ရွမ္းျပည္နယ္၏ ဆန္စပါးလုပ္ငန္းဆိုင္ရာ SME လုပ္ငန္း ၁၁ ခုအတြက္ ေငြက်ပ္သိန္းေပါင္း ၈၅၀၀ ထုတ္ေခ်းမည္

ရွမ္းျပည္နယ္၏ ဆန္စပါးလုပ္ငန္းဆိုင္ရာ SME လုပ္ငန္း ၁၁ ခုအတြက္ ေငြက်ပ္သိန္းေပါင္း ၈၅၀၀ ထုတ္ေခ်းမည္
ဇန်နဝါရီ 26, 2018
By Tachileik News Agency

ဆန္စပါးလုပ္ငန္းဆိုင္ရာ SME မ်ား ဖြံ ့ၿဖိဳးေရးအတြက္ သံုးႏွစ္တာ ေခ်းေငြလ်ာထားမႈတြင္ ရွမ္းျပည္နယ္ အတြင္းမွ ဆန္စပါးလုပ္ငန္းဆုိင္ရာ SME (၁၁)ခုအား ေငြက်ပ္သိန္းေပါင္း (၈၅၀၀) ထုတ္ေခ်းေပးရန္ လ်ာထားေၾကာင္း သိရသည္။

“SME ေခ်းေငြခ်ထားေပးတာကိုေတာ့ SME ဘဏ္ဒါမွမဟုတ္ ဖြံ႕ၿဖိဳးေရးဘဏ္ေတြကို ဆက္သြယ္ ေဆာင္ရြက္ရပါမယ္။ ကၽြန္ေတာ္တို႔ အသင္းအေနနဲ႔ကေတာ့ သူတုိ႔ အဲဒီလိုဆက္သြယ္ဖို႔ အခက္အခဲ ရိွတယ္ဆုိိရင္ ဥပမာ SME လိုင္စင္နဲ႔ပတ္သက္လုိ႔ လုိင္စင္မရိွဘူးဆုိရင္ လုိင္စင္ရေအာင္ ေဆာင္ရြက္ေပးတာ၊ ေထာက္ခံခ်က္ေပးတာ သူတုိ႔အေနနဲ႔ စာရြက္စာတမ္းပိုင္းမွာ လုိအပ္တဲ့အပိုင္းကို ကူညီေဆာင္ရြက္ေပးတဲ့သေဘာပါ။ သူတို႔ဘာသာ ျပည့္စံုတယ္ဆုိရင္ေတာ့ တုိက္ရိုက္ဆက္သြယ္ ေဆာင္ရြက္လို႔ရပါတယ္” ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌ ေဒါက္တာစိုးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ လ်ာထားဘတ္ဂ်က္ျပည့္မီသည္အထိ ထုတ္ေခ်းေပးမည္ျဖစ္ရာ ေခ်းေငြရယူလိုသည့္ SME လုပ္ငန္းရွင္မ်ားအေနျဖင့္ လိုအပ္သည့္အေထာက္အထားမ်ားျဖင့္ ဘဏ္မ်ားသို႔ ဆက္သြယ္ႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“သူက ေနာက္ဆံုးရက္လို႔ သတ္မွတ္ထားျခင္းမရိွဘူး။ လ်ာထားဘတ္ဂ်က္လည္းရိွေနေတာ့ ဘတ္ဂ်က္ကုန္ရင္ေတာ့ ရပ္မွာေပါ့။ အရင္လာတဲ့သူ အရင္ရသြားမွာေပါ့ေနာ္”ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌ ေဒါက္တာစိုးထြန္းက ေျပာသည္။

ဆန္စပါးက႑အတြက္ SME ေခ်းေငြေပးရာတြင္ က႑စံုဖြံ႕ၿဖိဳးေစရန္ႏွင့္ ေဒသအသီးသီးမွ လုပ္ငန္းမ်ား ေခ်းေငြရယူႏုိင္ေစရန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ လ်ာထားဘတ္ဂ်က္မ်ား ခြဲေဝ သတ္မွတ္ လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒါကေတာ့ သက္ဆုိင္ရာ စီမံဘ႑ာဌာနနဲ႔ ကၽြန္ေတာ္တုိ႔ အသင္းအဖြဲ႕ေတြ အစည္းအေဝးလုပ္တဲ့အခါမွာ အၾကမ္းဖ်ဥ္းလ်ာထားလုိက္တာပါ။ တစ္ေနရာထဲကစုၿပီး ေငြထုတ္ေခ်းသြားတာမ်ိဳး မျဖစ္ေအာင္လုိ႔ပါ။ အရင္တုန္းကလည္း