ေဆးျဖတ္စခန္းအတြက္ ကခ်င္ျပည္နယ္အထိ စက္ဘီးစီးခဲ့ၾကသည့္ စက္ဘီးစီးညီေနာင္(၇)ဦးအား က်ဳိင္းတံု စက္ဘီးစီးအဖြဲ႔က ဂုဏ္ျပဳဧည့္ခံကာ ဆုခ်ီးျမႇင့္

ေဆးျဖတ္စခန္းအတြက္ ကခ်င္ျပည္နယ္အထိ စက္ဘီးစီးခဲ့ၾကသည့္ စက္ဘီးစီးညီေနာင္(၇)ဦးအား က်ဳိင္းတံု စက္ဘီးစီးအဖြဲ႔က ဂုဏ္ျပဳဧည့္ခံကာ ဆုခ်ီးျမႇင့္
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency

ေရႊႀတိဂံေဒသလူငယ္ျပန္လည္ ထူေထာင္ေရး(ေဆးျဖတ္စခန္း) ရန္ပံုေငြရွာေဖြေရး ခရီးစဥ္အေနျဖင့္ ကခ်င္ျပည္နယ္အထိ ခရီးရွည္ စက္ဘီးစီးနင္းခဲ့ၾကသည့္ စက္ဘီးစီးသမား(၇)ဦးအား ဂုဏ္ျပဳသည့္အေနျဖင့္ က်ဳိင္းတံုၿမိဳ႕၊ ေနာင္တံုကန္အနီးရွိ NTစားေသာက္ဆိုင္တြင္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ ည(၇)နာရီအခ်ိန္က Kyaing Tong Mountain Bike Group မွ ဂုဏ္ျပဳ ညစာ စားပြဲျဖင့္ ဧည္ခံကာ ဂုဏ္ျပဳဆုမ်ား ေပးအပ္ ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္မွ ကခ်င္ျပည္နယ္သို႔ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၀)ရက္ေန႔က စတင္၍ ခရီးရွည္ စက္ဘီးစီးနင္းခဲ့ၾကသည့္ တာခ်ီလိတ္မွ ကိုေနဇာ( Only Biker ) ႏွင့္ ကိုစိုင္းခမ္းရွဲန္ အပါအ၀င္ က်ဳိင္းတံုၿမိဳ႕ Kyaing Tong Mountain Bike Group မွ ဦးစိုင္းရီဆိုင္(ခ)ပီနန္၊ ဦးလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းဆန္(ခ)ဦးစိုင္း၀န္းမား၊ ဦးေလာလူ ႏွင့္ ဦးခ်ဴးစိန္တို႔သည္ ကခ်င္ျပည္နယ္ ပူတာအိုမွ ေဖေဖာ္၀ါရီလ (၁၀)ရက္ေန႔က တာခ်ီလိတ္သို႔ ေလယာဥ္ျဖင့္ ျပန္လည္ေရာက္ရွိလာၿပီး ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔တြင္ တာခ်ီလိတ္မွ က်ဳိင္းတံုသို႔ စက္ဘီးစီး၍ ျပန္ကာ အဆိုပါ ဂုဏ္ျပဳ ညစာစားပြဲအား ညပိုင္းတြင္ က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

