လြိဳင္ေကာ္ - ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းမေပၚတြင္ အမ်ဳိးသားႏွစ္ဦးထံက စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

လြိဳင္ေကာ္ - ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းမေပၚတြင္ အမ်ဳိးသားႏွစ္ဦးထံက စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ကယားျပည္​နယ္​ ၊ ဒီး​ေမာ့ဆိုၿမိဳ႕ ​ေဒါတဝီ​ေက်းရြာအနီး႐ွိ ကားလမ္​းမ​ေပၚတြင္​ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဆိုင္ကယ္စီးလာသူ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီး ရမိေၾကာင္း သိရသည္။

လြိဳင္ေကာ္ - ဒီးေမာ့ဆို - ေတာင္ငူ ကားလမ္းမေပၚတြင္ မူးယစ္တပ္ဖြဲ႔စု(၂၀)လြိဳင္ေကာ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၈ခုႏွစ္ ဇန္န၀ါရီ(၂၄)ရက္ေန႔က ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေက်ာ္ဇင္ထြန္း ေမာင္းႏွင္ၿပီး ခရစ္စိုး လိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာ ခရစ္စိုး လြယ္ထားသည့္ ၀ါးပလိုင္းအတြင္းထဲက Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း(၂၀၀၀)ျပားအား ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ဆိုင္​ကယ္​​ေမာင္​းႏွင္​သူ ​ေက်ာ္​ဇင္​ထြန္​းႏွင္​့ စိတ္​ႂကြ႐ႈးသြပ္​​ေဆးျပားမ်ား လက္​ဝယ္​ ဖမ္​းဆီးရမိ​ေသာ ခရစ္​စိုးအား ဒီးေမာ့ဆုိၿမိဳ႕မရဲစခန္းမွ မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အရ အ​ေရးယူ​ေဆာင္ရြက္ထားရွိေၾကာင္​း သိရသည္​။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်​နယ်​၊ ဒီး​မော့ဆိုမြို့ ​ဒေါတဝီ​ကျေးရွာအနီးရှိ ကားလမ်​းမ​ပေါ်တွင်​ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာက ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။

လွိုင်ကော် - ဒီးမော့ဆို - တောင်ငူ ကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ခုနှစ် ဇန်နဝါရီ(၂၄)ရက်နေ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကျော်ဇင်ထွန်း မောင်းနှင်ပြီး ခရစ်စိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ခရစ်စိုး လွယ်ထားသည့် ဝါးပလိုင်းအတွင်းထဲက Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း(၂၀၀၀)ပြားအား ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆိုင်​ကယ်​​မောင်​းနှင်​သူ ​ကျော်​ဇင်​ထွန်​းနှင်​့ စိတ်​ကြွရှုးသွပ်​​ဆေးပြားများ လက်​ဝယ်​ ဖမ်​းဆီးရမိ​သော ခရစ်​စိုးအား ဒီးမော့ဆိုမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အ​ရေးယူ​ဆောင်ရွက်ထားရှိကြောင်​း သိရသည်​။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~