လြတ္လပ္ေရးေန႔ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ တာခ်ီလိတ္ခရိုင္ေဆးရံု၌ ေမြးဖြားလာသည့္ ကေလးႏွစ္ဦးအား ဂုဏ္ျပဳလက္ေဆာင္ေပးအပ္

လြတ္လပ္ေရးေန႔ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ တာခ်ီလိတ္ခရိုင္ေဆးရံု၌ ေမြးဖြားလာသည့္ ကေလးႏွစ္ဦးအား ဂုဏ္ျပဳလက္ေဆာင္ေပးအပ္
ဇန်နဝါရီ 5, 2018
By Tachileik News Agency

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ က်ေရာက္သည့္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ႏွင့္ တိုက္တိုက္ ဆိုင္ဆိုင္ျဖင့္ တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီး၌ ေမြးဖြားသည့္ ကေလးႏွစ္ဦးအား ဂုဏ္ျပဳလက္ေဆာင္ ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ေရပူစမ္း၊ ႀကိဳးတံတား၊ ေရႊျပည္ေအးရြာေန ဦးယာဒ္ + ေဒၚဒီးစီ တို႔မွ သားေယာက္်ားေလး ႏွင့္ တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု၊ ေမာတီြရြာေန ဦးႏိုးေ၀ + ေဒၚနာလားတို႔မွ သမီးမိန္းကေလးအား  ခရိုင္ျပည္သူ႔ေဆးရံု၌ လြတ္လပ္ေရးေန႔ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ ေမြးဖြားလာသည့္အတြက္ အမွတ္တရ ဂုဏ္ျပဳလက္ေဆာင္ ေပးအပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"မႏွစ္က (၉၆)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔မွာေတာ့ ေယာက္်ားေလး (၂)ဦး၊ မိန္းကေလး(၂)ဦး ေပါင္း(၄)ဦး ေမြးတယ္၊ အဲ့တုန္းကလည္း အခုလိုပဲ အမွတ္တရ ဂုဏ္ျပဳလက္ေဆာင္ေပးပါတယ္။ အခုႏွစ္မွာေတာ့ (၂)ဦး ေမြးလို႔ ဂုဏ္ျပဳလက္ေဆာင္အျဖစ္ ေစာင္ေတြ ေပးတာပါ။"ဟု တာခ်ီလိ္တ္ခရိုင္မိခင္ႏွင့္ကေလး ေစာင့္ေရွာက္မႈ ႀကီးၾကပ္ေရးအဖြဲ႕မွ ေဒၚယဥ္ယဥ္ႏိုင္က ေျပာသည္။

ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔တြင္ ေမြးဖြားလာသည့္ ကေလးႏွစ္ဦးအား တာခ်ီလိတ္ခရိုင္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္မႈ ႀကီးၾကပ္ေရးအဖြဲ႕ အတြင္းေရးမွဴး ေဒၚခင္သႏၱာေအာင္ အပါအ၀င္  အဖြဲ႔၀င္မ်ားက ဇန္န၀ါရီလ(၅)ရက္ေန႔တြင္  တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးသို႔ သြားေရာက္ေပးအပ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့နှင့် တိုက်တိုက် ဆိုင်ဆိုင်ဖြင့် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားသည့် ကလေးနှစ်ဦးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တာချီလိတ်မြို့ ရေပူစမ်း၊ ကြိုးတံတား၊ ရွှပြေည်အေးရွာနေ ဦးယာဒ် + ဒေါ်ဒီးစီ တို့မှ သားယောက်ျားလေး
 နှင့် တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီရွာနေ ဦးနိုးေဝ + ဒေါ်နာလားတို့မှ သမီးမိန်းကလေးအား ခရိုင်ပြည်သူ့ဆေးရုံ၌ လွတ်လပ်ရေးနေ့နှင့် တိုက်တိုက်ဆိုင်ဆိုင် မွေးဖွားလာသည့်အတွက် အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"မနှစ်က (၉၆)နှစ်မြောက် လွတ်လပ်ရေးနေ့မှာတော့ ယောက်ျားလေး (၂)ဦး၊ မိန်းကလေး(၂)ဦး ပေါင်း(၄)ဦး မွေးတယ်၊ အဲ့တုန်းကလည်း အခုလိုပဲ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးပါတယ်။ အခုနှစ်မှာတော့ (၂)ဦး မွေးလို့ ဂုဏ်ပြုလက်ဆောင်အဖြစ် စောင်တွေ ပေးတာပါ။"ဟု တာချီလိ်တ်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဒေါ်ယဉ်ယဉ်နိုင်က ပြောသည်။

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့တွင် မွေးဖွားလာသည့် ကလေးနှစ်ဦးအား တာချီလိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်သန္တာအောင် အပါအဝင် အဖွဲ့ဝင်များက ဇန်နဝါရီလ(၅)ရက်နေ့တွင် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~