အမ်ဳိးသမီးသီးသန္႔ အလြတ္တန္း ေဘာလံုးၿပိဳင္ပြဲ က်ဳိင္းတံုတြင္ က်င္းပ

အမ်ဳိးသမီးသီးသန္႔ အလြတ္တန္း ေဘာလံုးၿပိဳင္ပြဲ က်ဳိင္းတံုတြင္ က်င္းပ
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency

ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴးဖလား အမ်ဳိးသမီးအလြတ္တန္း ေဘာလံုးၿပိဳင္ပြဲအား က်ဳိင္းတံုၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ (၂၅)ရက္ေန႔ ေန႔လည္ပိုင္းက စတင္ကာ က်င္းပျပဳလုပ္ေနၿပီး က်ဳိင္းတံုမွ ၿပိဳင္ပြဲ၀င္ အမ်ဳိးသမီး ေဘာလံုးအသင္း (၆)သင္းျဖင့္ မတ္လ(၈)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ေဘာလံုးအသင္း(၆)သင္းအား အုပ္စု(၂)စုခြဲကာ က်င္းပရန္ စီစဥ္ထားရာ အုပ္စု(က)၌ သူနာျပဳ(က)အသင္း၊ ကြန္ပ်ဴတာတကၠသိုလ္အသင္း ႏွင့္ ပညာေရးေကာလိပ္အသင္းတို႔ ပါ၀င္ၿပီး အုပ္စု(ခ)တြင္ ေငြခါနာန္ FC ၊ သူနာျပဳ(ခ)အသင္း ႏွင့္ နည္းပညာတကၠသိုလ္အသင္းတို႔ ပါ၀င္ေၾကာင္း သိရသည္။

က်ဳိင္းတံုတြင္ အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲမ်ား မက်င္းပႏိုင္ခဲ့သည္မွာ (၇)ႏွစ္၀န္းက်င္ရွိခဲ့ၿပီး ယခုႏွစ္တြင္ က်င္းပသည္မွာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲက်င္းပျပဳလုပ္ျခင္းႏွင့္ ပတ္သက္၍ အမ်ဳိးသမီးမ်ား အားကစား အဆင့္အတန္း တိုးတက္ျမႇင့္မား လာေစရန္ ႏွင့္ ႏိုင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏိုင္ရန္အျပင္ ျမန္မာအမ်ဳိးသမီးေဘာလံုးအသင္းအား တစ္ေထာင့္တစ္ေနရာမွ အေထာက္အကူျပဳႏိုင္ရန္အတြက္ ရည္ရြယ္ကာ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဖလား အမျိုးသမီးအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နေ့လည်ပိုင်းက စတင်ကာ ကျင်းပပြုလုပ်နပြေီး ကျိုင်းတုံမှ ပြိုင်ပွဲဝင် အမျိုးသမီး ဘောလုံးအသင်း (၆)သင်းဖြင့် မတ်လ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဘောလုံးအသင်း(၆)သင်းအား အုပ်စု(၂)စုခွဲကာ ကျင်းပရန် စီစဉ်ထားရာ အုပ်စု(က)၌ သူနာပြု(က)အသင်း၊ ကွန်ပျူတာတက္ကသိုလ်အသင်း နှင့် ပညာရေးကောလိပ်အသင်းတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် ငွေခါနာန် FC၊ သူနာပြု(ခ)အသင်း နှင့် နည်းပညာတက္ကသိုလ်အသင်းတို့ ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲများ မကျင်းပနိုင်ခဲ့သည်မှာ (၇)နှစ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်တွင် ကျင်းပသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးများ အားကစား အဆင့်အတန်း တိုးတက်မြှင့်မား လာစေရန် နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အပြင် မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~