မူဆယ္သူယာဥ္လုိင္းမွ ယာဥ္ေမာင္းနွင့္ ယာဥ္ေနာက္လုိက္မ်ားအား လက္နက္ကိုင္အဖြဲ႕ ဖမ္းေခၚသြား၍ ခရီးသည္က အနီးဆံုးရဲတပ္ဖြဲ႕ရိွရာသို႔ ကားကိုေမာင္းႏွင္လာရ

မူဆယ္သူယာဥ္လုိင္းမွ ယာဥ္ေမာင္းနွင့္ ယာဥ္ေနာက္လုိက္မ်ားအား လက္နက္ကိုင္အဖြဲ႕ ဖမ္းေခၚသြား၍ ခရီးသည္က အနီးဆံုးရဲတပ္ဖြဲ႕ရိွရာသို႔ ကားကိုေမာင္းႏွင္လာရ
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မူဆယ္မွ မႏၱေလးသို႔ ေျပးဆြဲေနသည့္ မူဆယ္သူယာဥ္လိုင္းမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ စုစုေပါင္း (၃)ဦးအား ၁၀၅ မိုင္အေက်ာ္တြင္ ဇန္နဝါရီလ (၂) ရက္ေန႔ ညေနပိုင္း၌ အရပ္ဝတ္ႏွင့္လူတစ္စုက လက္နက္ျဖင့္ ၿခိမ္းေျခာက္ေခၚေဆာင္သြားရာ ခရီးသည္တစ္ဦးက ကားကို​အနီးဆံုး ရဲတပ္ဖြဲ႔ရိွရာသို႔ ေမာင္းႏွင္လာရေၾကာင္း သိရသည္။

“စုစုေပါင္း အမ်ိဳးသား သံုးဦးကို သူတို႔က ေခၚသြားတာပါ။ ခရီးသည္ေတြနဲ႕ ကားကိုေတာ့ ဘာမွ မလုပ္သြားဘူး။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး စံုစမ္းေနဆဲပဲ ရွိပါေသးတယ္” ဟု မူဆယ္ၿမိဳ႕မရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ၂၀၁၈ ခုနွစ္ ဇန္နဝါရီလ (၃)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇန္နဝါရီလ (၂)ရက္ေန႔ ညေန (၅)နာရီခြဲတြင္ မူဆယ္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သုိ႔ ထြက္ခြာလာသည့္ မူဆယ္သူခရီးသည္တင္ ယာဥ္လုိင္းမွ မွန္လုံ Express ယာဥ္သည္ မူဆယ္ၿမိဳ႕မွ (၁၀)မိုင္ခန္႔အကြာ ၁၀၅ မုိင္အေက်ာ္၊ ေမာ္ေတာင္းေက်းရြာ အနီးသုိ႔ အေရာက္တြင္ ေတာလမ္းတစ္ေနရာမွ ပါဂဲ်ရိုး အစိမ္းေရာင္တစ္စီးက လိုက္လံတားျမစ္ခဲ့ၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ားအား ေခၚသြားျခင္း ျဖစ္ေၾကာင္း မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရး ဌာနမွ သိရသည္။

အဆိုပါယာဥ္အား ခရီးသည္တစ္ဦးက နမ့္ေပၚတံတားအထိ ေမာင္းႏွင္လာၿပီး တံတားသုိ႔ အေရာက္တြင္ တံတားတာ၀န္က်ရဲတပ္ဖြဲ႕၀င္မ်ားကုိ ခရီးသည္မ်ားက ျဖစ္စဥ္အားရွင္းျပ၍ ခရီးသည္မ်ားက မိမိတို႔ အစီအစဥ္ျဖင့္ ခရီးဆက္လက္ထြက္ခြာရန္ စီစဥ္ခဲ့ၾကေၾကာင္း သိရသည္။

ခရီးသည္တင္ယာဥ္ အမွတ္ 8H/ 2826 မွ ဖမ္းဆီးေခၚေဆာင္သြားခံရသူမ်ားမွာ ယာဥ္ေမာင္း ဦးေငြဖုန္း၊ ယာဥ္ေနာက္လိုက္မ်ား ဦးျမတ္မင္းႏွင့္ ဦးေအာင္မ်ိဳးသန္႔တို႕ျဖစ္ၿပီး အဆိုပါ ျဖစ္စဥ္အား သက္ဆုိင္ရာက စံုစမ္းေဖၚထုတ္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မှ မန္တလေးသို့ ပြေးဆွဲနေသည့် မူဆယ်သူယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၃)ဦးအား ၁၀၅ မိုင်အကျော်တွင် ဇန်နဝါရီလ (၂) ရက်နေ့ ညနေပိုင်း၌ အရပ်ဝတ်နှင့်လူတစ်စုက လက်နက်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်သွားရာ ခရီးသည်တစ်ဦးက ကားကို​အနီးဆုံး ရဲတပ်ဖွဲ့ရှိရာသို့ မောင်းနှင်လာရကြောင်း သိရသည်။

“စုစုပေါင်း အမျိုးသား သုံးဦးကို သူတို့က ခေါ်သွားတာပါ။ ခရီးသည်တွေနဲ့ ကားကိုတော့ ဘာမှ မလုပ်သွားဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲပဲ ရှိပါသေးတယ်” ဟု မူဆယ်မြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇန်နဝါရီလ (၂)ရက်နေ့ ညနေ (၅)နာရီခွဲတွင် မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် မူဆယ်သူခရီးသည်တင် ယာဉ်လိုင်းမှ မှန်လုံ Express ယာဉ်သည် မူဆယ်မြို့မှ (၁၀)မိုင်ခန့်အကွာ ၁၀၅ မိုင်အကျော်၊ မော်တောင်းကျေးရွာ အနီးသို့ အရောက်တွင် တောလမ်းတစ်နေရာမှ ပါဂျဲရိုး အစိမ်းရောင်တစ်စီးက လိုက်လံတားမြစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ခေါ်သွားခြင်း ဖြစ်ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဌာနမှ သိရသည်။

အဆိုပါယာဉ်အား ခရီးသည်တစ်ဦးက နမ့်ပေါ်တံတားအထိ မောင်းနှင်လာပြီး တံတားသို့ အရောက်တွင် တံတားတာဝန်ကျရဲတပ်ဖွဲ့ဝင်များကို ခရီးသည်များက ဖြစ်စဉ်အားရှင်းပြ၍ ခရီးသည်များက မိမိတို့ အစီအစဉ်ဖြင့် ခရီးဆက်လက်ထွက်ခွာရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။

ခရီးသည်တင်ယာဉ် အမှတ် 8H/ 2826 မှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများမှာ ယာဉ်မောင်း ဦးငွေဖုန်း၊ ယာဉ်နောက်လိုက်များ ဦးမြတ်မင်းနှင့် ဦးအောင်မျိုးသန့်တို့ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~