ထုိင္းႏိုင္ငံ ONCB က အလိုရိွေနသည့္ မူးယစ္တရားခံေျပးအား က်ိဳင္းတံုတြင္ ဖမ္းမိၿပီး တာခ်ီလိတ္မွ ေနအိမ္ကိုလည္း ဝင္ေရာက္စစ္ေဆးထား

ထုိင္းႏိုင္ငံ ONCB က အလိုရိွေနသည့္ မူးယစ္တရားခံေျပးအား က်ိဳင္းတံုတြင္ ဖမ္းမိၿပီး တာခ်ီလိတ္မွ ေနအိမ္ကိုလည္း ဝင္ေရာက္စစ္ေဆးထား
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္၊ က်ိဳင္းတုံ - မိုင္းခတ္သြားကားလမ္း၊ ေနာင္ဖာတံတားအနီးတြင္ ဇန္နဝါရီလ (၂၂)ရက္ေန႔က ျဖစ္ပြားသည့္ ယာဥ္တုိက္မႈမွ ထုိင္းႏုိင္ငံသားမွာ ထုိင္းနိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအဖြဲ႕မွ အလိုရိွေနသူ တစ္ဦးျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

က်ိဳင္းတုံ - မိုင္းခတ္သြားကားလမ္း၊ ေနာင္ဖာတံတားအနီးတြင္ ထိုင္းနိုင္ငံသား အသက္ (၂၉)ႏွစ္အရြယ္ Park ဆိုသူ ေမာင္းႏွင္ၿပီး မနန္းေဖာင္းလုိက္ပါလာသည့္ MARK-X ယာဥ္သည္  မနန္းေမြေအာင္ ေမာင္းႏွင္လာေသာ ဆိုင္ကယ္ႏွင့္ ဦးအိုက္ရီ ေမာင္းႏွင္ၿပီး ေဒၚအီဝမ္းလိုက္ပါလာသည့္ ဆိုင္ကယ္ ႏွစ္စီးတို႔အား ဝင္ေရာက္ တိုက္မိခဲ့ရာ မနန္းေမြေအာင္၊ ဦးအိုက္ရီ၊ ေဒၚအီဝမ္းတို႔ သံုးဦးတြင္ ဒဏ္ရာ အသီးသီး ရသြားသျဖင့္ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံတြင္ ကုသမႈခံယူေနၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈမွာ ေမာ္ေတာ္ယာဥ္ေမာင္းသူ ထုိင္းႏုိင္ငံသား Park အား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇(ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္/သာမန္နာက်င္ေစမႈ) ျဖင့္ လည္းေကာင္း၊ ဇန္နဝါရီလ (၂၃) ရက္ေန႔တြင္ Park အား လဝကမွစစ္ေဆးရာ ျမန္မာနိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ လာျခင္းျဖစ္ေၾကာင္း ေပၚေပါက္သျဖင့္ က်ိဳင္းတုံၿမိဳ႕မရဲစခန္း တြင္ (ပ)၂၂/၂၀၁၈ လဝကအက္ ၁၃(၁) ျဖင့္ လည္းေကာင္း အမႈဖြင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႔ရိွခ်က္အရ ထုိင္းႏုိင္ငံသား Park (ခ) အုိက္ေကာက္ (ခ) အိုက္လိုင္းသည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးအုပ္စု၊ ယမ္းေက်ာက္ရြာတြင္ ေနထုိင္ေၾကာင္း သိရသျဖင့္ အဆုိပါေနအိမ္အား ရဲတပ္ဖြဲ႕က ဇန္နဝါရီလ (၂၄)ရက္ေန႔ ေန႔လယ္ (၁)နာရီ (၂၀)မိနစ္ဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ မိသားစုဝင္မ်ားႏွင့္ မူးယစ္ေဆးဝါး၊ လက္နက္ႏွင့္ပတ္သက္သည့္ ပစၥည္းတစ္စံုတစ္ရာ မေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသားမွာ ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁၃)ရက္ေန႔တြင္ ထုိင္းႏိုင္ငံ၊ ပါခေယာင္းခရိုင္ရဲစခန္းက စိတ္ၾကြရူးသြပ္ေဆးျပား (၁၀)ဖမ္းဆီးရမိမႈျဖင့္ လည္းေကာင္း၊ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ (၂၉)ရက္ေန႔တြင္ စီစေကခရိုင္ရဲစခန္းက စိတ္ၾကြရူးသြပ္ေဆးျပား (၅၉)ျပား ဖမ္းဆီးရမိမႈျဖင့္လည္းေကာင္း ထုိင္းႏုိင္ငံ ပထြန္ဌာနီခရိုင္တရားရံုး၏ ဖမ္းဝရမ္းအမွတ္ ၁၅၇/ ၂၀၁၆ ျဖင့္ ဖမ္းဆီးမိန္႔ထုတ္ျပန္ထားသည့္ ထဝတ္ခ်ိဳင္း ေအာင္းခၽြန္းဖူး (Tahwatchai Aomchompoo) ဆိုသူျဖစ္ေၾကာင္း သိရသျဖင့္ ရဲတပ္ဖြဲ႕က ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအဖြဲ႕ (ONCB)ျဖင့္ ဆက္သြယ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ - မိုင်းခတ်သွားကားလမ်း၊ နောင်ဖာတံတားအနီးတွင် ဇန်နဝါရီလ (၂၂)ရက်နေ့က ဖြစ်ပွားသည့် ယာဉ်တိုက်မှုမှ ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့မှ အလိုရှိနေသူ တစ်ဦးဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ကျိုင်းတုံ - မိုင်းခတ်သွားကားလမ်း၊ နောင်ဖာတံတားအနီးတွင် ထိုင်းနိုင်ငံသား အသက် (၂၉)နှစ်အရွယ် Park ဆိုသူ မောင်းနှင်ပြီး မနန်းဖောင်းလိုက်ပါလာသည့် MARK-X ယာဉ်သည် မနန်းမွေအောင် မောင်းနှင်လာသော ဆိုင်ကယ်နှင့် ဦးအိုက်ရီ မောင်းနှင်ပြီး ဒေါ်အီဝမ်းလိုက်ပါလာသည့် ဆိုင်ကယ် နှစ်စီးတို့အား ဝင်ရောက် တိုက်မိခဲ့ရာ မနန်းမွေအောင်၊ ဦးအိုက်ရီ၊ ဒေါ်အီဝမ်းတို့ သုံးဦးတွင် ဒဏ်ရာ အသီးသီး ရသွားသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနကြေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ မော်တော်ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား Park အား ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန်နာကျင်စေမှု) ဖြင့် လည်းကောင်း၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် Park အား လဝကမှစစ်ဆေးရာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက် လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ကျိုင်းတုံမြို့မရဲစခန်း တွင် (ပ)၂၂/၂၀၁၈ လဝကအက် ၁၃(၁) ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိချက်အရ ထိုင်းနိုင်ငံသား Park (ခ) အိုက်ကောက် (ခ) အိုက်လိုင်းသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စု၊ ယမ်းကျောက်ရွာတွင် နေထိုင်ကြောင်း သိရသဖြင့် အဆိုပါနေအိမ်အား ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လယ် (၁)နာရီ (၂၀)မိနစ်ဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ မိသားစုဝင်များနှင့် မူးယစ်ဆေးဝါး၊ လက်နက်နှင့်ပတ်သက်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားမှာ ၂၀၁၆ ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပါခယောင်းခရိုင်ရဲစခန်းက စိတ်ကြွရူးသွပ်ဆေးပြား (၁၀)ဖမ်းဆီးရမိမှုဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် စီစကေခရိုင်ရဲစခန်းက စိတ်ကြွရူးသွပ်ဆေးပြား (၅၉)ပြား ဖမ်းဆီးရမိမှုဖြင့်လည်းကောင်း ထိုင်းနိုင်ငံ ပထွန်ဌာနီခရိုင်တရားရုံး၏ ဖမ်းဝရမ်းအမှတ် ၁၅၇/ ၂၀၁၆ ဖြင့် ဖမ်းဆီးမိန့်ထုတ်ပြန်ထားသည့် ထဝတ်ချိုင်း အောင်းချွန်းဖူး (Tahwatchai Aomchompoo) ဆိုသူဖြစ်ကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)ဖြင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~