ေတာင္တြင္းႀကီးၿမိဳ႕လယ္ ၿမိဳ႕မေစ်းတိုက္တန္းရိွ မိုဘိုင္းဖုန္းအေရာင္းဆိုင္ ေဖါက္ထြင္းခိုးယူခံရ

ေတာင္တြင္းႀကီးၿမိဳ႕လယ္ ၿမိဳ႕မေစ်းတိုက္တန္းရိွ မိုဘိုင္းဖုန္းအေရာင္းဆိုင္ ေဖါက္ထြင္းခိုးယူခံရ
ဇန်နဝါရီ 3, 2018
By 🌸
မေကြးတုိင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕လယ္ ေရႊၾကာအင္း(၂)ရပ္ကြက္ ၿမိဳ႕မေဈးတိုက္တန္းရွိ ဇင္းနစ္ မိုဘိုင္းဖုန္းအေရာင္းဆိုင္မွ ဟန္းဖုန္းနွင့္ ဆက္စပ္ပစၥည္းမ်ား စုစုေပါင္းတန္ဖုိး က်ပ္(၂၉)သိန္းေက်ာ္ဖိုးမွာ ဇန္နဝါရီလ(၂)ရက္ေန႔ညပိုင္းက ေဖာက္ထြင္းခိုးယူခံလိုက္ရေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆုိပါမိုဘုိင္းဖုန္းဆိုင္ပုိင္ရွင္က ဇန္နဝါရီလ(၃)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္ခန္႔တြင္ ဆိုင္ဖြင့္ရန္ေရာက္ရွိလာရာ ဆုိင္အျပင္ဘက္တံခါးမွာ အနည္းငယ္ပြင့္ဟေနသည္ကုိေတြ႔ရွိ၍ ဆိုင္အတြင္းရွိ ပစၥည္းမ်ားအား စစ္ေဆးရာ  OPPO အမ်ိဳးအစားဟန္းဆက္(၅)လံုး၊ XIAOMI အမ်ိဳးအစား ဟန္းဆက္ (၂)လံုး၊ SAMSUNG အမ်ိဳးအစား ဟန္းဆက္(၂)လံုး၊ KENBO အမ်ိဳးအစား ဟန္းဆက္(၂)လံုး၊ SMART WATCH အမ်ိဳးအစား ဖုန္းနာရီ(၁)လံုး၊ POWER BANK (၅)လံုး၊ MEMORY CARD (၁၄)ကဒ္၊ ဖုန္းေငြျဖည့္ကဒ္မ်ားနွင့္ ေငြက်ပ္ (၂၃၀၀၀)၊ စုစုေပါင္းတန္ဖိုးေငြက်ပ္(၂၉၅၀၁၀၀) ေပ်ာက္ဆံုးေနေၾကာင္း ေတြ႔ရွိရ၍ ေတာင္တြင္းႀကီးၿမိဳ႕မ ရဲစခန္းတြင္ တိုင္တန္းအမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဖာက္ထြင္းမႈနွင့္ ပတ္သက္၍ ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၃/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၈၀ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ထက္သူရ

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်တွင်းကြီးမြို့လယ် မြို့မစျေးတိုက်တန်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖေါက်ထွင်းခိုးယူခံရ
********
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့လယ် ရွှေကြာအင်း(၂)ရပ်ကွက် မြို့မဈေးတိုက်တန်းရှိ ဇင်းနစ် မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ဟန်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ်(၂၉)သိန်းကျော်ဖိုးမှာ ဇန်နဝါရီလ(၂)ရက်နေ့ညပိုင်းက ဖောက်ထွင်းခိုးယူခံလိုက်ရကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါမိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်က ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် ဆိုင်ဖွင့်ရန်ရောက်ရှိလာရာ ဆိုင်အပြင်ဘက်တံခါးမှာ အနည်းငယ်ပွင့်ဟနေသည်ကိုတွေ့ရှိ၍ ဆိုင်အတွင်းရှိ ပစ္စည်းများအား စစ်ဆေးရာ  OPPO အမျိုးအစားဟန်းဆက်(၅)လုံး၊ XIAOMI အမျိုးအစား ဟန်းဆက် (၂)လုံး၊ SAMSUNG အမျိုးအစား ဟန်းဆက်(၂)လုံး၊ KENBO အမျိုးအစား ဟန်းဆက်(၂)လုံး၊ SMART WATCH အမျိုးအစား ဖုန်းနာရီ(၁)လုံး၊ POWER BANK (၅)လုံး၊ MEMORY CARD (၁၄)ကဒ်၊ ဖုန်းငွေဖြည့်ကဒ်များနှင့် ငွေကျပ် (၂၃၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၉၅၀၁၀၀) ပျောက်ဆုံးနေကြောင်း တွေ့ရှိရ၍ တောင်တွင်းကြီးမြို့မ ရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖောက်ထွင်းမှုနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့မရဲစခန်းတွင် (ပ)၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ထက်သူရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~