ကာစီနိုလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြားသားများ အတွက်သာ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများတွင် ခွင့်ပြုထား

ကာစီနိုလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြားသားများ အတွက်သာ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများတွင် ခွင့်ပြုထား
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency


“နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့်‌ Casino လုပ်ငန်းများကို ကမ္ဘာလှည့်‌ခရီးသွားများ လာရောက်လေ့ရှိသည့်‌ ရေပေါ်ကျွန်းများပေါ်တွင် တရားဝင်ခွင့်‌ပြုနိုင်ရေး ကိစ္စရပ်ကို ဥပဒေအရဆောင်ရွက် ခွင့်‌ပြုပေးနိုင်ခြေ မရှိသေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုရေးကိစ္စပါ မကန့်ကွက်ပါ၍ လုပ်သာ ကိုင်သာရှိမယ့် အခြေအနေကို တွေ့ရှိလာရပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူ ခွင့်ပြုချက်များ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိလောင်းကစား ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးပြီးလျှင် သက်ဆိုင်ရာဌာနများနှင့်‌ ညှိနှိုင်း၍ လိုအပ်သော ခွင့်‌ပြုမိန့်များ တောင်းခံပြီး ဆောင်ရွက်ခွင့်‌ပြုပေး သွားနိုင်မည်ဖြစ်ပါကြောင်း”ဟု  ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်တွင် ဖြေကြားထားသည်။

မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးခြင်းနှင့် အခွန်အကောက်များ အမြောက်အများ ရရှိနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို တရားဝင်ခွင့်ပြုပေး နိုင်ခြင်း ရှိ၊ မရှိ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခြင်းအား ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။


( လွှတ်တော်တွင် မေးမြန်းစဉ် )


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံခြားသားများအတွက် Casino လုပ်ငန်း(Casino Business for foreigners)ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ် ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များတွင် လုပ်ငန်းဆောင်ရွက်ခွင့်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ နေ့စွဲပါ အမိန့်ကြော်ငြာစာတွင် ခွင့်ပြုထားကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၌ အဆိုပါအချက်ကို ထည့်သွင်းထားခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံသားများအား ကစားခွင့်မပြုရဟု ဖော်ပြထားကြောင်း သိရသည်။

“နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည်‌့ Casino လုပ်ငန်းများကို ကမ္ဘာလှည်‌့ခရီးသွားများ လာရောက်လေ့ရှိသည်‌့ ရေပေါ်ကျွန်းများပေါ်တွင် တရားဝင်ခွင်‌့ပြုနိုင်ရေး ကိစ္စရပ်ကို ဥပဒေအရဆောင်ရွက် ခွင်‌့ပြုပေးနိုင်ခြေ မရှိသေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုရေးကိစ္စပါ မကန့်ကွက်ပါ၍ လုပ်သာ ကိုင်သာရှိမယ့် အခြေအနေကို တွေ့ရှိလာရပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူ ခွင့်ပြုချက်များ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိလောင်းကစား ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးပြီးလျှင် သက်ဆိုင်ရာဌာနများနှင်‌့ ညှိနှိုင်း၍ လိုအပ်သော ခွင်‌့ပြုမိန့်များ တောင်းခံပြီး ဆောင်ရွက်ခွင်‌့ပြုပေး သွားနိုင်မည်ဖြစ်ပါကြောင်း”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်တွင် ဖြကြေားထားသည်။

မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးခြင်းနှင့် အခွန်အကောက်များ အမြောက်အများ ရရှိနိုင်ရန်အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် ရေပေါ်ကျွန်းများပေါ်တွင် နိုင်ငံခြားသားများသာ ဝင်ရောက်ကစားခွင့်ရှိသည့် Casino လုပ်ငန်းများကို တရားဝင်ခွင့်ပြုပေး နိုင်ခြင်း ရှိ၊ မရှိ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်းခြင်းအား ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြန်လည်ဖြကြေားရာတွင် ထည့်သွင်းဖြကြေားထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~