လူနာေပါင္း ၅၀၀ နီးပါးကို ကုသမႈေပးေနသည့္ BBHC အဖြဲ႔၏ ရံပံုေငြပန္းခ်ီေလလံတင္ပြဲ ေဖေဖၚဝါရီလ ၁၀ ရက္တြင္ က်င္းပမည္

လူနာေပါင္း ၅၀၀ နီးပါးကို ကုသမႈေပးေနသည့္ BBHC အဖြဲ႔၏ ရံပံုေငြပန္းခ်ီေလလံတင္ပြဲ ေဖေဖၚဝါရီလ ၁၀ ရက္တြင္ က်င္းပမည္
ဖေဖော်ဝါရီ 9, 2018
By 🌸
ေသြးသစ္အမည္ျဖင့္ မွတ္ပံုတင္ထားသည့္ Better Burmeses Health Care အဖြဲ႕၏ က်န္းမာေရး ေစာင့္ေရွာက္မႈရံပံုေငြအတြက္ ရန္ကုန္ၿမိဳ႕ ဘိုကေလးေစ်းလမ္းရိွ ပန္သူရိယအႏုပညာျပခန္းတြင္ ရံပံုေငြပန္းခ်ီေလလံတင္ေရာင္းခ်ပြဲကို ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ ညေန (၅)နာရီတြင္ က်င္းပမည္ျဖစ္သည္။

ပုသိမ္ထီးမ်ားတြင္ ေရးဆြဲထားသည့္ပန္းခ်ီမ်ားကို ၾကမ္းခင္းေစ်း အေမရိကန္ေဒၚလာ (၂၀၀) ျဖင့္ ပန္းခ်ီပညာရွင္ (၃၉)ဦးက ပန္းခ်ီေရးဆြဲထားသည့္ ပုသိမ္ထီး (၆၆)ခုအား ေလလံတင္ထားျခင္းျဖစ္သည္။

၂၀၁၄ ခုႏွစ္မွစ၍ ႏွစ္ႏွစ္တစ္ႀကိမ္က်င္းပသည့္ အဆိုပါရံပံုေငြပန္းခ်ီျပပြဲအား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၃)ရက္ေန႔မွ (၁၀)ရက္ေန႔အထိ ျပသထားျခင္းျဖစ္ၿပီး ပန္းခ်ီေရးဆြဲထားသည့္ ပုသိမ္ထီးမ်ားအျပင္ အျခား ရံပံုေငြ ကံစမ္းမဲလက္မွတ္မ်ား၊ ရံပံုေငြထည့္ဝင္ျခင္းအစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ ေရွ႕ဆက္ၿပီးေတာ့ ပိုေကာင္းတဲ့အစီအစဥ္ေတြလုပ္ဖို႔ရိွပါတယ္။ ဒီလိုေတြ လုပ္ႏုိင္ဖို႔အတြက္ အႏုပညာရွင္ေတြရဲ႕ ကမ္းလက္တစ္ဖက္အျဖစ္ ဒီလိုပြဲေလးလုပ္ႏုိင္ဖို႔ လက္ခံရရိွခဲ့တာပါ။ အခုဆိုရင္ သံုးႀကိမ္ေျမာက္ရိွသြားပါၿပီ။ သူတုိ႔က ဒီပန္းခ်ီကားေတြကို ပံုေဖၚၿပီးေတာ့ ေရာင္းရေငြရဲ႕အခ်ိဳးတစ္ခုကို ဥာဏ္ပူေဇာ္ခေပးၿပီး က်န္တာကို ကၽြန္မတို႔ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ လွဴဒါန္းပါတယ္”ဟု ေသြးသစ္အဖြဲ႕တည္ေထာင္သူတစ္ဦးျဖစ္သည့္ ျပည္ကုတင္ ၅၀၀ ေဆးရံုႀကီးမွ ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၄ ခုႏွစ္တြင္ ေသြးသစ္အမည္ျဖင့္ မွတ္ပံုတင္သည့္ Better Burmeses Health Care (BBHC)အဖြဲ႕အျဖစ္ ၂၀၀၅ ခုနွစ္ကတည္းက စတင္ျခင္းျဖစ္ၿပီး လက္ရိွတြင္ ေတာင္ဒဂံုၿမိဳ႕နယ္ႏွင့္ အေရွ႕ဒဂံုၿမိဳ႕နယ္မ်ားတြင္ အထုိင္ေဆးခန္း (၃)ခုႏွင့္ ၂၀၀၈ ခုႏွစ္ကတည္းက စတင္သည့္ ေရြ႕လ်ားေဆးခန္းမွာ (၄)ခုအထိရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

