တာခ်ီလိတ္ၿမိဳ႕ တေလာ့ရပ္ကြက္အတြင္းရွိ အထည္ဆိုင္အေပၚထပ္ မီးေလာင္မႈမွာ ဘုရားမီးဖေယာင္းတိုင္ လဲက်ရာမွ မီးေလာင္ျခင္းျဖစ္

တာခ်ီလိတ္ၿမိဳ႕ တေလာ့ရပ္ကြက္အတြင္းရွိ အထည္ဆိုင္အေပၚထပ္ မီးေလာင္မႈမွာ ဘုရားမီးဖေယာင္းတိုင္ လဲက်ရာမွ မီးေလာင္ျခင္းျဖစ္
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ တာေလာ့ရပ္ကြက္၊ သရဖီလမ္းရွိ အားကစား၀တ္စံုမ်ား ေရာင္းသည့္ ဆိုင္၏ ေလးထပ္တိုက္ အေပၚဆံုးတြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၆)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က ျဖစ္ပြားသည့္ မီးေလာင္မႈမွာ ဘုရားမီး ပူေဇာ္ထားသည့္ ဖေယာင္းတုိင္ လဲက်ရာမွ တဆင့္ ကူးစက္ ေလာင္ကြ်မ္းရျခင္း ျဖစ္ေၾကာင္း  ၿမဳိ႕နယ္မီးသတ္ ဦးစီးဌာနထံက သိရသည္။

မီးေလာင္မႈေၾကာင့္ ေလးထပ္တိုက္အေပၚဆံုးတြင္ သိုေလာင္ထားသည့္ အားကစား၀တ္စံု အထည္မ်ား၊ အားကစား၀တ္စံုမ်ား၊ ေမြ႕ယာႏွင့္ ျခင္ေထာင္မ်ား မီးေလာင္ထဲ ပါသြားသည့္အျပင္ မ်က္ႏွာက်က္၊ တံခါးမ်ား ေလာင္ကြ်မ္း သြားခဲ့ေသာ္လည္း ေနအိမ္အတြင္းရွိ လူမ်ားမွာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသုိ႔ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ခရုိင္ရဲတပ္ဖဲြ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္၀င္း ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏုတုိ႔က ဦးေဆာင္ႀကီးၾကပ္၍  ရဲတပ္ဖြဲ႔၀င္မ်ား၊ ၿမဳိ႕နယ္မီးသတ္ ဦးစီးဌာန မွ ၿမဳိ႕နယ္ဦးစီးမွဴး  ဦးေအာင္ေဇာ္လင္း ႏွင့္ မီးသတ္တပ္ဖဲြ႕၀င္မ်ား၊ အရန္မီးသတ္ တပ္ရင္းမွ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ အရန္မီးသတ္တပ္ဖဲြ႕၀င္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္နာေရး ကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ႏွင့္ အသင္း၀င္မ်ား၊ တာေလာ့ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ျပည္သူမ်ားက  ၀ုိင္း၀န္းမီးၿငႇိမ္းသတ္ရာ မိနစ္(၂၀)၀န္းက်င္အၾကာတြင္  မီးလံုး၀ၿငိႇမ္းသြားခဲ့ေၾကာင္း သိရသည္။

အဆုိပါ မီးေလာင္မႈ ျဖစ္ပြားသည့္ ေနအိမ္မွ ေဒၚနန္းေရႊၾကာ အား တာခ်ီလိတ္ၿမဳိ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ သရဖီလမ်းရှိ အားကစားဝတ်စုံများ ရောင်းသည့် ဆိုင်၏ လေးထပ်တိုက် အပေါ်ဆုံးတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဖြစ်ပွားသည့် မီးလောင်မှုမှာ ဘုရားမီး ပူဇော်ထားသည့် ဖယောင်းတိုင် လဲကျရာမှ တဆင့် ကူးစက် လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနထံက သိရသည်။

မီးလောင်မှုကြောင့် လေးထပ်တိုက်အပေါ်ဆုံးတွင် သိုလောင်ထားသည့် အားကစားဝတ်စုံ အထည်များ၊ အားကစားဝတ်စုံများ၊ မွေ့ယာနှင့် ခြင်ထောင်များ မီးလောင်ထဲ ပါသွားသည့်အပြင် မျက်နှာကျက်၊ တံခါးများ လောင်ကျွမ်း သွားခဲ့သော်လည်း နေအိမ်အတွင်းရှိ လူများမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနုတို့က ဦးဆောင်ကြီးကြပ်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာချီလိတ်နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး နှင့် အသင်းဝင်များ၊ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ မိနစ်(၂၀)ဝန်းကျင်အကြာတွင် မီးလုံးဝငြှိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့် နေအိမ်မှ ဒေါ်နန်းရွှကြော အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~