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္လည္း မိုင္းကိုးေဆးျဖတ္စခန္းအတြက္ စက္ဘီးစီးအဖြဲ႔နဲ႔အတူ ရန္ပံုေငြရွာေဖြေရး ခရီးစဥ္အျဖစ္ ပူတာအိုအထိ လိုက္သြားခ်ိန္မွာ ေနာက္ပိုင္းကို ဖုန္းထဲကေနပဲ လွမ္းေျပာရေတာ့ ကြဲလြဲသြားၿပီး လမ္းခင္းထားတာဟာ အမ်ားစိုးရိမ္သလို ပလက္ေဖာင္းအထိ ျဖစ္သြားတာေၾကာင့္ ကြ်န္ေတာ္တို႔ ျပန္ျပင္သြားမွာပါ။ အားလံုးစိုးရိမ္ေနသလိုမ်ဳိး လုပ္သြားမွာ မဟုတ္ပါဘူး။ စည္ပင္က ညႊန္ၾကား သတ္မွတ္ ေပးထားတဲ့ အတိုင္းပဲ ခင္းသြားမွာပါ။ အခုလက္ရွိ အနီးဆံုးျဖစ္တဲ့ ျမလင္းပြင့္ မိုတယ္ လမ္းထက္ေတာင္ မျမင့္ဘဲ (၄)လက္မႏွိမ့္ၿပီး အဲ့ဒီအထိ ခင္းေပးသြားမွာပါ။ ကြ်န္ေတာ္တို႔ သေဘာအတိုင္း မလုပ္ပါဘူး။ သတ္မွတ္ေပးထားတဲ့ သတ္မွတ္ခ်က္မ်ားနဲ႔အညီပဲ လုပ္ေပးသြားမွာပါ။ ေလာေလာဆယ္ ဆိုင္းငံ့ ထားပါတယ္။ အားလံုးနဲ႔ ေတြ႔ဆံုေဆြးေႏြးညႇိႏႈိင္းၿပီး အမ်ားသေဘာတူမွသာ ဆက္လက္ လုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္"ဟု ဟိုတယ္ ပိုင္ရွင္ ကိုေဂ်ာ္နီက ေျပာသည္။

လက္ရွိတြင္ အဆိုပါ လမ္းမ်ား၌ လမ္းခင္းျခင္း ျပဳလုပ္မည္ကို ေထာက္ခံသူမ်ား ႏွင့္ ကန္႔ကြက္ေနသူမ်ား ရွိေနၾကရာ ကန္႔ကြက္သူမ်ားထဲတြင္ အမွန္တကယ္ စိုးရိမ္၍ ကန္႔ကြက္သူမ်ားႏွင့္ စည္းရံုးမႈေၾကာင့္ ကန္႔ကြက္သူမ်ားလည္း ရွိသည့္အတြက္ မလိုလားအပ္သည္မ်ား မျဖစ္ေစရန္ ယင္းကိစၥႏွင့္ ပတ္သက္၍ သက္ဆိုင္ရာဌာနမ်ားက ကန္႔ကြက္သူ၊ ေထာက္ခံသူမ်ားႏွင့္ လမ္းခင္းေပးမည့္သူ အပါအ၀င္ သံုးပြင့္ဆိုင္ ေတြ႔ဆံုေဆြးေႏြး ညႇိႏႈိင္းမႈကို မၾကာမီျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း အတွင်းရှိ ရန်ကြီးအောင်လမ်း နှင့် ကံ့ကော်လမ်းတို့တွင်  ပေ(၂၅၀)ကျော်ရှိသည့် လမ်း(၃)လမ်းနှင့် ပေ(၄၀၀)ကျော်ရှိသည့် လမ်းတို့အား ခင်းရန် အတွက် ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကွင်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ တိုင်းတာ စစ်ဆေးမှုများ အဖြစ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ကြောင်း သိရသည်။

