သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ယာဥ္တုိိက္မႈျဖင့္ ေဆးရံုေရာက္လာသည့္ လူနာမ်ားအနက္ ၂၆ ဦးအသက္ဆံုးရံႈး

သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ယာဥ္တုိိက္မႈျဖင့္ ေဆးရံုေရာက္လာသည့္ လူနာမ်ားအနက္ ၂၆ ဦးအသက္ဆံုးရံႈး
ဇန်နဝါရီ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚရိွ သီေပါၿမိဳ႕တြင္ ယာဥ္တုိက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရလူနာ အမ်ားဆံုးေရာက္ရိွၿပီး ၂၀၁၇ တစ္ႏွစ္လံုးတြင္ ယာဥ္တိုက္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရလူနာမ်ားမွ (၂၆) ေယာက္ အသက္ဆံုးရံႈးသြားေၾကာင္း သိရသည္။

“ ဒီမွာက ယာဥ္တိုက္မႈ အရမ္းျဖစ္တယ္။ သီေပါမွာက တစ္ေန႔တစ္ေန႔ ျဖတ္တဲ့ ကားက အစီးေရ (၈၀၀၀) ရွိတယ္။ အတက္ေရာ အဆင္းေရာေပါ့။ တိုးဂိတ္ေတြကေန အခ်က္အလက္ေကာက္ၾကည့္ထားတာ။ ၿပီးေတာ့ ဒီၿမိဳ႕မွာက ဆိုင္ကယ္စီးသမားေတြက (၉၀) ရာခိုင္ႏႈန္းက ဆိုင္ကယ္စီးရင္ ဦးထုပ္မေဆာင္းၾကဘူး။ လမ္းစည္းကမ္း လိုက္နာမႈလည္း မရွိသေလာက္နည္းတယ္။ ျပည္ေထာင္စုလမ္းမႀကီးမွာ ကားေတြ ကလည္းမ်ား၊ ယာဥ္စည္းကမ္းလမ္းစည္းကမ္းလိုက္နာမႈနည္းသူလည္းမ်ားေတာ့ ယာဥ္တိုက္မႈက ခဏခဏျဖစ္တယ္။ လျပည့္ လကြယ္ေန႔ေတြဆိုရင္ နယ္ကသူေတြ ၿမိဳ႕ကိုတက္လာၿပီးေတာ့ ေနၾကတာေတြမ်ားတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသတြင္း ေမာ္ေတာ္ယာဥ္မေတာ္တဆမႈျဖစ္ပြားမႈမ်ားသည့္ သီေပါၿမိဳ႕၏ ကုတင္ (၁၀၀)ဆံ့ျပည္သူ႔ေဆးရံုတြင္ အရိုးအေၾကာအထူးကုဆရာဝန္မ်ားရိွေသာ္လည္း မေတာ္တဆမႈျဖစ္ပြားသည့္ လူနာမ်ားအား အရိုးအေၾကာ ခြဲစိတ္ကုသမႈႏွင့္ပတ္သက္၍ စမ္းသပ္စစ္ေဆးရန္ ဓါတ္မွန္စက္စသည့္ လိုအပ္သည့္ စက္ကိရိယာ ျပည့္စံုမႈမရိွသျဖင့္ လားရိႈးႏွင့္ မႏၱေလးၿမိဳ႕မ်ားရိွ ေဆးရံုမ်ားသို႔ လႊဲပို႔ကုသရေလ့ရိွေၾကာင္း သိရသည္။

“လားရိႈးကက်ေတာ့ ကုတင္ ၅၀၀ ေဆးရံုျဖစ္တဲ့အျပင္ သူက ဂ်ပန္နဲ႔လည္း ဆက္သြယ္ လုပ္ကိုင္ေနတာ ဆိုေတာ့ လားရိႈးေဆးရံုႀကီးက အဆင့္အရမ္းျမင့္တာေပ့ါ။ မႏၱေလးကလည္း အစကတည္းက ကုတင္ ၁၀၀၀ ေဆးရံုႀကီး အဆင့္ျမင့္ၿပီးသားဆိုေတာ့ လူနာေတြအတြက္က်ေတာ့ Facility ပိုသာတဲ့ ေနရာကိုလႊဲရတယ္။ လူနာအတြက္ကို အဲဒီလိုလႊဲတယ္ဆိုေတာ့လည္း တစ္ခုမေကာင္းတာက သီေပါေဆးရံုကိုလာလည္း လႊဲေနရတာပဲဆိုၿပီး ေျပာလာၾကတာေတြျဖစ္တာေပါ့။ အားကိုးမႈေတြ ေလ်ာ့သြားတတ္တာေပ့ါ။ အဲဒါေၾကာင့္ ခြဲစိတ္ေဆာင္နဲ႔ အရိုးအေဆာင္မွာေတာ့ လူနာနည္းေနတာေပ့ါ။ ကုတင္ ၁၀၀ ကို ေလးစိတ္စိပ္ေတာ့ က်န္တဲ့ ဖ်ားနာ၊ ကေလး၊ အိုဂ်ီ အေဆာင္ေတြကေတာ့ ျပည့္တာေပ့ါ”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက ေျပာသည္။

သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ဖ်ားနာေဆာင္၊ ကေလးေဆာင္၊ သားဖြားမီးယပ္ေဆာင္ႏွင့္ အရိုးအေဆာင္မ်ား ရိွၿပီး ကုတင္(၁၀၀)ဆံ့ေဆးရံုတြင္ တစ္ေန႔လွ်င္ လူနာ (၇၀)ခန္႔ရိွေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါမြို့တွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရလူနာ အများဆုံးရောက်ရှိပြီး ၂၀၁၇ တစ်နှစ်လုံးတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရလူနာများမှ (၂၆) ယောက် အသက်ဆုံးရှုံးသွားကြောင်း သိရသည်။

“ ဒီမှာက ယာဉ်တိုက်မှု အရမ်းဖြစ်တယ်။ သီပေါမှာက တစ်နေ့တစ်နေ့ ဖြတ်တဲ့ ကားက အစီးရေ (၈၀၀၀) ရှိတယ်။ အတက်ရော အဆင်းရောပေါ့။ တိုးဂိတ်တွေကနေ အချက်အလက်ကောက်ကြည့်ထားတာ။ ပြီးတော့ ဒီမြို့မှာက ဆိုင်ကယ်စီးသမားတွေက (၉၀) ရာခိုင်နှုန်းက ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြဘူး။ လမ်းစည်းကမ်း လိုက်နာမှုလည်း မရှိသလောက်နည်းတယ်။ ပြည်ထောင်စုလမ်းမကြီးမှာ ကားတွေ ကလည်းများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုနည်းသူလည်းများတော့ ယာဉ်တိုက်မှုက ခဏခဏဖြစ်တယ်။ လပြည့် လကွယ်နေ့တွေဆိုရင် နယ်ကသူတွေ မြို့ကိုတက်လာပြီးတော့ နကြေတာတွေများတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်း မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားမှုများသည့် သီပေါမြို့၏ ကုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် အရိုးအကြောအထူးကုဆရာဝန်များရှိသော်လည်း မတော်တဆမှုဖြစ်ပွားသည့် လူနာများအား အရိုးအကြော ခွဲစိတ်ကုသမှုနှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးရန် ဓာတ်မှန်စက်စသည့် လိုအပ်သည့် စက်ကိရိယာ ပြည့်စုံမှုမရှိသဖြင့် လားရှိုးနှင့် မန္တလေးမြို့များရှိ ဆေးရုံများသို့ လွှဲပို့ကုသရလေ့ရှိကြောင်း သိရသည်။

“လားရှိုးကကျတော့ ကုတင် ၅၀၀ ဆေးရုံဖြစ်တဲ့အပြင် သူက ဂျပန်နဲ့လည်း ဆက်သွယ် လုပ်ကိုင်နေတာ ဆိုတော့ လားရှိုးဆေးရုံကြီးက အဆင့်အရမ်းမြင့်တာပေါ့။ မန္တလေးကလည်း အစကတည်းက ကုတင် ၁၀၀၀ ဆေးရုံကြီး အဆင့်မြင့်ပြီးသားဆိုတော့ လူနာတွေအတွက်ကျတော့ Facility ပိုသာတဲ့ နေရာကိုလွှဲရတယ်။ လူနာအတွက်ကို အဲဒီလိုလွှဲတယ်ဆိုတော့လည်း တစ်ခုမကောင်းတာက သီပေါဆေးရုံကိုလာလည်း လွှဲနေရတာပဲဆိုပြီး ပြောလာကြတာတွဖြေစ်တာပေါ့။ အားကိုးမှုတွေ လျော့သွားတတ်တာပေါ့။ အဲဒါကြောင့် ခွဲစိတ်ဆောင်နဲ့ အရိုးအဆောင်မှာတော့ လူနာနည်းနေတာပေါ့။ ကုတင် ၁၀၀ ကို လေးစိတ်စိပ်တော့ ကျန်တဲ့ ဖျားနာ၊ ကလေး၊ အိုဂျီ အဆောင်တွေကတော့ ပြည့်တာပေါ့”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောသည်။

သီပေါမြို့ပြည်သူ့ဆေးရုံတွင် ဖျားနာဆောင်၊ ကလေးဆောင်၊ သားဖွားမီးယပ်ဆောင်နှင့် အရိုးအဆောင်များ ရှိပြီး ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် တစ်နေ့လျှင် လူနာ (၇၀)ခန့်ရှိကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~