တာခ်ီလိတ္မွ အလွဴရွင္မ်ားစုေပါင္း၍ မုိင္းကုိး(အထက)တြင္ ေရစင္ႏွင့္ ေရခ်ဳိးခန္းေဆာက္လုပ္လွဴဒါန္း

တာခ်ီလိတ္မွ အလွဴရွင္မ်ားစုေပါင္း၍ မုိင္းကုိး(အထက)တြင္ ေရစင္ႏွင့္ ေရခ်ဳိးခန္းေဆာက္လုပ္လွဴဒါန္း
ဖေဖော်ဝါရီ 5, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕မွ ၿမဳိ႕မိၿမဳိ႕ဖမ်ားႏွင့္ အလွဴရွင္မ်ား စုေပါင္း၍ မုိင္းကုိး အေျခခံပညာအထက္တန္းေက်ာင္း၌ ေငြက်ပ္(၂၆)သိန္းေ က်ာ္တန္ဖုိးရွိ ေရစင္ႏွင့္ ေရခ်ဳိးခန္းႏွစ္ခန္းတဲြအား ေဆာက္လုပ္လွဴဒါန္းျခင္း ရွင္းလင္းေဆြးေႏြးပဲြကုိ ေဖေဖာ္၀ါရီ (၅) ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ၿမဳိ႕နယ္ပညာေရးဖံြ႕ၿဖဳိးတုိးတက္ေရးအေထာက္အကူျပဳေကာ္မတီ ဥကၠ႒၊ ၿမဳိ႕မိၿမဳိ႕ဖ ဦးၾကည္ျမင့္က ၿမဳိ႕နယ္အတြင္း ပညာေရးက႑ ဖံြ႕ၿဖဳိးတုိးတက္ေရး ကူညီေပးႏုိင္ခဲ့မႈမ်ား၊ ေရစင္ႏွင့္ ေရခ်ဳိးခန္းႏွစ္ခန္းတဲြအား စုေပါင္း ေဆာက္လုပ္လွဴဒါန္းေပးမႈမ်ားကိုလည္းေကာင္း၊ သတၱဳလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးျမင့္ဦး၊ ၿမဳိ႕နယ္အားကစားအေထာက္အကူျပဳေကာ္မတီဥကၠ႒ ၊ အေဆြေတာ္မိသားစု ျမသဟာအထူးကု ေဆးရံုပုိင္ရွင္ ဦးတင္လႈိင္ႏွင့္ တာခ်ီလိတ္-အထက ေက်ာင္းအက်ဳိးေတာ္ေဆာင္ ဥကၠ႒ ဦးေဇာ္ျမင့္ တုိ႔က ေက်ာင္းဖြံ႕ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ ၊ ေက်ာင္းသန္႔ရွင္းသာယာေရး၊ ဖံြ႕ၿဖဳိးေရးေဆာင္ရြက္ႏုိင္မည့္ အစီ အစဥ္မ်ားကုိလည္းေကာင္း၊ ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ဦးစီးအရာရွိ ဦးလွေဌး က စာၾကည့္တုိက္ ရွင္သန္ဖံြ႕ၿဖဳိးေရးဆုိင္ရာမ်ား ၊ လက္ေထာက္ၿမဳိ႕နယ္ပညာေရးမွဴး ဦးျမင့္၀င္းလွ က ပညာေရး ဆုိင္ရာ လုပ္ငန္းစဥ္မ်ားကုိ အသီးသီး ရွင္းလင္းေျပာၾကားၾကေၾကာင္း သိရသည္။

မုိင္းကုိးအထက ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစန္းျမင့္ ႏွင့္ ေက်ာင္းအက်ဳိးေတာ္ေဆာင္မ်ားက ေက်ာင္းဖံြ႕ၿဖဳိးေရး ေဆာင္ရြက္ေနမႈ မ်ားႏွင့္ လုိအပ္ခ်က္မ်ားအားရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

ေဆာက္လုပ္ေနသည့္ ေရစင္ႏွင့္ေရခ်ဳိးခန္းႏွစ္ခန္းတဲြအား ၿမဳိ႕မိၿမဳိ႕ဖ ဦးၾကည္ျမင့္ မိသားစု၊ အေဆြေတာ္မိသားစု ျမသဟာေဆးရံုပုိင္ရွင္ ဦးတင္လႈိင္ ၊ ဦးျမင့္ဦး(မုတ္ဆိတ္) မိသားစု၊ ဦးေဇာ္ျမင့္ မိသားစု ႏွင့္ ေငြၾကယ္ျဖဴ အုတ္ဘေလာက္၊သဲေက်ာက္ႏွင့္ ကား၀ပ္ေရွာ႔မွ ဦးေအာင္ၾကည္၀င္း မိသားစု တုိ႔ က စုေပါင္း ေဆာက္လုပ္လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေ၀ယံလင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မှ အလှူရှင်များစုပေါင်း၍ မိုင်းကိုး(အထက)တွင် ရေစင်နှင့် ရေချိုးခန်းဆောက်လုပ်လှူဒါန်း
***************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ မြို့မိမြို့ဖများနှင့် အလှူရှင်များ စုပေါင်း၍ မိုင်းကိုး အခြေခံပညာအထက်တန်းကျောင်း၌ ငွေကျပ်(၂၆)သိန်းေ ကျာ်တန်ဖိုးရှိ ရေစင်နှင့် ရေချိုးခန်းနှစ်ခန်းတွဲအား ဆောက်လုပ်လှူဒါန်းခြင်း ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၅) ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖ ဦးကြည်မြင့်က မြို့နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးနိုင်ခဲ့မှုများ၊ ရေစင်နှင့် ရေချိုးခန်းနှစ်ခန်းတွဲအား စုပေါင်း ဆောက်လုပ်လှူဒါန်းပေးမှုများကိုလည်းကောင်း၊ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်အားကစားအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ၊ အဆွေတော်မိသားစု မြသဟာအထူးကု ဆေးရုံပိုင်ရှင် ဦးတင်လှိုင်နှင့် တာချီလိတ်-အထက ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဇော်မြင့် တို့က ကျောင်းဖွံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ၊ ကျောင်းသန့်ရှင်းသာယာရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မည့် အစီ အစဉ်များကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှဌေး က စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာများ ၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ က ပညာရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းပြောကြားကြကြောင်း သိရသည်။

မိုင်းကိုးအထက ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမြင့် နှင့် ကျောင်းအကျိုးတော်ဆောင်များက ကျောင်းဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု များနှင့် လိုအပ်ချက်များအားရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

ဆောက်လုပ်နေသည့် ရေစင်နှင့်ရေချိုးခန်းနှစ်ခန်းတွဲအား မြို့မိမြို့ဖ ဦးကြည်မြင့် မိသားစု၊ အဆွေတော်မိသားစု မြသဟာဆေးရုံပိုင်ရှင် ဦးတင်လှိုင် ၊ ဦးမြင့်ဦး(မုတ်ဆိတ်) မိသားစု၊ ဦးဇော်မြင့် မိသားစု နှင့် ငွေကြယ်ဖြူ အုတ်ဘလောက်၊သဲကျောက်နှင့် ကားဝပ်ရှော့မှ ဦးအောင်ကြည်ဝင်း မိသားစု တို့ က စုပေါင်း ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~