ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ်အထိ စက်ဘီးစီးနင်းခဲ့ကြသူများအား တာချီလိတ်တွင် ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပေးရာ ရန်ပုံငွေ ကျပ်(၉)သိန်းခွဲကျော် ထပ်မံရရှိ

ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ်အထိ စက်ဘီးစီးနင်းခဲ့ကြသူများအား တာချီလိတ်တွင် ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပေးရာ ရန်ပုံငွေ ကျပ်(၉)သိန်းခွဲကျော် ထပ်မံရရှိ
ဖေဖော်ဝါရီ 11, 2018
By Tachileik News Agency

ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနေဖြင့် ကချင်ပြည်နယ်အထိ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် စက်ဘီးစီးသမား(၇)ဦးအား ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြု ညစာ စားပွဲနှင့်အတူ ခရီးစဉ်အကြောင်း အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ရာ ဆက်လက်၍ ပါဝင်လှူဒါန်းလာမှုများကြောင့် ရန်ပုံငွေ ကျပ်(၉)သိန်းခွဲကျော် ရရှိကြောင်း နှင့် စုစုပေါင်း ကျပ်သိန်း(၂၄၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။


ညစာ စားပွဲတွင် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ် အနေဖြင့် ကချင်ပြည်နယ်အထိ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် စက်ဘီးစီးသမား(၇)ဦးထဲမှ တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )က ခရီးစဉ် အကြောင်း ရှင်းလင်းပြောကြားရတွင် ကချင်ပြည်နယ်သို့ စက်ဘီးစီးကာ သွားရောက်မည့် ခရီးစဉ်အား ယခင်က အပျော်တမ်းဖြင့် သွားရောက်ရန် သတ်မှတ် ခဲ့သော်လည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တွေ့ဆုံ ဆွေးနွေးရာမှ ယခုလို ရန်ပုံငွေ ခရီးစဉ်ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင် ပါဝင်လှူဒါန်းလာကြသူများကို ကျေးဇူး တင်ရှိကြောင်း နှင့် လမ်းခရီးစဉ်တစ်လျှောက် အထူးပံ့ပိုးကူညီခဲ့ကြသူများကို ကျေးဇူး တင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားပြီးနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေက ယခုလို အောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း နှင့် ခရီးစဉ်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် လူမှုရေးဝန်ကြီးတို့အား တင်ပြပေးခဲ့မှုများအပြင် ချိတ်ဆက်ကူညီပေးခဲ့မှုများ စသည်တို့ကို ပြောကြားသည်။

ယင်းနောက် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ဘတ်(၅၀၀၀)၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းက ဘတ်(၅၀၀၀)၊ ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုက ဘတ်(၁၀၀၀၀) နှင့် တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင်ပိုင်ရှင် ကိုစိုင်းစွမ်းဝဒ်  မိသားစုက ဘတ်(၃၀၀၀) စုစုပေါင်း ဘတ်(၂၃၀၀၀) စုပေါင်း လှူဒါန်းလာရာ ကျပ်ငွေဖြင့် ကျပ်(၉)သိန်းခွဲကျော် ရရှိကြောင်း သိရသည်။

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေးအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မှ တဆင့် ကချင်ပြည်နယ်(မြောက်ပိုင်း)သို့ ရက်ရှည် စက်ဘီးစီးနင်းကာ ရန်ပုံငွေရှာဖွေခဲ့ကြသော စက်ဘီးစီးသမား(၇)ဦးသည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမှ တာချီလိတ်သို့ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာရာတွင် ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ ယခု အခမ်းအနားကျင်းပချိန်အထိ ကျပ်သိန်းပေါင်း(၂၄၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနဖြေင့် ကချင်ပြည်နယ်အထိ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် စက်ဘီးစီးသမား(၇)ဦးအား ဂုဏ်ပြုသည့်အနဖြေင့် ဂုဏ်ပြု ညစာ စားပွဲနှင့်အတူ ခရီးစဉ်အကြောင်း အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ရာ ဆက်လက်၍ ပါဝင်လှူဒါန်းလာမှုများကြောင့် ရန်ပုံငွေ ကျပ်(၉)သိန်းခွဲကျော် ရရှိကြောင်း နှင့် စုစုပေါင်း ကျပ်သိန်း(၂၄၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲအား တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ မိသားစု က ကျင်းပပြုလုပ်ကာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ည(၆)နာရီက စ၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ညစာ စားပွဲတွင် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ် အနဖြေင့် ကချင်ပြည်နယ်အထိ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် စက်ဘီးစီးသမား(၇)ဦးထဲမှ တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )က ခရီးစဉ် အကြောင်း ရှင်းလင်းပြောကြားရတွင် ကချင်ပြည်နယ်သို့ စက်ဘီးစီးကာ သွားရောက်မည့် ခရီးစဉ်အား ယခင်က အပျော်တမ်းဖြင့် သွားရောက်ရန် သတ်မှတ် ခဲ့သော်လည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တွေ့ဆုံ ဆွေးနွေးရာမှ ယခုလို ရန်ပုံငွေ ခရီးစဉ်ဖြစ်လာရခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်တစ်လျှောက်တွင် ပါဝင်လှူဒါန်းလာကြသူများကို ကျေးဇူး တင်ရှိကြောင်း နှင့် လမ်းခရီးစဉ်တစ်လျှောက် အထူးပံ့ပိုးကူညီခဲ့ကြသူများကို ကျေးဇူး တင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောကြားပြီးနောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေက ယခုလို အောင်မြင်သည့် ခရီးစဉ်ဖြစ်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်း နှင့် ခရီးစဉ်နှင့် ပတ်သက်၍၎င်းအနဖြေင့် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် လူမှုရေးဝန်ကြီးတို့အား တင်ပြပေးခဲ့မှုများအပြင် ချိတ်ဆက်ကူညီပေးခဲ့မှုများ စသည်တို့ကို ပြောကြားသည်။

ယင်းနောက် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် တာချီလိတ်ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ဘတ်(၅၀၀၀)၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်းက ဘတ်(၅၀၀၀)၊ ဟိုတယ်တာချီလိတ်နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို မိသားစုက ဘတ်(၁၀၀၀၀) နှင့် တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင်ပိုင်ရှင် ကိုစိုင်းစွမ်းဝဒ် မိသားစုက ဘတ်(၃၀၀၀) စုစုပေါင်း ဘတ်(၂၃၀၀၀) စုပေါင်း လှူဒါန်းလာရာ ကျပ်ငွဖြေင့် ကျပ်(၉)သိန်းခွဲကျော် ရရှိကြောင်း သိရသည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေးအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မှ တဆင့် ကချင်ပြည်နယ်(မြောက်ပိုင်း)သို့ ရက်ရှည် စက်ဘီးစီးနင်းကာ ရန်ပုံငွေရှာဖွေခဲ့ကြသော စက်ဘီးစီးသမား(၇)ဦးသည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမှ တာချီလိတ်သို့ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် နှင့် အခြား လိုအပ်မှုများအတွက် တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးသွားထားခြင်းဖြစ်ပြီး၊ မြစ်ကြီးနားမှ ပူတာအိုအထိ လိုက်ပါလာသည့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီး (၁၀)ဦးအတွက်လည်း အဆိုပါ လုပ်ငန်းရှင်များက ဟိုတယ်အတွက် စီစဉ်ပေးကြောင်း သိရသည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာရာတွင် ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ ယခု အခမ်းအနားကျင်းပချိန်အထိ ကျပ်သိန်းပေါင်း(၂၄၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~