လားရိႈးယာဥ္ထိန္းတပ္ဖြဲ႕စုမွဴး ဒုရဲမွဴးေက်ာ္ခုိင္အား Lashio News Group က Mr.Popular 2017 အျဖစ္ ေရြးခ်ယ္

လားရိႈးယာဥ္ထိန္းတပ္ဖြဲ႕စုမွဴး ဒုရဲမွဴးေက်ာ္ခုိင္အား Lashio News Group က Mr.Popular 2017 အျဖစ္ ေရြးခ်ယ္
ဇန်နဝါရီ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕ရွိ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႔မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ခိုင္အား Mr.popular 2017 အျဖစ္ Facebook Group တစ္ခုျဖစ္သည့္ Lashio News Group ၏ Admin မ်ားက ေရြးခ်ယ္ ဂုဏ္ျပဳပြဲကို ဇန္နဝါရီလ (၃) ရက္ေန႔က လားရိႈးမိုတယ္၌ က်င္းပေၾကာင္း သိရသည္။

အဆိုပါ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္၏ ယာဥ္စည္းကမ္း လမ္းစည္းကမ္းဆိုင္ရာ ေဟာေျပာခ်က္မ်ားအား လားရိႈးၿမိဳ႕သူၿမိဳ႕သားမ်ား သေဘာက်ႏွစ္သက္မႈမ်ားသျဖင့္ ၂၀၁၇ ခုႏွစ္အတြက္ ေက်ာ္ၾကားသူတစ္ဦးအျဖစ္ ေရြးခ်ယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ယာဥ္စည္းကမ္း လမ္းစည္းကမ္းနဲ႔ပတ္သက္ၿပီး ဒုရဲမွဴးေက်ာ္ခိုင္ရဲ႕ ပညာေပးေဟာေျပာတာေတြကို ျပည္သူေတြက သေဘာက်တယ္။ အဓိက ကေတာ့ ျပည္သူလူထုရဲ့ အသိစိတ္ထဲကို ယာဥ္စည္းကမ္း လမ္းစည္းကမ္း အသိ ပညာေရာက္ေအာင္ေပးႏိုင္တယ္။ တစ္ကယ္လည္း သူကႀကိဳးစားတဲ့ ဝန္ထမ္းတစ္ဦးျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ Lashio News Group ကေန အခုလို မွတ္တမ္းတင္ ဂုဏ္ျပဳေပးတာျဖစ္ပါတယ္”ဟု Lashio News Group ၏ Admin ဦးေသာ္တာထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမွတ္(၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(လားရိႈး)မွ ဒုရဲမွဴး ေက်ာ္ႏိုင္အား မွတ္တမ္းတင္ဂုဏ္ျပဳလႊာႏွင့္ ေရႊတစ္က်ပ္သား ဆြဲျပား ေပးအပ္ေၾကာင္း သိရသည္။

