ကျိုင်းတုံမြို့နယ်အတွင်း အများပြည်သူဆိုင်ရာ နေရာများ၌ အရက်သေစာ ၀ိုင်းဖွဲ့မစားသောက်ရန် နှင့် မူးယစ်ရမ်းကား ဆူပူမှုများ မပြုလုပ်ရန် သတိပေးတားဆီးမိန့် ထုတ်ထား

ကျိုင်းတုံမြို့နယ်အတွင်း အများပြည်သူဆိုင်ရာ နေရာများ၌ အရက်သေစာ ၀ိုင်းဖွဲ့မစားသောက်ရန် နှင့် မူးယစ်ရမ်းကား ဆူပူမှုများ မပြုလုပ်ရန် သတိပေးတားဆီးမိန့် ထုတ်ထား
ဖေဖော်ဝါရီ 15, 2018
By Tachileik News Agency


ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ သတိပေးတားဆီးအမိန့် ထုတ်ပြန်လိုက်သည့် နေရာများမှာ ကျိုင်းတုံမြို့ပေါ်ရှိ ရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားကြီး၊ စွန်တောင်းစေတီနှင့် သာသနာ့ဗိမ္မာန်တို့ အနီးဝန်းကျင်၊ အမှတ်(၁)ရပ်ကွက် စွန်းမွန်းကုန်းရှိ သစ်တစ်ပင်တောင် အပန်းဖြေစခန်း၊ နောင်ကုန်ကျေးရွာ အုပ်စု လေယာဉ်ကွင်းနှင့် မိုင်းလားလမ်းဆုံမှ ကျိုင်းတုံလေဆိပ်အထိ လမ်းဘေးဝဲယာတစ်လျှောက်၊ အမှတ် (၅)ရပ်ကွက်ရှိ နောင်တုံကန်ပတ်လမ်း လမ်းဘေးဝဲယာ၊ ကျိုင်းတုံ - တာချီလိတ်လမ်း ဂေါက်ကွင်းအဝိုင်းပတ် အနီးတစ်ဝိုက်၊ မြို့မဈေးအနီး တဝိုက်၊ စာသင်ကျောင်းများ အနီးဝန်းကျင်တို့တွင် အရက်သေစာ ဝိုင်းဖွဲ့ စားသောက်ခြင်း၊ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေမည့် နှောင့်ယှက်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ သတ်ပုတ်နှောင့်ယှက်မှုစသည့် အများပြည်သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ထိပါးမှုမပြုစေရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄)အရ သတိပေးတားဆီးမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများတွင် အရက်သေစာ ဝိုင်းဖွဲ့စားသောက်ခြင်း၊ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်းများ မပြုလုပ်ရန် သတိပေးတားဆီးမိန့်ကို ဖေဖော်ဝါရီလ (၇)ရက်နေ့ နေ့စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ သတိပေးတားဆီးအမိန့် ထုတ်ပြန်လိုက်သည့် နေရာများမှာ ကျိုင်းတုံမြို့ပေါ်ရှိ ရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားကြီး၊ စွန်တောင်းစေတီနှင့် သာသနာ့ဗိမ္မာန်တို့ အနီးဝန်းကျင်၊ အမှတ်(၁)ရပ်ကွက် စွန်းမွနး်ကုန်းရှိ သစ်တစ်ပင်တောင် အပန်းဖြေစခန်း၊ နောင်ကုန်ကျေးရွာ အုပ်စု လေယာဉ်ကွင်းနှင့် မိုင်းလားလမ်းဆုံမှ ကျိုင်းတုံလေဆိပ်အထိ လမ်းဘေးဝဲယာတစ်လျှောက်၊ အမှတ် (၅)ရပ်ကွက်ရှိ နောင်တုံကန်ပတ်လမ်း လမ်းဘေးဝဲယာ၊ ကျိုင်းတုံ - တာချီလိတ်လမ်း ဂေါက်ကွင်းအဝိုင်းပတ် အနီးတစ်ဝိုက်၊ မြို့မဈေးအနီး တဝိုက်၊ စာသင်ကျောင်းများ အနီးဝန်းကျင်တို့တွင် အရက်သေစာ ဝိုင်းဖွဲ့ စားသောက်ခြင်း၊ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေမည့် နှောင့်ယှက်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ သတ်ပုတ်နှောင့်ယှက်မှုစသည့် အများပြည်သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ထိပါးမှုမပြုစေရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄)အရ သတိပေးတားဆီးမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခြင်း ခံရမည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံ တစ်ရာ မရမချင်း အတည်ဖြစ်စေရမည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~