ရင္ခြင္မဲ႔ကေလးငယ္မ်ားေလွ်ာ႔ခ်ေရးႏွင္႔ ကာကြယ္တားဆီးေရးဆိုင္ရာ လႈပ္ရွားမႈ မေကြးတြင္ ပထမဆံုးအႀကိမ္ျပဳလုပ္

ရင္ခြင္မဲ႔ကေလးငယ္မ်ားေလွ်ာ႔ခ်ေရးႏွင္႔ ကာကြယ္တားဆီးေရးဆိုင္ရာ လႈပ္ရွားမႈ မေကြးတြင္ ပထမဆံုးအႀကိမ္ျပဳလုပ္
ဇန်နဝါရီ 13, 2018
By 🌸
မ်ိဳးဆက္ပြားက်န္းမာေရးအသိပညာေပးအျဖစ္ ရင္ခြင္မဲ႔ကေလးငယ္မ်ားေလွ်ာ႔ခ်ေရးႏွင္႔ ကာကြယ္တားဆီးေရး ဆိုင္ရာလႈပ္ရွားမႈကို မေကြးတကၠသိုလ္ ဘက္စံုခန္းမ၌ ဇန္နဝါရီ (၁၃)ရက္ေန႔က ပထမဆံုးအႀကိမ္ ျပဳလုပ္ေၾကာင္း သိရသည္။

"လူငယ္ထုအၾကား မ်ိဳးဆက္ပြားအသိပညာေပးေရး၊ က်န္းမာေရးအသိပညာေပးေဝႏိုင္ေရး၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမွ ႀကိဳတင္ကာကြယ္ႏိုင္ေရးနဲ႔ ရင္ခြင္မဲ႔ကေလးငယ္မ်ား ေလ်ာ႔နည္းပေပ်ာက္ ေစေရး စတဲ႔ရည္ရြယ္ခ်က္ေတြနဲ႔ က်င္းပတာျဖစ္ပါတယ္"ဟု လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင္႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန လူမႈဝန္ထမ္းဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေက်ာ္မိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယခုလႈပ္ရွားမႈအား  ျမန္မာႏိုင္ငံလံုးဆိုင္ရာ အမ်ိဳးသမီးေရးရာေကာ္မတီ၏ ဦးေဆာင္မႈျဖင္႔ ျမန္မာႏိုင္ငံအမ်ိဳးသမီးေရးရာအဖဲြ႔ခ်ဳပ္၊ မိခင္ႏွင္႔ကေလးေစာင္႔ေရွာက္ေရးအသင္းႏွင္႔ တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူမ်ား၊ NGO အဖဲြ႔အစည္းအသီးသီးတို႔ ပါဝင္ခဲ႔ေၾကာင္း သိရသည္။

"ရင္ခြင္မဲ႔ကေလးေတြ မ်ားလာမွာကို ဘယ္သူမွ မႏွစ္သက္ၾကပါဘူး။ ဒီလိုပဲြမ်ိဳးေတြလုပ္ေပးတဲ႔အခါ လူငယ္ေတြအေနနဲ႔ ဘယ္လိုဆင္ျခင္ေနထိုင္ရမယ္ဆိုတာ သိသြားၾကမယ္။ လူႀကီးေတြအေနနဲ႔လည္း ကိုယ္႔သားသမီးေတြကို ဘယ္လိုထိန္းေၾကာင္းရမယ္ဆိုတာေတြ သိသြားမယ္။ ပတ္ဝန္းက်င္ကလည္း လူငယ္ေတြနဲ႔ပတ္သက္ရင္ ဘယ္လိုေဆာင္ရြက္ေပးရမယ္ဆိုတာေတြ သိသြားၾကမယ္။ ဒါေၾကာင္႔ ဒီလိုပဲြ က်င္းပေပးတာ တကယ္ကို လိုအပ္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီး အမ်ိဳးသမီးေရးရာအဖဲြ႔ အတြင္းေရး မွဴး ေဒၚခင္ခင္ျမင္႔က ေျပာသည္။

ေမြးကင္းစကေလးငယ္မ်ားအား စြန္႔ပစ္ျခင္းမွ ကာကြယ္တားဆီးေရးအဖဲြ႔ကို ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၏ဇနီးက ဥကၠဌ တာဝန္ယူ၍ ျပည္ေထာင္စုဝန္ႀကီးမ်ားက အဖဲြ႔ဝင္မ်ားအျဖစ္ ပါဝင္ဖဲြ႔စည္းေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာ လှုပ်ရှားမှု မကွေးတွင် ပထမဆုံးအကြိမ်ပြုလုပ်
**********
မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးအဖြစ် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်တားဆီးရေး ဆိုင်ရာလှုပ်ရှားမှုကို မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ဇန်နဝါရီ (၁၃)ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်ကြောင်း သိရသည်။

"လူငယ်ထုအကြား မျိုးဆက်ပွားအသိပညာပေးရေး၊ ကျန်းမာရေးအသိပညာပေးဝေနိုင်ရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးနဲ့ ရင်ခွင်မဲ့ကလေးငယ်များ လျော့နည်းပပျောက် စေရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်ပါတယ်"ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယခုလှုပ်ရှားမှုအား  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ NGO အဖွဲ့အစည်းအသီးသီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

"ရင်ခွင်မဲ့ကလေးတွေ များလာမှာကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ ဒီလိုပွဲမျိုးတွေလုပ်ပေးတဲ့အခါ လူငယ်တွေအနေနဲ့ ဘယ်လိုဆင်ခြင်နေထိုင်ရမယ်ဆိုတာ သိသွားကြမယ်။ လူကြီးတွေအနေနဲ့လည်း ကိုယ့်သားသမီးတွေကို ဘယ်လိုထိန်းကြောင်းရမယ်ဆိုတာတွေ သိသွားမယ်။ ပတ်ဝန်းကျင်ကလည်း လူငယ်တွေနဲ့ပတ်သက်ရင် ဘယ်လိုဆောင်ရွက်ပေးရမယ်ဆိုတာတွေ သိသွားကြမယ်။ ဒါကြောင့် ဒီလိုပွဲ ကျင်းပပေးတာ တကယ်ကို လိုအပ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေး မှူး ဒေါ်ခင်ခင်မြင့်က ပြောသည်။

မွေးကင်းစကလေးငယ်များအား စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီးက ဥက္ကဌ တာဝန်ယူ၍ ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~