"မြို့နယ်ကနေပြီး စည်ပင်၊ ဆည်မြောင်း၊ မြေစာရင်း နဲ့ ရပ်ကွက် ပါတဲ့ အဖွဲ့ကို ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ အဖြစ် ဖွဲ့စည်းပေးပြီးနောက် အခုလို တိုင်းတာ စစ်ဆေးတာဖြစ်ပါတယ်၊ တိုင်းတာစစ်ဆေးပြီးရင် ပြန်လည် တင်ပြပြီးတဲ့နောက်  လမ်းအနီး နေသူတွေရယ်၊ ဟိုတယ်ပိုင်ရှင်ရယ်၊ ကော်မတီရယ် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးဖို့ အတွက် ရက်သတ်မှတ်မှာပါ၊ အဲ့ဒီအခါကြရင် တွေ့ဆုံဆွေးနွေးလို့ရပါမယ်၊ လောလော ဆယ်မှာတော့ လမ်းကို ဆက်မလုပ်ဖို့ ဆိုင်းငံ့ ခိုင်းထားပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ယခင်နှစ်များထက် လွန်ကဲစွာ မဖြစ်နိုင်ရန် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ပေးထားသည့် အတိုင်းခင်းရန် ညွှန်ကြားပေးထားခြင်းဖြစ်ပြီး လမ်းခင်းမည့် နေရာနှင့် နီးသည့် မြလင်းပွင့် မိုတယ်မှ ခင်းထားသည့် လမ်းထက် မမြင့်ဘဲ (၄)လက်မ နှိမ့်၍ ခင်းသွားမည်ဖြစ်ကြောင်းနှင့် ဟိုတယ်သစ်အနီး ရန်ကြီးအောင် လမ်း နှင့် ကံ့ကော်လမ်းတို့ရှိ လမ်းကြား(၃)လမ်း နှင့် ပေ(၄၀၀)ကျော်ရှိသည့် လမ်းရှည်တစ်ခုတို့အား သတ်မှတ်ချက်အတိုင်းခင်းသွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ သတ်မှတ်ပေးထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေး တိုင်းတာမှုများ ပြုလုပ်ရာတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်း၊ တာချီလိတ်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှလှခိုင်၊ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်း နှင့် တာဝန်ရှိသူများ ပါ၀င်ခဲ့ကြပြီး မြို့မိမြို့ဖ ဦးမြင့်ဦးနှင့် ရပ်မိရပ်ဖများမှလည်း လာရောက် ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ လမ်းအား စည်ပင်သာယာရေးဌာနက သတ်မှတ်ထားသည့်အတိုင်း ခင်းသွားမည်ဖြစ်ပြီး အများသဘောတူမှသာ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်လည်း မိုင်းကိုးဆေးဖြတ်စခန်းအတွက် စက်ဘီးစီးအဖွဲ့နဲ့အတူ ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အဖြစ် ပူတာအိုအထိ လိုက်သွားချိန်မှာ နောက်ပိုင်းကို ဖုန်းထဲကနေပဲ လှမ်းပြောရတော့ ကွဲလွဲသွားပြီး လမ်းခင်းထားတာဟာ အများစိုးရိမ်သလို ပလက်ဖောင်းအထိ ဖြစ်သွားတာကြောင့် ကျွန်တော်တို့ ပြန်ပြင်သွားမှာပါ။ အားလုံးစိုးရိမ်နေသလိုမျိုး လုပ်သွားမှာ မဟုတ်ပါဘူး။ စည်ပင်က ညွှန်ကြား သတ်မှတ် ပေးထားတဲ့ အတိုင်းပဲ ခင်းသွားမှာပါ။ အခုလက်ရှိ အနီးဆုံးဖြစ်တဲ့ မြလင်းပွင့် မိုတယ် လမ်းထက်တောင် မမြင့်ဘဲ (၄)လက်မနှိမ့်ပြီး အဲ့ဒီအထိ ခင်းပေးသွားမှာပါ။ ကျွန်တော်တို့ သဘောအတိုင်း မလုပ်ပါဘူး။ သတ်မှတ်ပေးထားတဲ့ သတ်မှတ်ချက်များနဲ့အညီပဲ လုပ်ပေးသွားမှာပါ။ လောလောဆယ် ဆိုင်းငံ့ ထားပါတယ်။ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အများသဘောတူမှသာ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်"ဟု ဟိုတယ် ပိုင်ရှင် ကိုဂျော်နီက ပြောသည်။

လက်ရှိတွင် အဆိုပါ လမ်းများ၌ လမ်းခင်းခြင်း ပြုလုပ်မည်ကို ထောက်ခံသူများ နှင့် ကန့်ကွက်နေသူများ ရှိနေကြရာ ကန့်ကွက်သူများထဲတွင်  အမှန်တကယ် စိုးရိမ်၍ ကန့်ကွက်သူများနှင့် စည်းရုံးမှုကြောင့် ကန့်ကွက်သူများလည်း ရှိသည့်အတွက်  မလိုလားအပ်သည်များ မဖြစ်စေရန် ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ကန့်ကွက်သူ၊ ထောက်ခံသူများနှင့် လမ်းခင်းပေးမည့်သူ အပါအဝင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုကို မကြာမီပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~