 “ျပည္သူ႔က်န္းမာေရးအဆင့္အတန္းကိုျမႇင့္ခ်င္ဖုိ႔ဆိုရင္ ျပည္သူေတြကိုယ္တုိင္ပါဝင္မွ ရမယ္။ ျပည္သူေတြအေနနဲ႔ က်န္းမာေအာင္ ဘယ္လိုေနရတယ္ဆိုတာသိရမယ္။ အဲဒီလိုျပဳေနထုိင္ရမယ္ဆိုတာကို သိဖို႔အတြက္ တစိုက္မတ္မတ္ လုပ္ခဲ့တယ္။ ေဆးအလကားကုရံုတင္မဟုတ္ဘူး အဲဒါကို သူတုိ႔ကိုယ္တိုင္ တာဝန္ယူရမယ္ဆိုတာ သိေအာင္လုပ္ေပးတာပါ။ ဆီးခ်ိဳ၊ေသြးခ်ဳိျဖစ္ေနတဲ့သူေတြဆိုတာ စိတ္ဓါတ္က်ေနရံုနဲ႔ မရဘူး။ စိတ္မညစ္ညဴးဘဲနဲ႔ ရိွတဲ့ေရာဂါကို ရင္ဆုိင္ေျဖရွင္းရမယ္ဆိုတာကို တိုက္တြန္းတယ္။ ဒီေရာဂါေတြနဲ႔ပဲ သက္တမ္းေစ့ဘယ္လိုေနႏိုင္တယ္ဆိုတာကို သူတို႔ကို အသိပညာေပးတယ္။ လူနာေတြနဲ႔ ရင္းရင္းနွီးႏွီး ေႏြးေႏြးေထြးေထြးဆက္ဆံတယ္။ ဒီေတာ့ သူတို႔ ယံုၾကည္မႈေတြ ရလာတယ္။ ဒီေတာ့ ဒဂံုဝန္းက်င္တင္မကဘူး ရပ္ေဝးေတြကပါ လာေရာက္ ကုသမႈခံယူၾကေတာ့ ရန္ပံုေငြလိုအပ္လာတယ္”ဟု ျပည္ကုတင္ ၅၀၀ ေဆးရံုႀကီးမွ ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္က ေျပာသည္။

ေသြးသစ္အဖြဲ႕သည္ ျပည္သူလူထုအား က်န္းမာေရးေစာင့္ေရွာက္မႈအျပင္ က်န္းမာေရး အေလ့အက်င့္ေကာင္းမ်ား ရိွေစေရး၊ မ်ိဳးဆက္သစ္ဆရာဝန္မ်ားအေနျဖင့္ လူနာႏွင့္ဆရာဝန္ တုိက္ရိုက္ထိေတြ႔မႈ ပံုစံေျပာင္းလဲေရးတုိ႔ကိုလည္း လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ေခါင္းေဆာင္မႈေပးတဲ့ ဆရာဝန္ေတြအပိုင္းမွာလည္း ခံယူခ်က္ေျပာင္းလဲေအာင္ ႀကိဳးစားပါတယ္။ ေသြးသစ္ဆိိုတဲ့နာမည္အတုိင္းပဲ မ်ိဳးဆက္သစ္ဆရာဝန္ေတြအေနနဲ႔ လူနာေတြရဲ႕စိတ္ကို ကိုယ္ခ်င္းစာၿပီးေတာ့ နားလည္ၿပီးေတာ့ သူတို႔နဲ႔ထိေတြ႕ ကုသမႈျပန္ေပးႏုိင္ေအာင္ ေလ့က်င့္ေပးပါတယ္”ဟု ေသြးသစ္အဖြဲ႕မွ ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္က ေျပာသည္။

