လားရႈိးတြင္ ဗံုးေပါက္ကြဲမႈ ျဖစ္ပြား၍ တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႔မွ လံုၿခံဳေရးတိုးျမႇင့္လုပ္ေဆာင္ကာ ဘဏ္မ်ားအား လုံၿခံဳေရး လိုက္လံအသိေပးၿပီး လွည့္ကင္းျဖင့္ စစ္ေဆး

လားရႈိးတြင္ ဗံုးေပါက္ကြဲမႈ ျဖစ္ပြား၍ တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႔မွ လံုၿခံဳေရးတိုးျမႇင့္လုပ္ေဆာင္ကာ ဘဏ္မ်ားအား လုံၿခံဳေရး လိုက္လံအသိေပးၿပီး လွည့္ကင္းျဖင့္ စစ္ေဆး
ဖေဖော်ဝါရီ 21, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ဘဏ္မ်ားႏွင့္ ၿမိဳ႕အဝင္၊ ၿမိဳ႕အထြက္ေနရာမ်ားတြင္ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔ ညပိုင္း၌ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ႏွင့္ရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္မ်ားက လံုၿခံဳေရး စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ဒီေန႔ လားရိႈးမွာ ျဖစ္သြားတာလည္းရိွေတာ့ လံုၿခံဳေရးနဲ႔ပတ္သက္လုိ႔ ျပည္သူေတြ အထိတ္တလန္႔မျဖစ္ေစဖို႔ စိုးရိမ္မႈေတြ ထိတ္လန္႔မႈေတြ မရိွေစဖို႔ လံုၿခံဳေရးေဆာင္ရြက္ေပးတာပါ။ ပံုမွန္လည္း နယ္ထိန္းအဖြဲ႕ေတြက လုပ္ေဆာင္ေနပါတယ္။ အခုေတာ့ ပံုမွန္ထက္ လံုၿခံဳေရး ထပ္တိုးလုပ္ေဆာင္ဖုိ႔ ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ိဳးခုိင္ႏွင့္ နယ္ထိန္းတပ္ဖြဲ႔၀င္မ်ား၊ ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔ျဖင့္ စစ္ေဆးျခင္းမ်ားျပဳလုပ္ျခင္း၊ ဘဏ္မ်ားရွိ လံုၿခံဳေရးမ်ားအား လံုၿခံဳေရးမ်ား သတိထားရွိေစေရးအတြက္ အသိေပးမႈမ်ား လုပ္ေဆာင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၌ ၂၀၁၈ခုႏွစ္ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔ ညေန(၄း၄၀)နာရီ၀န္းက်င္ အခ်ိန္က ရိုးမဘဏ္(၁)တြင္ ဗံုးေပါက္ကြဲမႈေၾကာင့္ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦး ေသဆံုးသြားၿပီး (၂၁)ဦး ဒဏ္ရာရသြားျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဘဏ်များနှင့် မြို့အဝင်၊ မြို့အထွက်နေရာများတွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညပိုင်း၌ တာချီလိတ်ခရိုင်/မြို့နယ်နှင့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီနေ့ လားရှိုးမှာ ဖြစ်သွားတာလည်းရှိတော့ လုံခြုံရေးနဲ့ပတ်သက်လို့ ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့ စိုးရိမ်မှုတွေ ထိတ်လန့်မှုတွေ မရှိစေဖို့ လုံခြုံရေးဆောင်ရွက်ပေးတာပါ။ ပုံမှန်လည်း နယ်ထိန်းအဖွဲ့တွေက လုပ်ဆောင်နေပါတယ်။ အခုတော့ ပုံမှန်ထက် လုံခြုံရေး ထပ်တိုးလုပ်ဆောင်ဖို့ ရှိပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် စစ်ဆေးခြင်းများပြုလုပ်ခြင်း၊ ဘဏ်များရှိ လုံခြုံရေးများအား လုံခြုံရေးများ သတိထားရှိစေရေးအတွက် အသိပေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညနေ(၄း၄၀)နာရီဝန်းကျင် အချိန်က ရိုးမဘဏ်(၁)တွင် ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းအမျိုးသမီးနှစ်ဦး သေဆုံးသွားပြီး (၂၁)ဦး ဒဏ်ရာရသွားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~