SME ေခ်းတယ္ဆိုရင္ ရန္ကုန္တို႔ မႏၱေလးတို႔ ၿမိဳ႕ႀကီးေတြကပဲ ရသြားၾကတာမ်ားတယ္။ ေနာက္တစ္ခုက Sector(ေခ်းေငြထုတ္ေပးမည့္ က႑)ေတြကလည္း တစ္ခုထဲမဟုတ္တဲ့အခါက်ေတာ့ စိုက္ပ်ိဳးထုတ္လုပ္တာ၊ ႀကိတ္ခြဲတာ၊ ေရာင္းခ်တာ၊ ကုန္သြယ္မႈက႑ေပါ့ က႑အလုိက္လည္း ကၽြန္ေတာ္တုိ႔က လိုအပ္ခ်က္ေလးေတြ စဥ္းစားၿပီး ခ်မွတ္ထားတာပါ။ ဒါကလည္း က႑စံုရင္ ပိုၿပီးေအာင္ျမင္မယ္လို႔ ယူဆလို႔ပါ။ ဒါကလည္း အစိုးရနဲ႔ ပူးေပါင္းလ်ာထားတဲ့သေဘာပါ”ဟု ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ ဒုတိယဥကၠဌ ေဒါက္တာစိုးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ - ၂၀၂၀ ကာလတို သံုးႏွစ္ေခ်းေငြအျဖစ္ ရွမ္းျပည္နယ္အတြက္ လ်ာထားခ်က္မွာ ဆန္စပါးမ်ိဳးေစ့ ထုတ္လုပ္ငန္းအတြက္ SME ဦးေရ (၃)ဦးအတြက္ က်ပ္သိန္းေပါင္း (၁၅၀၀)စီျဖင့္ စုစုေပါင္း က်ပ္သိန္းေပါင္း (၄၅၀၀)၊  ဆန္စပါးသိုေလွာင္ရံုႏွင့္ အေျခာက္ခံစက္မ်ားတည္ေဆာက္ျခင္း (SME Cluster ပံုစံျဖင့္ စုဖြဲ႕ေဆာင္ရြက္ျခင္း)အတြက္ SME (၄)ဦးအတြက္ က်ပ္သိန္း (၂၀၀၀)ဆီျဖင့္ စုစုေပါင္း က်ပ္သိန္းေပါင္း (၈၀၀၀)၊ ျပည္ပတင္ပို႔ေရာင္းခ်သူ SME Exporter မ်ားအတြက္လုပ္ငန္းသံုးေခ်းေငြအတြက္ SME (၄)ဦးအတြက္ က်ပ္သိန္း (၂၀၀၀)စီျဖင့္ စုစုေပါင္း က်ပ္သိန္းေပါင္း (၈၅၀၀) တို႔ လ်ာထားေၾကာင္း သိရသည္။

ေဒသအသီးသီးမွ SME ေခ်းေငြေလွ်ာက္ထားလုိသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာႏုိင္ငံဆန္စပါး အသင္းခ်ဳပ္၏ အသင္းဝင္ျဖစ္ေစ၊ အသင္းဝင္မဟုတ္သည္ျဖစ္ေစ လိုအပ္သည့္ အေထာက္အထား၊ ပံ့ပိုးမႈမ်ားအတြက္ အသင္းခ်ဳပ္ဖုန္း ဖုန္း ၀၁-၂၁၈၂၆၆၊ ၂၁၈၂၆၇ ႏွင့္ ၂၃၀၁၁၂၈ မ်ားမွတစ္ဆင့္ ဆက္သြယ္ အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္၏ SME ဖြံ ့ၿဖိဳးေရးေကာ္မတီက ဆန္စပါးက႑အတြက္လိုအပ္ေသာ  ေခ်းေငြေခ်းယူေရးႏွင့္စပ္လ်ဥ္းၿပီး အဓိကလုပ္ငန္းစဥ္(၅)ရပ္အျဖစ္ အေျခခံမူဝါဒ ခ်မွတ္ျခင္းႏွင့္ ဦးစားေပးေရြးခ်ယ္ျခင္း၊ လုပ္ငန္းေဆာင္ရြက္မည့္ ေကာ္မတီ ဖြဲ႕စည္းျခင္းႏွင့္ ေကာ္မတီမွ လုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း၊ ေခ်းေငြေခ်းယူရရိွေရးအတြက္ ျပင္ဆင္ေဆာင္ရြက္ေပးျခင္း၊ ေခ်းေငြရယူထားေသာ လုပ္ငန္းမ်ား အေကာင္အထည္ေဖၚမႈအပိုင္းတြင္ ညိႇႏိႈင္းေပါင္းစပ္ ႀကီးၾကပ္ေပးျခင္း၊ ေခ်းေငြရယူထားေသာ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ကူညီေပးျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ခ်ယ္ရီထိုက္