အဆိုပါအဖြဲ႕အား ၂၀၀၅ ခုႏွစ္တြင္ ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာ ဆမားဂ်ာလင္၊ ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာ စန္းစန္းဦး၊ ျပည္ကုတင္ ၅၀၀ ေဆးရံုႀကီးမွ ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္ႏွင့္ Finance Manager Mr. Robert Berg တို႔က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး တည္ေထာင္သူေလးဦး၏ ထည့္ဝင္ေငြျဖင့္ လုပ္ငန္းစတင္ လည္ပတ္ေနျခင္းျဖစ္ရာ လူနာမ်ားလာခ်ိန္တြင္ ရန္ပံုေငြလုိအပ္ခ်က္ရိွလာသျဖင့္ ရန္ပံုေငြရွာေဖြေရးပြဲအား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “ဒီအဖြဲ႕မွာလုပ္ျဖစ္တာက က်န္းမာေရးေစာင့္ေရွာက္မႈကို ထိထိေရာက္ေရာက္လုပ္ေနတာျဖစ္တဲ့အတြက္ေရာ၊ ဘြဲ႕ရၿပီးခါစ အေတြ႕အႀကံဳမရိွေသးခင္မွာ အေတြ႔အႀကံဳရိွၿပီးသားစီနီယာေတြနဲ႔ လက္တြဲလုပ္ခြင့္ရတဲ့ အတြက္ေရာ လုပ္ျဖစ္ပါတယ္။ ဒီမွာသံုးႏွစ္ေလာက္ အလုပ္လုပ္ၿပီးတဲ့အခါမွာ လူနာေတြနဲ႕ ထိေတြ႔ဆက္ဆံမႈအပုိင္းမွာ အမ်ားႀကီး အေတြ႔အႀကံဳရလာပါတယ္။ ဒီမွာက ကၽြန္မတုိ႔လို အငယ္ေတြကေတာ့ လုပ္အားခလည္းရပါတယ္”ဟု ေသြးသစ္အဖြဲ႕တြင္ သံုးႏွစ္ၾကာကူညီလုပ္ေဆာင္လာသည့္ ေဒါက္တာ အိမ့္ေရႊဇင္သိန္းက ေျပာသည္။

အဆိုပါအဖြဲ႕တြင္ လက္ရိွတာဝန္ထမ္းေဆာင္ေနသည့္ ဆရာဝန္မ်ားက ကုသမႈအပိုင္းတြင္ ကူညီလုပ္ေဆာင္ေပးေနၾကျခင္းျဖစ္ၿပီး အထုိင္ေဆးခန္း(၃)ခုႏွင့္ ေရြ႕လ်ားေဆးခန္း (၄)ခုတြင္ လက္ရိွအခ်ိန္ထိ ကုသေပးေနရသူစုစုေပါင္း လူနာ (၅၀၀)နီးပါးရိွေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
လူနာပေါင်း ၅၀၀ နီးပါးကို ကုသမှုပေးနေသည့် BBHC အဖွဲ့၏ ရံပုံငွေပန်းချီလေလံတင်ပွဲ ဖေဖေါ်ဝါရီလ ၁၀ ရက်တွင် ကျင်းပမည်

**************
သွေးသစ်အမည်ဖြင့် မှတ်ပုံတင်ထားသည့် Better Burmeses Health Care အဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်မှုရံပုံငွေအတွက် ရန်ကုန်မြို့ ဘိုကလေးစျေးလမ်းရှိ ပန်သူရိယအနုပညာပြခန်းတွင် ရံပုံငွေပန်းချီလေလံတင်ရောင်းချပွဲကို ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့ ညနေ (၅)နာရီတွင် ကျင်းပမည်ဖြစ်သည်။

