ရွမ္းအေရွ႕ေဒသတြင္ “ဝ”တိုင္းရင္းသားမ်ားအား ခရီးသြားခြင့္ပိတ္ပင္ထားျခင္းႏွင့္ပတ္သက္၍ ႏုိင္ငံေရးပါတီႏွင့္ လူမႈေရးအဖြဲ႕မ်ား သေဘာထားေၾကညာခ်က္ထုတ္မည္

ရွမ္းအေရွ႕ေဒသတြင္ “ဝ”တိုင္းရင္းသားမ်ားအား ခရီးသြားခြင့္ပိတ္ပင္ထားျခင္းႏွင့္ပတ္သက္၍ ႏုိင္ငံေရးပါတီႏွင့္ လူမႈေရးအဖြဲ႕မ်ား သေဘာထားေၾကညာခ်က္ထုတ္မည္
ဖေဖော်ဝါရီ 20, 2018
By 🌸
ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသတြင္ ႏိုင္ငံေတာ္မွတရားဝင္ထုတ္ေပးထားသည့္ မွတ္ပံုတင္ကိုင္ေဆာင္ထားေသာ “ဝ”တိုင္းရင္းသားမ်ား ခရီးသြားလာခြင့္ပိတ္ပင္ေနသည့္ကိစၥႏွင့္ ပတ္သက္၍ ႏုိင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတုိင္း ဦးစီးဥကၠဌတို႔  ေဖေဖၚဝါရီလ (၂၀)ရက္ေန႔တြင္ လားရိႈၿမိဳ႕၌ ေဆြးေႏြးၾကေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ “ဝ”တိုင္းရင္းသားပါတီက ႏွစ္ခုရိွတယ္။ ေနာက္ ယဥ္ေက်းမႈအဖြဲ႕ေတြရယ္ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတုိင္း ဦးစီးဥကၠဌတို႔ ဒီကိစၥနဲ႔ပတ္သက္လို႔ ေဆြးေႏြးၾကတာမွာ သေဘာထားေၾကညာခ်က္ ထုတ္ျပန္မယ္လို႔ သေဘာတူဆံုးျဖတ္လုိက္ၾကပါတယ္။ ဒီကိစၥက ဘာေၾကာင့္ ပိတ္ထားမွန္းမသိေတာ့ ဒီကိစၥကို ကူညီေျဖရွင္းေပးဖို႔  ထုတ္ျပန္ျခင္းပါ။ လိုအပ္ရင္ေတာ့ တစ္ဆင့္ၿပီး တစ္ဆင့္ ဆက္လုပ္သြားမွာပါ”ဟု မက္မန္းမဲဆႏၵနယ္မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီနပ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ မိုင္းခတ္၊ မိုင္းယန္း၊ တာခီ်လိတ္ၿမိဳ႕မ်ားသို႔ သြားလာခြင့္အား ေဖေဖၚဝါရီလဆန္းမွစ၍ တားျမစ္ထားသျဖင့္ ေဒသခံမ်ားမွာ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံု၊ တာခ်ီလိတ္ေဒသမ်ားမွ ယဥ္ေက်းမႈအဖြဲ႕တာဝန္ရွိသူမ်ား၊ လားရွဳိးၿမိဳ႕ရွိ “ဝ” ဒီမိုကရက္တစ္ပါတီ၊ “ဝ” အမ်ိဳသားစည္းလုံးညီညြတ္ေရးပါတီမ်ားမွ တာဝန္ရိွသူမ်ား၊ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ဦးစီးဥကၠဌတို႔ ေတြ႔ဆံုေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #NN

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းအရှေ့ဒေသတွင် “ဝ”တိုင်းရင်းသားများအား ခရီးသွားခွင့်ပိတ်ပင်ထားခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီနှင့် လူမှုရေးအဖွဲ့များ သဘောထားကြေညာချက်ထုတ်မည်
~~~~~~
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် နိုင်ငံတော်မှတရားဝင်ထုတ်ပေးထားသည့် မှတ်ပုံတင်ကိုင်ဆောင်ထားသော “ဝ”တိုင်းရင်းသားများ ခရီးသွားလာခွင့်ပိတ်ပင်နေသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးဥက္ကဌတို့  ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် လားရှိုမြို့၌ ဆွေးနွေးကြကြောင်း သိရသည်။

“ကျွန်တော်တို့ “ဝ”တိုင်းရင်းသားပါတီက နှစ်ခုရှိတယ်။ နောက် ယဉ်ကျေးမှုအဖွဲ့တွေရယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးဥက္ကဌတို့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးကြတာမှာ သဘောထားကြေညာချက် ထုတ်ပြန်မယ်လို့ သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။ ဒီကိစ္စက ဘာကြောင့် ပိတ်ထားမှန်းမသိတော့ ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့  ထုတ်ပြန်ခြင်းပါ။ လိုအပ်ရင်တော့ တစ်ဆင့်ပြီး တစ်ဆင့် ဆက်လုပ်သွားမှာပါ”ဟု မက်မန်းမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းခတ်၊ မိုင်းယန်း၊ တာချီလိတ်မြို့များသို့ သွားလာခွင့်အား ဖေဖေါ်ဝါရီလဆန်းမှစ၍ တားမြစ်ထားသဖြင့် ဒေသခံများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်ဒေသများမှ ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများ၊ လားရှိုးမြို့ရှိ “ဝ” ဒီမိုကရက်တစ်ပါတီ၊ “ဝ” အမျိုသားစည်းလုံးညီညွတ်ရေးပါတီများမှ တာဝန်ရှိသူများ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးဥက္ကဌတို့ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #NN

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~