အဂၤလန္မွ ဆီးခ်ိဳေရာဂါအထူးကုဆရာဝန္ျဖင့္ သီေပါျပည္သူ႔ေဆးရံုတြင္ ဆီးခ်ဳိေဝဒနာရွင္မ်ားအား အခမဲ့ကုသေပးေန

အဂၤလန္မွ ဆီးခ်ိဳေရာဂါအထူးကုဆရာဝန္ျဖင့္ သီေပါျပည္သူ႔ေဆးရံုတြင္ ဆီးခ်ဳိေဝဒနာရွင္မ်ားအား အခမဲ့ကုသေပးေန
ဇန်နဝါရီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္အတြင္းရွိ စာရင္းေကာက္ယူထားရွိၿပီးသည့္ ဆီးခ်ဳိေရာဂါ ေဝဒနာရွင္ (၇၉၀)ဦးအား သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ဇန္နဝါရီလ (၈) ရက္ေန႔မွ (၁၂) ရက္ေန႔အထိ အဂၤလန္ႏိုင္ငံမွ ဆီးခ်ိဳေရာဂါအထူးကုဆရာဝန္ႀကီးက အခမဲ့ကုသေပးေနေၾကာင္းသိရသည္။

“အရင္တုန္းက သီေပါနဲ႔အနီးတစ္ဝိုက္မွာ ျပည္သူလူထုထဲ ဆီးခ်ိဳေရာဂါေဝဒနာရွင္ ဘယ္ေလာက္ ရွိတယ္ဆိုတာ အလြတ္ေကာက္ယူထားတဲ့ စာတမ္းေလးရွိပါတယ္။ ကၽြန္ေတာ့္ရဲ့ သူငယ္ခ်င္း တစ္ေယာက္က အဂၤလန္မွာ ဆီးခ်ိဳေရာဂါအထူးကုျဖစ္ေနတဲ့အတြက္ သူက ျမန္မာျပည္ကို ခဏ ျပန္ေရာက္ေနတုန္း volunteer အေနနဲ႔ လာၿပီး ၾကည့္ေပးတာပါ။ စာရင္းေကာက္ယူထားခ်က္အရ ဆီးခ်ိဳ ေရာဂါရွင္ (၇၉၀)ဦး ရွိပါတယ္။ အဲဒီထဲကမွ လာၿပီးျပခ်င္တဲ့သူေတြကို ၾကည့္ရႈ စစ္ေဆးကုသေပးတာ ျဖစ္ပါတယ္”ဟု သီေပါျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ နႏၵဝင္း က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

စတင္ကုသေပးေနသည့္ ဇန္နဝါရီလ (၈) ရက္ေန႔တြင္ ဆီးခ်ိဳေရာဂါေဝဒနာရွင္ (၁၅) ဦးရွိခဲ့ၿပီး ဇန္နဝါရီ (၉) ရက္ေန႔တြင္ ေဆးရံုသို႔ စာရင္းေပးသြင္းလာသူဦးေရ (၄၀) ရွိေၾကာင္း သိရသည္။

“အဓိကကေတာ့ ဒီလူနာေတြကို အေၾကာင္းျပဳၿပီးေတာ့ ဒီလူနာေတြကိုကုသေပးရင္းနဲ႔ ဆီးခ်ိဳေရာဂါနဲ႔ ပတ္သက္ တဲ့အေၾကာင္းေတြ အဂၤလန္မွကုသေပးေနတဲ့ကုထံုးေတြကို သီေပါေဆးရံုက လက္ေထာက္ဆရာဝန္ေတြကို တြဲေခၚၿပီး သင္ေပးသြားမွာျဖစ္ပါတယ္” ဟု သီေပါျပည္သူ႔ေဆးရံု မွ ေဆးရံုအုပ္ႀကီးက ေျပာသည္။