ပုသိမ်ထီးများတွင် ရေးဆွဲထားသည့်ပန်းချီများကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ (၂၀၀) ဖြင့် ပန်းချီပညာရှင် (၃၉)ဦးက ပန်းချီရေးဆွဲထားသည့် ပုသိမ်ထီး (၆၆)ခုအား လေလံတင်ထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် အဆိုပါရံပုံငွေပန်းချီပြပွဲအား ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပြသထားခြင်းဖြစ်ပြီး ပန်းချီရေးဆွဲထားသည့် ပုသိမ်ထီးများအပြင် အခြား ရံပုံငွေ ကံစမ်းမဲလက်မှတ်များ၊ ရံပုံငွေထည့်ဝင်ခြင်းအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

“ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရှေ့ဆက်ပြီးတော့ ပိုကောင်းတဲ့အစီအစဉ်တွေလုပ်ဖို့ရှိပါတယ်။ ဒီလိုတွေ လုပ်နိုင်ဖို့အတွက် အနုပညာရှင်တွေရဲ့ ကမ်းလက်တစ်ဖက်အဖြစ် ဒီလိုပွဲလေးလုပ်နိုင်ဖို့ လက်ခံရရှိခဲ့တာပါ။ အခုဆိုရင် သုံးကြိမ်မြောက်ရှိသွားပါပြီ။ သူတို့က ဒီပန်းချီကားတွေကို ပုံဖေါ်ပြီးတော့ ရောင်းရငွေရဲ့အချိုးတစ်ခုကို ဉာဏ်ပူဇော်ခပေးပြီး ကျန်တာကို ကျွန်မတို့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လှူဒါန်းပါတယ်”ဟု သွေးသစ်အဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သည့် ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၄ ခုနှစ်တွင် သွေးသစ်အမည်ဖြင့် မှတ်ပုံတင်သည့် Better Burmeses Health Care (BBHC)အဖွဲ့အဖြစ် ၂၀၀၅ ခုနှစ်ကတည်းက စတင်ခြင်းဖြစ်ပြီး လက်ရှိတွင် တောင်ဒဂုံမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်များတွင် အထိုင်ဆေးခန်း (၃)ခုနှင့် ၂၀၀၈ ခုနှစ်ကတည်းက စတင်သည့် ရွေ့လျားဆေးခန်းမှာ (၄)ခုအထိရှိနေပြီဖြစ်ကြောင်း သိရသည်။

 “ပြည်သူ့ကျန်းမာရေးအဆင့်အတန်းကိုမြှင့်ချင်ဖို့ဆိုရင် ပြည်သူတွေကိုယ်တိုင်ပါဝင်မှ ရမယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာအောင် ဘယ်လိုနေရတယ်ဆိုတာသိရမယ်။ အဲဒီလိုပြုနေထိုင်ရမယ်ဆိုတာကို သိဖို့အတွက် တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ဆေးအလကားကုရုံတင်မဟုတ်ဘူး အဲဒါကို သူတို့ကိုယ်တိုင် တာဝန်ယူရမယ်ဆိုတာ သိအောင်လုပ်ပေးတာပါ။ ဆီးချို၊သွေးချိုဖြစ်နေတဲ့သူတွေဆိုတာ စိတ်ဓါတ်ကျနေရုံနဲ့ မရဘူး။ စိတ်မညစ်ညူးဘဲနဲ့ ရှိတဲ့ရောဂါကို ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကို တိုက်တွန်းတယ်။ ဒီရောဂါတွေနဲ့ပဲ သက်တမ်းစေ့ဘယ်လိုနေနိုင်တယ်ဆိုတာကို သူတို့ကို အသိပညာပေးတယ်။ လူနာတွေနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးဆက်ဆံတယ်။ ဒီတော့ သူတို့ ယုံကြည်မှုတွေ ရလာတယ်။ ဒီတော့ ဒဂုံဝန်းကျင်တင်မကဘူး ရပ်ဝေးတွေကပါ လာရောက် ကုသမှုခံယူကြတော့ ရန်ပုံငွေလိုအပ်လာတယ်”ဟု ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ပြောသည်။

