မိုင္းေယာင္းၿမိဳ႕နယ္အတြင္း စိုက္ပ်ဳိးေရးႏွင့္အေျခခံလုပ္ငန္းမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရးအတြက္ ထုတ္ေပးမည့္ ေခ်းေငြမ်ားအေၾကာင္း အသိပညာေပး

မိုင္းေယာင္းၿမိဳ႕နယ္အတြင္း စိုက္ပ်ဳိးေရးႏွင့္အေျခခံလုပ္ငန္းမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရးအတြက္ ထုတ္ေပးမည့္ ေခ်းေငြမ်ားအေၾကာင္း အသိပညာေပး
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

မိုင္းေယာင္းၿမိဳ႕နယ္တြင္း စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး အေျခခံစီးပြားေရး လုပ္ငန္းမ်ားဖြံ႔ၿဖိဳး တိုးတက္ေစေရး အတြက္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျမန္မာ့လယ္ယာဖြ႔ံၿဖိဳးေရးဘဏ္က ထုတ္ေခ်းေပးမည့္ ေခ်းေငြ ဆိုင္ရာႏွင့္ ပတ္သက္၍ လိုက္နာရမည့္ သတ္မွတ္စည္းကမ္းခ်က္မ်ားအား ၿမိဳ႕နယ္ေခ်း ေငြႀကီးၾကပ္ေရး အဖြဲ႕က စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑အလိုက္ ႀကိဳတင္အသိေပး ရွင္းလင္းေဟာေျပာမႈအျဖစ္ ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔က ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အသိပညာေပး ေဟာေျပာမႈအား  မိုင္းေယာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္ႏွင့္ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားပါဝင္ေသာ ၿမိဳ႕နယ္ေခ်းေငြႀကီးၾကပ္ေရးအဖြဲ႕က ေဖေဖာ္၀ါရီလ(၂၇)ရက္ေန႔ နံနက္ပိုင္းက မိုင္းလိုက္းေက်းရြာအုပ္စု၊ မုန္းလိုက္ေက်းရြာတြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္ၿပီး ေဒသခံ ေတာင္သူမ်ားႏွင့္ လုပ္ငန္းရွင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

ေခ်းေငြမ်ားထုတ္ေခ်းေပးရာတြင္ တစ္ပိုင္တစ္နိုင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ကိုင္လိုသူမ်ားအတြက္ အေသးစား စက္ကိရိယာမ်ား ဝယ္ယူျခင္းဆိုင္ရာ ေခ်းေငြမ်ားအား ႏွစ္တို ေခ်းေငြအျဖစ္ သတ္မွတ္ကာ ေခ်းေငြ သက္တမ္းမွာ သံုးႏွစ္ျဖစ္ေၾကာင္း ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရး အေျခခံစီးပြားေရး လုပ္ငန္း ေခ်းေငြမ်ားအား ႏွစ္ရွည္ေခ်းေငြ အျဖစ္သတ္မွတ္၍ ေခ်းေငြသက္တမ္းမွာ ငါးႏွစ္ျဖစ္ေၾကာင္း သိရသည္။

သံုးနွစ္တာကာလ ႏွစ္တိုေခ်းေငြမ်ားအတြက္ သိန္းႏွစ္ရာေအာက္ ေခ်းေငြမ်ား ထုတ္ေခ်းေပးမည္ျဖစ္၍ တစ္ႏွစ္လ်ွင္အတိုးနႈန္း ကိုးရာခိုင္ႏႈန္း သတ္မွတ္ၿပီး၊ ငါးႏွစ္တာကာလ ႏွစ္ရွည္ေခ်းေငြမ်ားအတြက္ သိန္းႏွစ္ရာမွ အမ်ားဆံုး သိန္းငါးေထာင္အထိ ထုတ္ေခ်းေပးသြားမည္ျဖစ္ေႀကာင္းသိရသည္။

ေခ်းေငြအာမခံအျဖစ္ တင္သြင္းရာတြင္ မေရြ႕မေျပာင္းနိုင္ေသာ ပစၥည္းမ်ားအျပင္ ေရြ႕ေျပာင္းနိုင္ေသာ ပစၥည္းမ်ာကိုလည္း အာမခံေပးႏိုင္ေႀကာင္း၊ အာမခံပစၥည္း မေပးနိုင္ေသာ လုပ္ငန္းရွင္မ်ာအား လုပ္ငန္းေကာင္းမြန္စြာ လည္ပတ္ေနပါက အာမခံအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ျပီး ေခ်းေငြမ်ား ထုတ္ေခ်းေပးနိုင္ရန္ စီစဥ္ထားေႀကာင္းလည္း သိရသည္။

