ရွမ္းျပည္နယ္တြင္းမွ ၿမိဳ႕နယ္ေပါင္း ၃၀ တြင္ ေစ်းကြက္ကြင္းဆင္း စစ္ေဆးမႈ ၆၁၈ ႀကိမ္ ေဆာင္ရြက္ထား

ရွမ္းျပည္နယ္တြင္းမွ ၿမိဳ႕နယ္ေပါင္း ၃၀ တြင္ ေစ်းကြက္ကြင္းဆင္း စစ္ေဆးမႈ ၆၁၈ ႀကိမ္ ေဆာင္ရြက္ထား
ဇန်နဝါရီ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္တြင္ ၿမိဳ႕နယ္ေပါင္း (၅၅)ခုရိွသည့္ အနက္ (၉)လအတြင္း ၿမိဳ႕နယ္ေပါင္း (၃၀)တြင္ ေစ်းကြက္အတြင္း ကြင္းဆင္းစစ္ေဆးမႈ အႀကိမ္ေရ (၆၁၈) ႀကိမ္ ေဆာင္ရြက္ထားၿပီး ေစ်းကြက္တြင္းမွ စားသံုးရန္ မသင့္ကုန္ပစၥည္းမ်ားအား သိမ္းဆည္းအေရးယူျခင္း၊ ေစ်းကြက္တင္ျခင္းအား ပိတ္ပင္ျခင္းတို႔အား ေဆာင္ရြက္ထားေၾကာင္း သိရသည္။

“လုပ္ငန္းရွင္ေတြအေနနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ သိေစခ်င္တာက လုပ္ငန္းရွင္အားလံုးကို ေမတၱာရပ္ခံခ်င္တာက ေစ်းကြက္ကေန ေတြ႔ရိွတာျဖစ္ျဖစ္၊ ေစ်းကြက္ကေန တိုင္ၾကားတာျဖစ္ျဖစ္ ကၽြန္ေတာ္တုိ႔က သက္ဆုိင္ရာ လုပ္ငန္းရွင္ေတြကို ဖုန္းဆက္ၿပီး အေၾကာင္းၾကားပါတယ္။ လိပ္စာပါ ဖုန္းပါရင္ ဖုန္းဆက္တယ္။ နီးရင္ေတာ့ စာပို႔တယ္။ ဒီလိုျဖစ္ၿပီဆုိရင္ ကၽြန္ေတာ္တို႔နဲ႔ လာၿပီး ေဆြးေႏြး ေစခ်င္တယ္။ ဒီလိုအေျခအေနမွာ သူတို႔နားလည္မႈလြဲေနတာေတြရိွရင္ ေျပာျပမယ္။ ဥပေဒနဲ႔ အညီ ျဖစ္ေအာင္ အႀကံေပးမယ္။ သူတို႔ကလည္း လာၿပီး ပူးေပါင္း ေဆာင္ရြက္ေစခ်င္ပါတယ္။ ဒီလိုမလုပ္တဲ့ အခါမွာ ကၽြန္ေတာ္တို႔က အစည္းအေဝးမွာတင္ၿပီး ဆံုးျဖတ္လုိက္ရတဲ့အခါမွာ မလိုလားအပ္တဲ့ အေျခအေနေတြ ျဖစ္ေစတယ္။ ဒါေၾကာင့္ လာၿပီး ေဆြးေႏြးၾကဖို႔ ပူးေပါင္းလုပ္ေဆာင္ၾကဖို႔ ေမတၱာ ရပ္ခံခ်င္ပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္ ဧၿပီလမွ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ကြင္းဆင္းစစ္ေဆးမႈ (၆၁၈)ႀကိမ္ လုပ္ေဆာင္ခဲ့သည့္အနက္ ေစ်း (၁၅၂)ခု၊ စက္ရံု/အလုပ္ရံု (၆၄)ခု၊ ေက်ာင္းေစ်း (၁၆၁)ခု၊ ရပ္ကြက္ဆုိင္ (၁၀၉)ခု၊ ေဆးဆိုင္ (၁၅)ခုႏွစ္စိုက္ပ်ိဳးေရးဆုိင္ (၁၆)ခုတို႔တြင္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေစ်းကြက္အတြင္းမွ စားသံုးရန္မသင့္ကုန္စည္မ်ား စစ္ေဆးမႈအား ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ (၂၃၀)ႀကိမ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ (၂၅၈)ႀကိမ္ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ (၁၃၀)ႀကိမ္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း (၅၅)ခုရှိသည့် အနက် (၉)လအတွင်း မြို့နယ်ပေါင်း (၃၀)တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးမှု အကြိမ်ရေ (၆၁၈) ကြိမ် ဆောင်ရွက်ထားပြီး ဈေးကွက်တွင်းမှ စားသုံးရန် မသင့်ကုန်ပစ္စည်းများအား သိမ်းဆည်းအရေးယူခြင်း၊ ဈေးကွက်တင်ခြင်းအား ပိတ်ပင်ခြင်းတို့အား ဆောင်ရွက်ထားကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာက လုပ်ငန်းရှင်အားလုံးကို မေတ္တာရပ်ခံချင်တာက ဈေးကွက်ကနေ တွေ့ရှိတာဖြစ်ဖြစ်၊ ဈေးကွက်ကနေ တိုင်ကြားတာဖြစ်ဖြစ် ကျွန်တော်တို့က သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ လိပ်စာပါ ဖုန်းပါရင် ဖုန်းဆက်တယ်။ နီးရင်တော့ စာပို့တယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျွန်တော်တို့နဲ့ လာပြီး ဆွေးနွေး စေချင်တယ်။ ဒီလိုအခြေအနေမှာ သူတို့နားလည်မှုလွဲနေတာတွေရှိရင် ပြောပြမယ်။ ဥပဒေနဲ့ အညီ ဖြစ်အောင် အကြံပေးမယ်။ သူတို့ကလည်း လာပြီး ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်။ ဒီလိုမလုပ်တဲ့ အခါမှာ ကျွန်တော်တို့က အစည်းအဝေးမှာတင်ပြီး ဆုံးဖြတ်လိုက်ရတဲ့အခါမှာ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်စေတယ်။ ဒါကြောင့် လာပြီး ဆွေးနွေးကြဖို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကွင်းဆင်းစစ်ဆေးမှု (၆၁၈)ကြိမ် လုပ်ဆောင်ခဲ့သည့်အနက် ဈေး (၁၅၂)ခု၊ စက်ရုံ/အလုပ်ရုံ (၆၄)ခု၊ ကျောင်းဈေး (၁၆၁)ခု၊ ရပ်ကွက်ဆိုင် (၁၀၉)ခု၊ ဆေးဆိုင် (၁၅)ခုနှစ်စိုက်ပျိုးရေးဆိုင် (၁၆)ခုတို့တွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်းမှ စားသုံးရန်မသင့်ကုန်စည်များ စစ်ဆေးမှုအား ရှမ်းပြည်နယ် တောင်ပိုင်းတွင် (၂၃၀)ကြိမ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် (၂၅၈)ကြိမ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၃၀)ကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~