ထုိင္းႏုိင္ငံအေျခစုိက္ ႏုိင္ငံတကာသံတမန္အဖြဲ႔ တာခ်ီလိတ္နယ္စပ္မွတစ္ဆင့္ က်ဳိင္းတံုသို႔ ေလ့လာေရးခရီး သြားေရာက္

ထုိင္းႏုိင္ငံအေျခစုိက္ ႏုိင္ငံတကာသံတမန္အဖြဲ႔ တာခ်ီလိတ္နယ္စပ္မွတစ္ဆင့္ က်ဳိင္းတံုသို႔ ေလ့လာေရးခရီး သြားေရာက္
ဖေဖော်ဝါရီ 23, 2018
By Tachileik News Agency

ျမန္မာ - ထုိင္း ႏွစ္ႏုိင္ငံ ယဥ္ေက်းမႈဖလွယ္ဆက္ဆံေရး ႏွင့္  သံတမန္ေလ့လာေရး ခရီးစဥ္အျဖစ္  ထုိင္းႏုိင္ငံ အေျခစုိက္ ႏုိင္ငံတကာသံတမန္အဖဲြ႔မွ (၆၇)ဦးသည္  ရွမ္းျပည္နယ္ (အေရွ႕ပုိင္း) က်ိဳင္းတံုခရုိင္သုိ႔ ေဖေဖာ္၀ါရီ (၂၃) ရက္ေန႔က တာခ်ီလိတ္ၿမဳိ႕နယ္စပ္မွ တစ္ဆင့္ ေလ့လာေရးခရီး လာေရာက္ၾကေၾကာင္း သိရသည္။

အဆုိပါ သံတမန္ အဖြဲ႕အား ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး   ဦးမ်ိဳးျမင့္သန္း  ဦးေဆာင္ၿပီး ထုိင္းႏုိင္ငံ အေျခစုိက္ ႏုိင္ငံတကာ သံတမန္ (၆၇)ဦး ႏွင့္ ဧည့္လမ္းညႊြန္ (၅) ဦး  စုစုေပါင္း (၇၂)ဦး ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႕သည္ ထုိင္းႏုိင္ငံ၊ ယဥ္ေက်းမႈ၀န္ႀကီးဌာန ၏  သံတမန္ယဥ္ေက်းမွဳခရီးစဥ္ ( Exclusive Culture Trip For Diplomatic Corps 2018 ) အျဖစ္  ထုိင္းႏုိင္ငံ၊ ခ်ိန္းရုိင္းခရုိင္တြင္ ေလ့လာေရး ခရီးစဥ္ လည္ပတ္ခဲ့ၿပီး ေနာက္  ရွမ္းျပည္နယ္(အေရွ႕ပုိင္း)က်ိဳင္းတံုခရုိင္ အတြင္း ေလ့လာေရးခရီးစဥ္ လာေရာက္ျခင္း ျဖစ္ၿပီး ေဖေဖာ္၀ါရီလ  (၂၅) ရက္ေန႔အထိ  သြားေရာက္ လည္ပတ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

သံတမန္အဖြဲ႕အား ျမန္မာႏုိင္ငံဘက္မွ စစ္ဗ်ဴဟာအဖဲြ႕ (အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး ႏွင့္ ခရုိင္စီမံခန္႔ခြဲမႈေကာ္မတီ၀င္မ်ား အပါအ၀င္ တာ၀န္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး က်ဳိင္းတံုတြင္လည္း သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။

ႏုိင္ငံတကာသံတမန္အဖဲြ႔မွ (၆၇)ဦးသည္ က်ဳိင္းတံုၿမိဳ႕သို႔ ေန႔လည္ပိုင္းက ေရာက္ရွိၿပီးေနာက္ တဆက္တည္းမွာပင္  အဲန္တိုင္းရင္သားမ်ားေက်းရြာ၊ ကမၻာေအးဘုရား၊ ကိုရင္ေလးေက်ာင္း၊ စြန္ေတာင္း ေစတီေတာ္ ႏွင့္ ေနာင္ငင္းရြာတို႔တြင္ သြားေရာက္လည္ပတ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - ခရိုင္လ၀က၊ ဟိုတယ္ခရီး၊  ေအာင္ျမင္ပါေစ




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေး နှင့် သံတမန်လေ့လာရေး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာသံတမန်အဖွဲ့မှ (၆၇)ဦးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်သို့ ဖေဖော်ဝါရီ (၂၃) ရက်နေ့က တာချီလိတ်မြို့နယ်စပ်မှ တစ်ဆင့် လေ့လာရေးခရီး လာရောက်ကြကြောင်း သိရသည်။

အဆိုပါ သံတမန် အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံတမန် (၆၇)ဦး နှင့် ဧည့်လမ်းညွှန် (၅) ဦး စုစုပေါင်း (၇၂)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ သံတမန်ယဉ်ကျေးမှုခရီးစဉ် ( Exclusive Culture Trip For Diplomatic Corps 2018 ) အဖြစ် ထိုင်းနိုင်ငံ၊ ချိန်းရိုင်းခရိုင်တွင် လေ့လာရေး ခရီးစဉ် လည်ပတ်ခဲ့ပြီး နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် အတွင်း လေ့လာရေးခရီးစဉ် လာရောက်ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့အထိ သွားရောက် လည်ပတ်ကြမည်ဖြစ်ကြောင်း သိရသည်။

သံတမန်အဖွဲ့အား မြန်မာနိုင်ငံဘက်မှ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များ အပါအဝင် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျိုင်းတုံတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာသံတမန်အဖွဲ့မှ (၆၇)ဦးသည် ကျိုင်းတုံမြို့သို့ နေ့လည်ပိုင်းက ရောက်ရှိပြီးနောက် တဆက်တည်းမှာပင် အဲန်တိုင်းရင်သားများကျေးရွာ၊ ကမ္ဘာအေးဘုရား၊ ကိုရင်လေးကျောင်း၊ စွန်တောင်း စေတီတော် နှင့် နောင်ငင်းရွာတို့တွင် သွားရောက်လည်ပတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ခရိုင်လဝက၊ ဟိုတယ်ခရီး၊ အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~