ေခ်းေငြမ်ား ျပန္လည္ေပးဆပ္ရာတြင္ သံုးနွစ္တာ သက္တမ္းရွိ ႏွစ္တုိေခ်းေငြမ်ားအတြက္  က်သင့္ေသာ အတိုးကို ေျခာက္လလ်ွင္ တစ္ႀကိမ္၊ သံုးႏွစ္အတြင္း ေျခာက္ရစ္ခြဲ၍ အရင္းအတိုး ေပးသြင္း ရမည္ ျဖစ္ေႀကာင္း၊ ငါးႏွစ္တာ သက္တမ္းရွိ ႏွစ္ရွည္ေခ်းေငြမ်ားအတြက္ ပထမႏွစ္၌ က်သင့္အတိုးကို ေျခာက္လတစ္ႀကိမ္ေပးသြင္းၿပီး က်န္ေခ်းေငြ သက္တမ္းေလးႏွစ္အတြင္း အရင္းႏွင့္က်သင့္အတိုးကို ေျခာက္လတစ္ႀကိမ္ ရွစ္ရစ္ခြဲ၍ ေပးဆပ္ရမည္ျဖစ္ေႀကာင္း သိရသည္။

သတင္း/ဓါတ္ပံု - အားခ်ာ





~~~~~~~~⊰❂ unicode ~~~~~~~~


မိုင်းယောင်းမြို့နယ်တွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးမည့် ချေးငွေ ဆိုင်ရာနှင့် ပတ်သက်၍ လိုက်နာရမည့် သတ်မှတ်စည်းကမ်းချက်များအား မြို့နယ်ချေး ငွကြေီးကြပ်ရေး အဖွဲ့က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအလိုက် ကြိုတင်အသိပေး ရှင်းလင်းဟောပြောမှုအဖြစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောမှုအား မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပါဝင်သော မြို့နယ်ချေးငွကြေီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်းက မိုင်းလိုက်းကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဒေသခံ တောင်သူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

ချေးငွေများထုတ်ချေးပေးရာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများအတွက် အသေးစား စက်ကိရိယာများ ဝယ်ယူခြင်းဆိုင်ရာ ချေးငွေများအား နှစ်တို ချေးငွေအဖြစ် သတ်မှတ်ကာ ချေးငွေ သက်တမ်းမှာ သုံးနှစ်ဖြစ်ကြောင်း နှင့် စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေး လုပ်ငန်း ချေးငွေများအား နှစ်ရှည်ချေးငွေ အဖြစ်သတ်မှတ်၍ ချေးငွေသက်တမ်းမှာ ငါးနှစ်ဖြစ်ကြောင်း သိရသည်။

သုံးနှစ်တာကာလ နှစ်တိုချေးငွေများအတွက် သိန်းနှစ်ရာအောက် ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်၍ တစ်နှစ်လျှင်အတိုးနှုန်း ကိုးရာခိုင်နှုန်း သတ်မှတ်ပြီး၊ ငါးနှစ်တာကာလ နှစ်ရှည်ချေးငွေများအတွက် သိန်းနှစ်ရာမှ အများဆုံး သိန်းငါးထောင်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေအာမခံအဖြစ် တင်သွင်းရာတွင် မရွေ့မပြောင်းနိုင်သော ပစ္စည်းများအပြင် ရွေ့ပြောင်းနိုင်သော ပစ္စည်းမျာကိုလည်း အာမခံပေးနိုင်ကြောင်း၊ အာမခံပစ္စည်း မပေးနိုင်သော လုပ်ငန်းရှင်မျာအား လုပ်ငန်းကောင်းမွန်စွာ လည်ပတ်နေပါက အာမခံအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ချေးငွေများ ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် သုံးနှစ်တာ သက်တမ်းရှိ နှစ်တိုချေးငွေများအတွက် ကျသင့်သော အတိုးကို ခြောက်လလျှင် တစ်ကြိမ်၊ သုံးနှစ်အတွင်း ခြောက်ရစ်ခွဲ၍ အရင်းအတိုး ပေးသွင်း ရမည် ဖြစ်ကြောင်း၊ ငါးနှစ်တာ သက်တမ်းရှိ နှစ်ရှည်ချေးငွေများအတွက် ပထမနှစ်၌ ကျသင့်အတိုးကို ခြောက်လတစ်ကြိမ်ပေးသွင်းပြီး ကျန်ချေးငွေ သက်တမ်းလေးနှစ်အတွင်း အရင်းနှင့်ကျသင့်အတိုးကို ခြောက်လတစ်ကြိမ် ရှစ်ရစ်ခွဲ၍ ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~