တာချီလိတ်တွင် မြို့နယ်(၉)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများ စတင်

တာချီလိတ်တွင် မြို့နယ်(၉)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများ စတင်
ဇနျနဝါရီ 6, 2018
By Tachileik News Agency
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၀)နှစ်အောက်  အားကစားပြိုင်ပွဲများဖွင့်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၆)ရက်နေ့ နေ့လယ် (၂)နာရီက  တာချီလိတ်မြို့မ အားကစားကွင်း၌ စတင်ဖွင့်လှစ် ကျင်းပနေပြီး မြို့နယ်(၉)မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမား (၃၃၀) ဦးကျော် ပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား  ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ပြည်နယ် အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ  ဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ်လူငယ်လူရွယ်များ အားကစားပြိုင်ပွဲများ၌ ပိုမိုစိတ်ဝင်စားလာခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်ခေါင်းဆောင် လူငယ်များပေါ်ထွက်လာနိုင်ပြီး အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးရန်မှ ကာကွယ် ပေးနိုင်မည်ဖြစ်သဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပေးနေခြင်းဖြစ်ပြီး အားကစားလုပ်ငန်းများတွင် ပါဝင်ခြင်းအားဖြင့်လည်း  ရိုင်းပင်းကူညီခြင်း၊ စုပေါင်းနေထိုင်တတ်ခြင်း၊ အမိန့်နာခံတတ်ခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ မိမိကိုယ်ကို မိမိ  အားကိုးတတ်ခြင်း စသည့် စိတ်ဓာတ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။




သတင်း - ဝေယံလင်း
ဓါတ်ပုံ - ဇောင်းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဖလား အသက် (၂၀)နှစ်အောက် အားကစားပြိုင်ပွဲများဖွင့်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၆)ရက်နေ့ နေ့လယ် (၂)နာရီက တာချီလိတ်မြို့မ အားကစားကွင်း၌ စတင်ဖွင့်လှစ် ကျင်းပနပြေီး မြို့နယ်(၉)မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမား (၃၃၀) ဦးကျော် ပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ပြည်နယ် အားကစား နှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ်လူငယ်လူရွယ်များ အားကစားပြိုင်ပွဲများ၌ ပိုမိုစိတ်ဝင်စားလာခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်ခေါင်းဆောင် လူငယ်များပေါ်ထွက်လာနိုင်ပြီး အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးရန်မှ ကာကွယ် ပေးနိုင်မည်ဖြစ်သဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပေးနခြေင်းဖြစ်ပြီး အားကစားလုပ်ငန်းများတွင် ပါဝင်ခြင်းအားဖြင့်လည်း ရိုင်းပင်းကူညီခြင်း၊ စုပေါင်းနေထိုင်တတ်ခြင်း၊ အမိန့်နာခံတတ်ခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ မိမိကိုယ်ကို မိမိ အားကိုးတတ်ခြင်း စသည့် စိတ်ဓာတ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အားကစားပြိုင်ပွဲများကျင်းပရေး ရန်ပုံငွေကျပ်သိန်း (၂၃၀)နှင့် အားကစားပစ္စည်းများကို ပြည်နယ်အစိုးရကိုယ်စား ပြည်နယ်သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က တာဝန်ရှိသူများအား ပေးအပ်သည်။

အားကစားပြိုင်ပွဲများ ဖွင့်ပွဲတွင် သရုပ်ပြဖျော်ဖြေသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းနှင့် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မီနီမာရသွန်၊ ဖူဆယ်၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို ဇန်နဝါရီလ (၆) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~