တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အာခါတိုင္းရင္းသား အမ်ားစုေနသည့္ ေက်းရြာတြင္ အာခါဘာသာျဖင့္ စိုက္ပ်ိဳးေရးပညာေပး ေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အာခါတိုင္းရင္းသား အမ်ားစုေနသည့္ ေက်းရြာတြင္ အာခါဘာသာျဖင့္ စိုက္ပ်ိဳးေရးပညာေပး ေဆာင္ရြက္
ဖေဖော်ဝါရီ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကုိးေက်းရြာအုပ္စုရိွ အာခါတုိင္းရင္းသားအမ်ားစုေနထုိင္သည့္ ေကာ္မလိ (အာခါ)ေက်းရြာတြင္ ေဖေဖၚဝါရီလ (၁၁)ရက္ေန႔က အာခါဘာသာစကားျဖင့္ စိုက္ပ်ိဳးေရးပညာေပး လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝျခင္းႏွင့္ စိုက္ပ်ိဳးအသိပညာေဟာေျပာျခင္းကို ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနက ေဆာင္ရြက္ရာ ေဒသခံ (၆၅)ဦး တက္ေရာက္ၾကေၾကာင္း သိရသည္။

ေဒသခံေတာင္သူမ်ားအား ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီး၀လံ စုိက္ပ်ိဳး နည္းစနစ္မ်ား ရွင္းလင္းျပသၿပီး မုိးစပါးအျပင္ ေႏြစပါးႏွင့္ ေဆာင္းသီးႏွံမ်ား ၊ ဟင္းသီးဟင္းရြက္မ်ား စုိက္ပ်ိဳးျခင္းျဖင့္ ေဒသအတြင္း အလုပ္အကုိင္ရွားပါးမွဳ၊ ၀င္ေငြနည္းပါးမႈႏွင့္ တစ္ဖက္ႏုိင္ငံအေပၚ မွီခုိေနရသည့္ ျပႆနာမ်ား ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္းကို ရွင္းေဆြးေႏြးမႈမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးနည္းစနစ္မ်ားနွင့္ ေဒသခံမ်ား ဝင္ေငြတိုးေစရန္ စိုက္ပ်ိဳးေရးစနစ္ ေျပာင္းလဲလုပ္ေဆာင္ႏုိင္မႈမ်ားအေၾကာင္းကို ခရုိင္ စုိက္ပ်ိဳးေရး ဦးစီးဌာနမွဴး လက္ေထာက္ ညြန္ၾကားေရးမွဴး ဦးလွဝင္းက ရွင္းလင္းေျပာၾကား စိုက္ပ်ိဳးေရးဌာန ဝန္ထမ္းမ်ားက ပညာေပးလက္ကမ္းစာေစာင္မ်ားကို ေဒသခံမ်ားအား ျဖန္႔ေဝရွင္းလင္းၾကေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ခရုိင္စုိက္ပ်ိဳးေရး

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသားအများစုနေသည့်ကျေးရွာတွင် အာခါဘာသာဖြင့် စိုက်ပျိုးရေးပညာပေး ဆောင်ရွက်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ အာခါတိုင်းရင်းသားအများစုနေထိုင်သည့် ကော်မလိ (အာခါ)ကျေးရွာတွင် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က အာခါဘာသာစကားဖြင့် စိုက်ပျိုးရေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စိုက်ပျိုးအသိပညာဟောပြောခြင်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ရာ ဒေသခံ (၆၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး နည်းစနစ်များ ရှင်းလင်းပြသပြီး မိုးစပါးအပြင် နွေစပါးနှင့် ဆောင်းသီးနှံများ ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ၀င်ငွေနည်းပါးမှုနှင့် တစ်ဖက်နိုင်ငံအပေါ် မှီခိုနေရသည့် ပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းကို ရှင်းဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးနည်းစနစ်များနှင့် ဒေသခံများ ဝင်ငွေတိုးစေရန် စိုက်ပျိုးရေးစနစ် ပြောင်းလဲလုပ်ဆောင်နိုင်မှုများအကြောင်းကို ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးလှဝင်းက ရှင်းလင်းပြောကြား စိုက်ပျိုးရေးဌာန ဝန်ထမ်းများက ပညာပေးလက်ကမ်းစာစောင်များကို ဒေသခံများအား ဖြန့်ဝေရှင်းလင်းကြကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #ခရိုင်စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~