တာချီလိတ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု စတင်သည့်နေ့တွင် (၁၃)ဦးအား ခွဲစိတ် ကုသပေးနိုင်ခဲ့

တာချီလိတ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု စတင်သည့်နေ့တွင် (၁၃)ဦးအား ခွဲစိတ် ကုသပေးနိုင်ခဲ့
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဂျာမဏီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝင်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုအဖြစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စတင်ရာ စုစုပေါင်း (၁၃)ဦးအား ခွဲစိတ်ကုသပေးခဲ့ပြီး ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ဝေဒနာရှင် (၁၀)ဦးအား ခွဲစိတ်ကုသပေးနိုင်ရန် လျာထားကြောင်း သိရသည်။



ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စ၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများကို ပြုလုပ်ပေးနေပြီး လာရောက် ကုသခံသည့် ဝေဒနာရှင်များထဲတွင် ခွဲစိတ်ကုသ၍ရမည့် လူနာများ အနေဖြင့် စောင့်ဆိုင်း နိုင်ရန် အတွက် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်တွင်းရှိ ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် တည်းခိုနိုင်ရန် စီစဉ်ပေးထားပြီး ၎င်းတို့အတွက် စားသောက်မှုများနှင့်အခြားလိုအပ်မည့် အရာများအတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်း ကူညီပေးထားကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနေဖြင့် ကြိုတင်၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနေဖြင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနေဖြင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

ဓါတ်ပုံ - ကိုနေမျိုး




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဂျာမဏီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝင်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုအဖြစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စတင်ရာ စုစုပေါင်း (၁၃)ဦးအား ခွဲစိတ်ကုသပေးခဲ့ပြီး ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင်ေဝဒနာရှင် (၁၀)ဦးအား ခွဲစိတ်ကုသပေးနိုင်ရန် လျာထားကြောင်း သိရသည်။

"ဒီနေ့ နှုတ်ခမ်းကွဲက (၂)ဦး၊ ရင်သားအကြိတ်က (၂)ဦး နဲ့ ရိုးရိုးအကြိတ်က (၉)ဦး စုစုပေါင်း (၁၃)ဦးကို ခွဲစိတ်ပြီးခဲ့ပါတယ်၊ နက်ဖြန်မှာ (၁၀)ဦးကို ခွဲစိတ်ကုသပေးဖို့ လျာထားပါတယ်။ နောက်ပြီး နက်ဖြန်မှာ လွိုင်ကော်ကနေ ခွဲစိတ်မဲ့သူနဲ့လူနာစောင့် အပါအဝင် (၅၃)ဦး တာချီလိတ်ကို ရောက်မှာပါ၊"ဟု အဆိုပါ အခမဲ့ ခွဲစိပ်ကုသမှု အစီအစဉ်တွင် ပါဝင်ကူညီပေးနေသည့် တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးက ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံစားဖိုမှူးများအသင်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း ပရဟိအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်သည့် ဂျာမဏီနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆရာဝန်ကြီးများဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမှု အဖြစ် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် စတင်ပြီး မတ်လ(၇)ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းက စ၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများကို ပြုလုပ်ပေးနပြေီး လာရောက် ကုသခံသည့်ေဝဒနာရှင်များထဲတွင် ခွဲစိတ်ကုသ၍ရမည့် လူနာများ အနဖြေင့် စောင့်ဆိုင်း နိုင်ရန် အတွက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင်းရှိ ဂေါ်ရခါးမဂ္ဂရိပ်သာဓမ္မာရုံတွင် တည်းခိုနိုင်ရန် စီစဉ်ပေးထားပြီး၎င်းတို့အတွက် စားသောက်မှုများနှင့်အခြားလိုအပ်မည့် အရာများအတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်း ကူညီပေးထားကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနဖြေင့် ကြိုတင်၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနဖြေင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနဖြေင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

ဓာတ်ပုံ - ကိုနေမျိုး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~