သွေးသစ်အဖွဲ့သည် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုအပြင် ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရှိစေရေး၊ မျိုးဆက်သစ်ဆရာဝန်များအနေဖြင့် လူနာနှင့်ဆရာဝန် တိုက်ရိုက်ထိတွေ့မှု ပုံစံပြောင်းလဲရေးတို့ကိုလည်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ခေါင်းဆောင်မှုပေးတဲ့ ဆရာဝန်တွေအပိုင်းမှာလည်း ခံယူချက်ပြောင်းလဲအောင် ကြိုးစားပါတယ်။ သွေးသစ်ဆိိုတဲ့နာမည်အတိုင်းပဲ မျိုးဆက်သစ်ဆရာဝန်တွေအနေနဲ့ လူနာတွေရဲ့စိတ်ကို ကိုယ်ချင်းစာပြီးတော့ နားလည်ပြီးတော့ သူတို့နဲ့ထိတွေ့ ကုသမှုပြန်ပေးနိုင်အောင် လေ့ကျင့်ပေးပါတယ်”ဟု သွေးသစ်အဖွဲ့မှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ပြောသည်။

အဆိုပါအဖွဲ့အား ၂၀၀၅ ခုနှစ်တွင် မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဆမားဂျာလင်၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ စန်းစန်းဦး၊ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှ မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်နှင့် Finance Manager Mr. Robert Berg တို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တည်ထောင်သူလေးဦး၏ ထည့်ဝင်ငွေဖြင့် လုပ်ငန်းစတင် လည်ပတ်နေခြင်းဖြစ်ရာ လူနာများလာချိန်တွင် ရန်ပုံငွေလိုအပ်ချက်ရှိလာသဖြင့် ရန်ပုံငွေရှာဖွေရေးပွဲအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 “ဒီအဖွဲ့မှာလုပ်ဖြစ်တာက ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက်လုပ်နေတာဖြစ်တဲ့အတွက်ရော၊ ဘွဲ့ရပြီးခါစ အတွေ့အကြုံမရှိသေးခင်မှာ အတွေ့အကြံုရှိပြီးသားစီနီယာတွေနဲ့ လက်တွဲလုပ်ခွင့်ရတဲ့ အတွက်ရော လုပ်ဖြစ်ပါတယ်။ ဒီမှာသုံးနှစ်လောက် အလုပ်လုပ်ပြီးတဲ့အခါမှာ လူနာတွေနဲ့ ထိတွေ့ဆက်ဆံမှုအပိုင်းမှာ အများကြီး အတွေ့အကြံုရလာပါတယ်။ ဒီမှာက ကျွန်မတို့လို အငယ်တွေကတော့ လုပ်အားခလည်းရပါတယ်”ဟု သွေးသစ်အဖွဲ့တွင် သုံးနှစ်ကြာကူညီလုပ်ဆောင်လာသည့် ဒေါက်တာ အိမ့်ရွှေဇင်သိန်းက ပြောသည်။

အဆိုပါအဖွဲ့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များက ကုသမှုအပိုင်းတွင် ကူညီလုပ်ဆောင်ပေးနေကြခြင်းဖြစ်ပြီး အထိုင်ဆေးခန်း(၃)ခုနှင့် ရွေ့လျားဆေးခန်း (၄)ခုတွင် လက်ရှိအချိန်ထိ ကုသပေးနေရသူစုစုပေါင်း လူနာ (၅၀၀)နီးပါးရှိနေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~