မိုင်းဖြတ်မှ နှုတ်ခမ်းကွဲနှင့်လည်ပင်းကြီး ဝေဒနာရှင်(၃၁)ဦးအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ ခွဲစိတ်မှု ခံယူနိုင်ရန် မိုင်းဖြတ်ရှိ လူမှုရေးအသင်းများက ပို့ဆောင်ပေးရန် စီစဉ်ထား

မိုင်းဖြတ်မှ နှုတ်ခမ်းကွဲနှင့်လည်ပင်းကြီး ဝေဒနာရှင်(၃၁)ဦးအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ ခွဲစိတ်မှု ခံယူနိုင်ရန် မိုင်းဖြတ်ရှိ လူမှုရေးအသင်းများက ပို့ဆောင်ပေးရန် စီစဉ်ထား
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ မတ်လ(၇)ရက်နေ့ အထိ လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် အဆီကြိတ် ဝေဒနာရှင်များအား ဂျာမနီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ရာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှ ဝေဒနာရှင်(၃၁)ဦး လာရောက်၍ ခွဲစိတ်မှု ခံယူမည်ဖြစ်ကြောင်း သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်)မှ သိရသည်။

"ကျွန်တော်တို့ အသင်းရယ်၊ မိုင်းဖြတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရယ်၊ မြို့နယ်လူမှုကူညီရေး အသင်း(မိုင်းဖြတ်)ရယ် သုံးဖွဲ့ပေါင်းပြီး မိုင်းဖြတ်မြို့ထဲ စာရင်းကောက်တဲ့အခါမှာ (၃၁)ဦးရလာပါတယ်၊ စာရင်းကောက်တဲ့အခါမှာလည်း အခမဲ့ ကုသခွဲစိတ်ပေးမှာဖြစ်တယ်ဆိုကိုလည်း သူတို့ကို နားလည်အောင် ရှင်းပြပြီး စာရင်းကောက်ခံပါတယ်၊ သူတို့တွေကို ကျွန်တော်တို့ နက်ဖြန် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို ဖွင့်ပွဲအမီ သွားရောက်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါပြီ၊ ကျွန်တော်တို့ အသင်းက ကား(၂)စီး ရယ်၊  မြို့နယ်လူမှု ကူညီရေးအသင်း(မိုင်းဖြတ်)က ကား(၂)စီးရယ် စုစုပေါင်း ကား(၄)စီး နဲ့ ပို့ဆောင်ပေးမှာပါ"ဟု မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်) ဥက္ကဌ ဦးလှမောင်သာက ပြောသည်။

မိုင်းဖြတ်မှ လာရောက်၍ ခွဲစိတ်မှုခံယူမည့် (၃၁)ဦးတွင် အသက်အငယ်ဆုံးအနေဖြင့် အသက်(၃)နှစ်အရွယ် တစ်ဦး ပါဝင်ပြီး၊ အဆိုပါ (၃၁)ဦးထဲ၌ နှုတ်ခမ်းကွဲ ဝေဒနာရှင် (၂)ဦး နှင့် လည်ပင်းကြီး နှင့် အကြိတ် ဝေဒနာရှင်များ ပါဝင်ကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့်အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနေဖြင့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၇)နာရီက စ၍ ခွဲစိတ်ကုသမည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနေဖြင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနေဖြင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ မတ်လ(၇)ရက်နေ့ အထိ လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် အဆီကြိတ်ေဝဒနာရှင်များအား ဂျာမနီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ရာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှေဝဒနာရှင်(၃၁)ဦး လာရောက်၍ ခွဲစိတ်မှု ခံယူမည်ဖြစ်ကြောင်း သဂငှ်လူမှုကူညီရေးအသင်း(မိုင်းဖြတ်)မှ သိရသည်။

"ကျွန်တော်တို့ အသင်းရယ်၊ မိုင်းဖြတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရယ်၊ မြို့နယ်လူမှုကူညီရေး အသင်း(မိုင်းဖြတ်)ရယ် သုံးဖွဲ့ပေါင်းပြီး မိုင်းဖြတ်မြို့ထဲ စာရင်းကောက်တဲ့အခါမှာ (၃၁)ဦးရလာပါတယ်၊ စာရင်းကောက်တဲ့အခါမှာလည်း အခမဲ့ ကုသခွဲစိတ်ပေးမှာဖြစ်တယ်ဆိုကိုလည်း သူတို့ကို နားလည်အောင် ရှင်းပြပြီး စာရင်းကောက်ခံပါတယ်၊ သူတို့တွေကို ကျွန်တော်တို့ နက်ဖြန် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကို ဖွင့်ပွဲအမီ သွားရောက်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါပြီ၊ ကျွန်တော်တို့ အသင်းက ကား(၂)စီး ရယ်၊ မြို့နယ်လူမှု ကူညီရေးအသင်း(မိုင်းဖြတ်)က ကား(၂)စီးရယ် စုစုပေါင်း ကား(၄)စီး နဲ့ ပို့ဆောင်ပေးမှာပါ"ဟု မိုင်းဖြတ်မြို့ရှိ သဂငှ်လူမှုကူညီရေးအသင်း(မိုင်းဖြတ်) ဥက္ကဌ ဦးလှမောင်သာက ပြောသည်။

မိုင်းဖြတ်မှ လာရောက်၍ ခွဲစိတ်မှုခံယူမည့် (၃၁)ဦးတွင် အသက်အငယ်ဆုံးအနဖြေင့် အသက်(၃)နှစ်အရွယ် တစ်ဦး ပါဝင်ပြီး၊ အဆိုပါ (၃၁)ဦးထဲ၌ နှုတ်ခမ်းကွဲေဝဒနာရှင် (၂)ဦး နှင့် လည်ပင်းကြီး နှင့် အကြိတ်ေဝဒနာရှင်များ ပါဝင်ကြောင်း သိရသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း လူနာများအတွက် အရေးပေါ်သွေးများ လိုအပ်လာသည့်အခါ အဆင်သင့်အသုံးပြုနိုင်ရန်အတွက် မည်သည့်သွေးအမျိုးအစားမဆို လှူဒါန်းလိုသူများအနဖြေင့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်(၇)နာရီက စ၍ ခွဲစိတ်ကုသမည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

သွေးလှူဒါန်းလိုသူများ နှင့် ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနဖြေင့် ဖုန်း 095241342၊ 0941003219 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် သွေးလှူဒါန်းလိုသူများ အနဖြေင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ နှင့် အဆီကြိတ်များအား အခမဲ့ ကုသခွဲစိတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံစားဖိုမှူးများအသင်းမှ ဂျာမနီနိုင်ငံ ဆရာဝန်ကြီးများ ဆရာဝန်များ နှင့်အဖွဲ့သည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် တာချီလိတ်သို့ စတင်ရောက်ရှိလာပြီဖြစ်ပြီး ခွဲစိတ်မှုအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှ စတင်ကာ မတ်လ(၇)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~