~~~~~~~~⊰❂ unicode ~~~~~~~~

ဆန်စပါးလုပ်ငန်းဆိုင်ရာ SME များ ဖွံ့ဖြိုးရေးအတွက် သုံးနှစ်တာ ချေးငွေလျာထားမှုတွင် ရှမ်းပြည်နယ် အတွင်းမှ ဆန်စပါးလုပ်ငန်းဆိုင်ရာ SME (၁၁)ခုအား ငွေကျပ်သိန်းပေါင်း (၈၅၀၀) ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

“SME ချေးငွေချထားပေးတာကိုတော့ SME ဘဏ်ဒါမှမဟုတ် ဖွံ့ဖြိုးရေးဘဏ်တွေကို ဆက်သွယ် ဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ သူတို့ အဲဒီလိုဆက်သွယ်ဖို့ အခက်အခဲ ရှိတယ်ဆိုရင် ဥပမာ SME လိုင်စင်နဲ့ပတ်သက်လို့ လိုင်စင်မရှိဘူးဆိုရင် လိုင်စင်ရအောင် ဆောင်ရွက်ပေးတာ၊ ထောက်ခံချက်ပေးတာ သူတို့အနေနဲ့ စာရွက်စာတမ်းပိုင်းမှာ လိုအပ်တဲ့အပိုင်းကို ကူညီဆောင်ရွက်ပေးတဲ့သဘောပါ။ သူတို့ဘာသာ ပြည့်စုံတယ်ဆိုရင်တော့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်လို့ရပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျာထားဘတ်ဂျက်ပြည့်မီသည်အထိ ထုတ်ချေးပေးမည်ဖြစ်ရာ ချေးငွေရယူလိုသည့် SME လုပ်ငန်းရှင်များအနဖြေင့် လိုအပ်သည့်အထောက်အထားများဖြင့် ဘဏ်များသို့ ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

“သူက နောက်ဆုံးရက်လို့ သတ်မှတ်ထားခြင်းမရှိဘူး။ လျာထားဘတ်ဂျက်လည်းရှိနေတော့ ဘတ်ဂျက်ကုန်ရင်တော့ ရပ်မှာပေါ့။ အရင်လာတဲ့သူ အရင်ရသွားမှာပေါ့နော်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ဆန်စပါးကဏ္ဍအတွက် SME ချေးငွေပေးရာတွင် ကဏ္ဍစုံဖွံ့ဖြိုးစေရန်နှင့် ဒေသအသီးသီးမှ လုပ်ငန်းများ ချေးငွေရယူနိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လျာထားဘတ်ဂျက်များ ခွဲဝေ သတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကတော့ သက်ဆိုင်ရာ စီမံဘဏ္ဍာဌာနနဲ့ ကျွန်တော်တို့ အသင်းအဖွဲ့တွေ အစည်းအဝေးလုပ်တဲ့အခါမှာ အကြမ်းဖျဉ်းလျာထားလိုက်တာပါ။ တစ်နေရာထဲကစုပြီး ငွေထုတ်ချေးသွားတာမျိုး မဖြစ်အောင်လို့ပါ။ အရင်တုန်းကလည်း SME ချေးတယ်ဆိုရင် ရန်ကုန်တို့ မန္တလေးတို့ မြို့ကြီးတွေကပဲ ရသွားကြတာများတယ်။ နောက်တစ်ခုက Sector(ချေးငွေထုတ်ပေးမည့် ကဏ္ဍ)တွေကလည်း တစ်ခုထဲမဟုတ်တဲ့အခါကျတော့ စိုက်ပျိုးထုတ်လုပ်တာ၊ ကြိတ်ခွဲတာ၊ ရောင်းချတာ၊ ကုန်သွယ်မှုကဏ္ဍပေါ့ ကဏ္ဍအလိုက်လည်း ကျွန်တော်တို့က လိုအပ်ချက်လေးတွေ စဉ်းစားပြီး ချမှတ်ထားတာပါ။ ဒါကလည်း ကဏ္ဍစုံရင် ပိုပြီးအောင်မြင်မယ်လို့ ယူဆလို့ပါ။ ဒါကလည်း အစိုးရနဲ့ ပူးပေါင်းလျာထားတဲ့သဘောပါ”ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာစိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ - ၂၀၂၀ ကာလတို သုံးနှစ်ချေးငွေအဖြစ် ရှမ်းပြည်နယ်အတွက် လျာထားချက်မှာ ဆန်စပါးမျိုးစေ့ ထုတ်လုပ်ငန်းအတွက် SME ဦးရေ (၃)ဦးအတွက် ကျပ်သိန်းပေါင်း (၁၅၀၀)စီဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၄၅၀၀)၊ ဆန်စပါးသိုလှောင်ရုံနှင့် အခြောက်ခံစက်များတည်ဆောက်ခြင်း (SME Cluster ပုံစံဖြင့် စုဖွဲ့ဆောင်ရွက်ခြင်း)အတွက် SME (၄)ဦးအတွက် ကျပ်သိန်း (၂၀၀၀)ဆီဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၈၀၀၀)၊ ပြည်ပတင်ပို့ရောင်းချသူ SME Exporter များအတွက်လုပ်ငန်းသုံးချေးငွေအတွက် SME (၄)ဦးအတွက် ကျပ်သိန်း (၂၀၀၀)စီဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၈၅၀၀) တို့ လျာထားကြောင်း သိရသည်။

ဒေသအသီးသီးမှ SME ချေးငွေလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနဖြေင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ အသင်းဝင်ဖြစ်စေ၊ အသင်းဝင်မဟုတ်သည်ဖြစ်စေ လိုအပ်သည့် အထောက်အထား၊ ပံ့ပိုးမှုများအတွက် အသင်းချုပ်ဖုန်း ဖုန်း ဝ၁-၂၁၈၂၆၆၊ ၂၁၈၂၆၇ နှင့် ၂၃၀၁၁၂၈ များမှတစ်ဆင့် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ SME ဖွံ့ဖြိုးရေးကော်မတီက ဆန်စပါးကဏ္ဍအတွက်လိုအပ်သော ချေးငွေချေးယူရေးနှင့်စပ်လျဉ်းပြီး အဓိကလုပ်ငန်းစဉ်(၅)ရပ်အဖြစ် အခြေခံမူဝါဒ ချမှတ်ခြင်းနှင့် ဦးစားပေးရွေးချယ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မည့် ကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီမှ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ချေးငွေချေးယူရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ ချေးငွေရယူထားသော လုပ်ငန်းများ အကောင်အထည်ဖော်မှုအပိုင်းတွင် ညှိနှိုင်းပေါင်းစပ် ကြီးကြပ်ပေးခြင်း၊ ချေးငွေရယူထားသော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~