တောင်ကြီးမြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သောက်ခြင်းအား ဒေသန္တရအမိန့်ဖြင့် တားဆီး

တောင်ကြီးမြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သောက်ခြင်းအား ဒေသန္တရအမိန့်ဖြင့် တားဆီး
ဇနျနဝါရီ 20, 2018
By 🌸



တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၊ ကန်ရှေ့ရပ်ကွက် ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြားရှိ ဗိုလ်ချုပ်လမ်းမကြီး၏ အရှေ့ဘက်ဆိုင်ကယ်ရပ်နားရာနေရာ၊  ရေအေးကွင်းရပ်ကွက် KSK စတိုးရှေ့မြေကွက်လပ်နှင့် မြစိမ်းတောင်ဘုရားအတက်လမ်း၊ လမ်းမတော်ရပ်ကွက် ဘုရင့်နောင်လမ်းသွယ် (အောက်မေ့ဖွယ်ဓမ္မာရုံလမ်းသွယ်)၊ မင်္ဂလာဦးရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြင်းရုပ်ပရဝဏ်အတွင်း၊ သစ်တောရပ်ကွက် အိမ်တော်ထင်းရှုးကွင်းနှင့် အိမ်တော်ဝိုင်း လမ်းဆုံ တြိဂံနေရာ၊ စူဠာမုနိလောကချမ်းသာစေတီတော်နှင့် တောင်ကြီးဂေါက်ကလပ်ဘက်လမ်းဆုံနေရာ၊ စဝ်စံထွန်းရပ်ကွက် ရှုခင်းသာပန်းခြံနှင့် ကြိုးတံတားအနီး၊ ဈေးပိုင်းရပ်ကွက် မြို့မဈေးအနီးဝန်းကျင်၊ ချမ်းမြသာစည်ရပ်ကွက် စတုဘုံမိကာဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်နေရာနှင့် ကံကြီးရပ်ကွက် ဖူဆယ်ဘောလုံးကွင်းအနီးဝန်းကျင်များတွင် အရက်သောက်ခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်ပြီး ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားခြင်းအား အများပြည်သူထံအသိပေးရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးထံ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သောက်ခြင်းအား ဒေသန္တရအမိန့်ဖြင့့် တားဆီး
*************
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သောက်ခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်းများအား၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှစတင်၍ ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် ဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း သိရသည်။

“အများနဲ့သက်ဆိုင်တဲ့ပန်းခြံတွေ လမ်းဆုံလမ်းခွတွေမှာ အရက်သေစာသောက်စားတာတွေ ရှိတယ်။ ရန်ကုန်နဲ့ မန္တလေးတွေမှာလည်း ဒီလိုတွေလုပ်ရင် ဖမ်းဆီးအရေးယူတာတွေလုပ်နေပြီ။ ကျွန်တော်တို့ တောင်ကြီးမှာလည်း တားမြစ်ချက်ထုတ်ဖို့အတွက်ကို အစိုးရအဖွဲ့ကို တရားဝင်တင်ပြပြီး ခွင့်ပြုချက်ကျလာပြီဆိုမှ ကျွန်တော်တို့ လုပ်တာဖြစ်တယ်။ ထုတ်ပြန်တဲ့နေရာမှာလည်း အများနဲ့သက်ဆိုင်တဲ့နေရာတွေကို အဓိကထားပြီး ထုတ်ပြန်ထားတယ်။ အဲဒီလိုနေရာတွေမှာ မူးယစ်ရမ်းကားတာတွေပြုလုပ်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခြင်း ခံရမှာဖြစ်ပါတယ်။ ရဲအနေနဲ့ သူ့ရဲ့ ဥပဒေပုဒ်မနဲ့ဆွဲလို့မရဘူးဆိုရင် တားမြစ်ချက်ထုတ်ပြန်လိုက်တာဖြစ်တဲ့ အတွက် တားမြစ်ချက်မလိုက်နာမှုကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူလို့ရပါတယ်။ တခြားဥပ ဒေ ပုဒ်မနဲ့ အရေးယူလို့မရမှာဖြစ်မှာစိုးလို့ တားမြစ်ချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးမင်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဒေသန္တရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာနက ဇန်နဝါရီလ (၁၇) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၊ ကန်ရှေ့ရပ်ကွက် ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြားရှိ ဗိုလ်ချုပ်လမ်းမကြီး၏ အရှေ့ဘက်ဆိုင်ကယ်ရပ်နားရာနေရာ၊  ရေအေးကွင်းရပ်ကွက် KSK စတိုးရှေ့မြေကွက်လပ်နှင့် မြစိမ်းတောင်ဘုရားအတက်လမ်း၊ လမ်းမတော်ရပ်ကွက် ဘုရင့်နောင်လမ်းသွယ် (အောက်မေ့ဖွယ်ဓမ္မာရုံလမ်းသွယ်)၊ မင်္ဂလာဦးရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြင်းရုပ်ပရဝဏ်အတွင်း၊ သစ်တောရပ်ကွက် အိမ်တော်ထင်းရှုးကွင်းနှင့် အိမ်တော်ဝိုင်း လမ်းဆုံ တြိဂံနေရာ၊ စူဠာမုနိလောကချမ်းသာစေတီတော်နှင့် တောင်ကြီးဂေါက်ကလပ်ဘက်လမ်းဆုံနေရာ၊ စဝ်စံထွန်းရပ်ကွက် ရှုခင်းသာပန်းခြံနှင့် ကြိုးတံတားအနီး၊ စျေးပိုင်းရပ်ကွက် မြို့မစျေးအနီးဝန်းကျင်၊ ချမ်းမြသာစည်ရပ်ကွက် စတုဘုံမိကာဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်နေရာနှင့် ကံကြီးရပ်ကွက် ဖူဆယ်ဘောလုံးကွင်းအနီးဝန်းကျင်များတွင် အရက်သောက်ခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အများပြည်သူ စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်ပြီး ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ထားခြင်းအား အများပြည်သူထံအသိပေးရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးထံ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~