သီေပါၿမိဳ႕နယ္အတြင္းရွိ ေက်းလက္က်န္းမာေရး ဌာနမ်ားရွိရာ ေဘာ္ႀကိဳေက်းရြာ၊ ပံုလ်ွန္းေက်းရြာ၊ ေဆာင္ႀကဲ ေက်းရြာ စသည့္ေက်းရြာမ်ားမွ ေက်းလက္က်န္းမာေရးဌာနခြဲမ်ားမွတစ္ဆင့္ ဆီးခ်ိဳ ေရာဂါေဝဒနာရွင္မ်ား၏ အသက္အပိုင္းအျခားႏွင့္ ေနရပ္လိပ္စာတို႔ကို သီေပါၿမိဳ႕ရွိ က်န္းမာေရးဌာနႏွင့္ ေစတနာရွင္တို႔ ပူးေပါင္းကာ စာရင္းေကာက္ယူထားျခင္းျဖစ္ၿပီး ယခုကဲ့သို႔ အခမဲ့ ကုသမႈလုပ္ေဆာင္ ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ဇင္မာေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်းရှိ စာရင်းကောက်ယူထားရှိပြီးသည့် ဆီးချိုရောဂါ ဝေဒနာရှင် (၇၉၀)ဦးအား သီပေါမြို့ ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ အင်္ဂလန်နိုင်ငံမှ ဆီးချိုရောဂါအထူးကုဆရာဝန်ကြီးက အခမဲ့ကုသပေးနေကြောင်းသိရသည်။

“အရင်တုန်းက သီပေါနဲ့အနီးတစ်ဝိုက်မှာ ပြည်သူလူထုထဲ ဆီးချိုရောဂါဝေဒနာရှင် ဘယ်လောက် ရှိတယ်ဆိုတာ အလွတ်ကောက်ယူထားတဲ့ စာတမ်းလေးရှိပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း တစ်ယောက်က အင်္ဂလန်မှာ ဆီးချိုရောဂါအထူးကုဖြစ်နေတဲ့အတွက် သူက မြန်မာပြည်ကို ခဏ ပြန်ရောက်နေတုန်း volunteer အနေနဲ့ လာပြီး ကြည့်ပေးတာပါ။ စာရင်းကောက်ယူထားချက်အရ ဆီးချို ရောဂါရှင် (၇၉၀)ဦး ရှိပါတယ်။ အဲဒီထဲကမှ လာပြီးပြချင်တဲ့သူတွေကို ကြည့်ရှု စစ်ဆေးကုသပေးတာ ဖြစ်ပါတယ်”ဟု သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်း က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စတင်ကုသပေးနေသည့် ဇန်နဝါရီလ (၈) ရက်နေ့တွင် ဆီးချိုရောဂါဝေဒနာရှင် (၁၅) ဦးရှိခဲ့ပြီး ဇန်နဝါရီ (၉) ရက်နေ့တွင် ဆေးရုံသို့ စာရင်းပေးသွင်းလာသူဦးရေ (၄၀) ရှိကြောင်း သိရသည်။

“အဓိကကတော့ ဒီလူနာတွေကို အကြောင်းပြုပြီးတော့ ဒီလူနာတွေကိုကုသပေးရင်းနဲ့ ဆီးချိုရောဂါနဲ့ ပတ်သက် တဲ့အကြောင်းတွေ အင်္ဂလန်မှကုသပေးနေတဲ့ကုထုံးတွေကို သီပေါဆေးရုံက လက်ထောက်ဆရာဝန်တွေကို တွဲခေါ်ပြီး သင်ပေးသွားမှာဖြစ်ပါတယ်” ဟု သီပေါပြည်သူ့ဆေးရုံ မှ ဆေးရုံအုပ်ကြီးက ပြောသည်။

သီပေါမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနများရှိရာ ဘော်ကြိုကျေးရွာ၊ ပုံလျှန်းကျေးရွာ၊ ဆောင်ကြဲ ကျေးရွာ စသည့်ကျေးရွာများမှ ကျေးလက်ကျန်းမာရေးဌာနခွဲများမှတစ်ဆင့် ဆီးချို ရောဂါဝေဒနာရှင်များ၏ အသက်အပိုင်းအခြားနှင့် နေရပ်လိပ်စာတို့ကို သီပေါမြို့ရှိ ကျန်းမာရေးဌာနနှင့် စေတနာရှင်တို့ ပူးပေါင်းကာ စာရင်းကောက်ယူထားခြင်းဖြစ်ပြီး ယခုကဲ့သို့ အခမဲ့ ကုသမှုလုပ်ဆောင် ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ဇင်မာအောင် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~