က်ဳိင္းတံုတြင္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔က ျပဳလုပ္သည့္ အဆိုပါ ဂုဏ္ျပဳ ညစာ စားပြဲျ့ဖင့္  ဂုဏ္ျပဳဆုမ်ား ေပးအပ္ပြဲအား Kyaing Tong Mountain GBike Group က က်င္းပျပဳလုပ္ေပးျခင္းၿဖစ္ၿပီး စက္ဘီးစီးသမား (၇)ဦးအား ဂုဏ္ျပဳဒိုင္းႏွင့္ဆြဲျပားမ်ား၊ အမွတ္တရ အက်ႌမ်ားအား ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ခရီးစဥ္တစ္ေလွ်ာက္တြင္ အဆိုပါ (၇)ဦးအတြက္ ကခ်င္ျပည္နယ္တြင္ တည္းခိုရန္ ဟိုတယ္မ်ား ႏွင့္ ခရီးစဥ္အၿပီး အျပန္တြင္ ေလယာဥ္ျဖင့္ ျပန္ႏိုင္ရန္ ႏွင့္ အျခား လိုအပ္မႈမ်ားအတြက္ တာခ်ီလိတ္ၿမိဳ႕ Johnny Fitness Center ႏွင့္ လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္ ႏွင့္ J My King Hotel(တာခ်ီလိတ္) မွ ဦးစိုင္းဂြ်န္ရီ၊ မန္းရတနာပံုေလေၾကာင္းလိုင္းမွ ေဒၚနန္းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန္းသီတာဟိုတယ္ (ျမစ္ႀကီးနား)၊ ဟိုတယ္ပူတာအို၊ ဟိုတယ္ရန္ကုန္တို႔မွ ဦးစိုင္းဖီးလစ္ရီ ႏွင့္ ပ်ံလႊား လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္မွ ဦးစိုင္းေရာဘတ္ရီ တို႔ ေမာင္ႏွမတစ္စုမွ ပံ့ပိုး ေပးသြားထားျခင္းျဖစ္ၿပီး၊ ျမစ္ႀကီးနားမွ ပူတာအိုအထိ လိုက္ပါလာသည့္ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ေက်ာင္းသူ/သားေဟာင္းႀကီး (၁၀)ဦးအတြက္လည္း အဆိုပါ လုပ္ငန္းရွင္မ်ားက ဟိုတယ္အတြက္ စီစဥ္ေပးေၾကာင္း သိရသည္။

ေရႊႀတိဂံေဒသလူငယ္ျပန္လည္ထူေထာင္ေရး(ေဆးျဖတ္စခန္း)အတြက္ ေစတနာရွင္မ်ားမွ ပါ၀င္လွဴဒါန္းလာရာတြင္ ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔အထိ က်ပ္သိန္းေပါင္း(၂၄၀)ေက်ာ္ ရရွိထားၿပီျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ဇြဲျမတ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနဖြေင့် ကချင်ပြည်နယ်အထိ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် စက်ဘီးစီးသမား(၇)ဦးအား ဂုဏ်ပြုသည့်အနဖြေင့် ကျိုင်းတုံမြို့၊ နောင်တုံကန်အနီးရှိ NTစားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီအချိန်က Kyaing Tong Mountain Bike Group မှ ဂုဏ်ပြု ညစာ စားပွဲဖြင့် ဧည်ခံကာ ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မှ ကချင်ပြည်နယ်သို့ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က စတင်၍ ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် တာချီလိတ်မှ ကိုနေဇာ( Only Biker ) နှင့် ကိုစိုင်းခမ်းရှဲန် အပါအဝင် ကျိုင်းတုံမြို့ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးလောလူ နှင့် ဦးချူးစိန်တို့သည် ကချင်ပြည်နယ် ပူတာအိုမှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့က တာချီလိတ်သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် တာချီလိတ်မှ ကျိုင်းတုံသို့ စက်ဘီးစီး၍ ပြန်ကာ အဆိုပါ ဂုဏ်ပြု ညစာစားပွဲအား ညပိုင်းတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ကျိုင်းတုံတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ပြုလုပ်သည့် အဆိုပါ ဂုဏ်ပြု ညစာ စားပြွဲ့ဖင့် ဂုဏ်ပြုဆုများ ပေးအပ်ပွဲအား Kyaing Tong Mountain GBike Group က ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး စက်ဘီးစီးသမား (၇)ဦးအား ဂုဏ်ပြုဒိုင်းနှင့်ဆွဲပြားများ၊ အမှတ်တရ အင်္ကျီများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကချင်ပြည်နယ်တွင် တည်းခိုရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် နှင့် အခြား လိုအပ်မှုများအတွက် တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးသွားထားခြင်းဖြစ်ပြီး၊ မြစ်ကြီးနားမှ ပူတာအိုအထိ လိုက်ပါလာသည့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီး (၁၀)ဦးအတွက်လည်း အဆိုပါ လုပ်ငန်းရှင်များက ဟိုတယ်အတွက် စီစဉ်ပေးကြောင်း သိရသည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာရာတွင် ဖေဖော်ဝါရီလ(၁၁)ရက်နေ့အထိ ကျပ်သိန်းပေါင်း(၂၄၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~