ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဇန်န၀ါရီလ(၁၂)ရက်နေ့ ညနေ(၃)နာရီကျော်က ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၆)ဦးအား လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။
ယင်းကဲ့သို့ လွှဲပြောင်းပေးလာသူများမှာ မိမိတို့ဆန္ဒအလျောက်နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ နေထိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်ခြင်းများအား စစ်ဆေးတွေ့ရသည်များကို ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၁၂)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း (၁၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ #မြို့နယ်ထွေအုပ်