“ဒီလိုလိႈက္လႈိက္လွဲလွဲဂုဏ္ျပဳခံရဖို႔ ထင္မထားဘဲ ျဖစ္လာတဲ့အတြက္ ဝမ္းသာရပါတယ္။ ကြ်န္ေတာ့္ အေနနဲ႔လည္း က်ရာတာဝန္ေတြကို ဆထက္ထမ္းပိုး ႀကိဳးစားသြားမွာပါ။ ဒီေန႔ ေက်ာ္ခိုင္သည္ မေန႔က ေက်ာ္ခိုင္ထက္ ေတာ္ရမယ္။ ျပည္သူကိုပိုအက်ိဳးျပဳႏိုင္ရမယ္လို႔ပဲ ကၽြန္ေတာ္က စိတ္ထားပါတယ္။ ျမန္မာႏိုင္ငံ တစ္ဝန္းလံုးမွာရွိတဲ့ (၅၁,၄၈၆,၂၅၃) ေယာက္ေသာ ျပည္သူေတြ ယာဥ္အႏၱရာယ္ကင္းရွင္းေစဖို႔ ကၽြန္ေတာ္တို႔ ယာဥ္ထိန္းတပ္ဖြဲ႔ေတြနဲ႔ ကၽြန္ေတာ္ကိုယ္တိုင္မွာ တာဝန္ရွိတယ္လို႔ မွတ္ယူပါတယ္။ ျမန္မာႏိုင္ငံမွာ ကၽြန္ေတာ္တို႔ ယာဥ္ထိန္းတပ္ဖြဲ႔ဝင္ (၅၈၉၀) ပဲရွိတယ္။ ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔လည္း ယာဥ္စည္းကမ္း လမ္းစည္းကမ္း ကို ကိုယ္တိုင္လိုက္နာျခင္းအားျဖင့္ ပူးေပါင္းပါဝင္ေဆာင္ရြက္လာေစခ်င္ပါတယ္” ဟု အမွတ္ ၁၁၉ ယာဥ္ထိန္းတပ္ဖြဲ႔စု (လားရိႈး) မွ ဒုရဲမွဴးေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒုရဲမွဴးေက်ာ္ခုိင္သည္ ၂၀၁၁ ခုႏွစ္ ဇြန္လ ၂၇ ရက္ေန႔မွစ၍ ဧရာဝတီတိုင္း၌ ယာဥ္ထိန္းရဲတာဝန္ စတင္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔ ၂၀၁၅ ခုႏွစ္တြင္ တာဝန္က်ခဲ့ကာ လားရိႈးၿမိဳ႕တြင္ စတင္တာဝန္ထမ္းေဆာင္ခ်ိန္မွ လက္ရိွအခ်ိန္ထိ ယာဥ္စည္းကမ္းလမ္းစည္းကမ္း အသိပညာေပး ေဟာေျပာမႈ အႀကိမ္(၂၀၀) ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၿမိဳ႕ျပလူဦးေရ (၁၆၀၀၀၀)ေက်ာ္ရွိၿပီး၊ ၿမိဳ႕နယ္လူဦးေရ (၁၅၀၀၀၀) ေက်ာ္ရွိကာ အမွတ္(၁၁၉)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (လားရိႈး) တြင္ တပ္ဖြဲ႔ဝင္ (၄၀) ေက်ာ္သာရွိသည့္အတြက္ ယာဥ္ထိန္းတပ္ဖြဲ႔ဝင္တစ္ဦးလွ်င္ အခ်ိဳးက်လူဦးေရ (၅၂၀၀) ခန္႔ ကို တာဝန္ယူထိန္းသိမ္းရသည့္အတြက္ ျပည္သူလူထုကိုယ္တိုင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း လိုက္နာျခင္းျဖင့္ ယာဥ္အႏၱရာယ္ကင္းရွင္းစြာ ေနထိုင္ ႏိုင္ရန္ ပူးေပါင္းပါဝင္ ေဆာင္ရြက္ေစလိုေၾကာင္း ဒုရဲမွဴးေက်ာ္ခိုင္က တုိက္တြန္းလုိက္သည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့ရှိ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ခိုင်အား Mr.popular 2017 အဖြစ် Facebook Group တစ်ခုဖြစ်သည့် Lashio News Group၏ Admin များက ရွေးချယ် ဂုဏ်ပြုပွဲကို ဇန်နဝါရီလ (၃) ရက်နေ့က လားရှိုးမိုတယ်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဟောပြောချက်များအား လားရှိုးမြို့သူမြို့သားများ သဘောကျနှစ်သက်မှုများသဖြင့် ၂၀၁၇ ခုနှစ်အတွက် ကျော်ကြားသူတစ်ဦးအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ဒုရဲမှူးကျော်ခိုင်ရဲ့ ပညာပေးဟောပြောတာတွေကို ပြည်သူတွေက သဘောကျတယ်။ အဓိက ကတော့ ပြည်သူလူထုရဲ့ အသိစိတ်ထဲကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိ ပညာရောက်အောင်ပေးနိုင်တယ်။ တစ်ကယ်လည်း သူကကြိုးစားတဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့အတွက် ကျွန်တော်တို့ Lashio News Group ကနေ အခုလို မှတ်တမ်းတင် ဂုဏ်ပြုပေးတာဖြစ်ပါတယ်”ဟု Lashio News Group၏ Admin ဦးသော်တာထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)မှ ဒုရဲမှူး ကျော်နိုင်အား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ရွှေတစ်ကျပ်သား ဆွဲပြား ပေးအပ်ကြောင်း သိရသည်။

“ဒီလိုလှိုက်လှိုက်လှဲလှဲဂုဏ်ပြုခံရဖို့ ထင်မထားဘဲ ဖြစ်လာတဲ့အတွက် ဝမ်းသာရပါတယ်။ ကျွန်တော့် အနေနဲ့လည်း ကျရာတာဝန်တွေကို ဆထက်ထမ်းပိုး ကြိုးစားသွားမှာပါ။ ဒီနေ့ ကျော်ခိုင်သည် မနေ့က ကျော်ခိုင်ထက် တော်ရမယ်။ ပြည်သူကိုပိုအကျိုးပြုနိုင်ရမယ်လို့ပဲ ကျွန်တော်က စိတ်ထားပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ (၅၁,၄၈၆,၂၅၃) ယောက်သော ပြည်သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့တွေနဲ့ ကျွန်တော်ကိုယ်တိုင်မှာ တာဝန်ရှိတယ်လို့ မှတ်ယူပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၅၈၉၀) ပဲရှိတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကို ကိုယ်တိုင်လိုက်နာခြင်းအားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေချင်ပါတယ်” ဟု အမှတ် ၁၁၉ ယာဉ်ထိန်းတပ်ဖွဲ့စု (လားရှိုး) မှ ဒုရဲမှူးကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုရဲမှူးကျော်ခိုင်သည် ၂၀၁၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှစ၍ ဧရာဝတီတိုင်း၌ ယာဉ်ထိန်းရဲတာဝန် စတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ၂၀၁၅ ခုနှစ်တွင် တာဝန်ကျခဲ့ကာ လားရှိုးမြို့တွင် စတင်တာဝန်ထမ်းဆောင်ချိန်မှ လက်ရှိအချိန်ထိ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောမှု အကြိမ်(၂၀၀) ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့ပြလူဦးရေ (၁၆၀၀၀၀)ကျော်ရှိပြီး၊ မြို့နယ်လူဦးရေ (၁၅၀၀၀၀) ကျော်ရှိကာ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုး) တွင် တပ်ဖွဲ့ဝင် (၄၀) ကျော်သာရှိသည့်အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးလျှင် အချိုးကျလူဦးရေ (၅၂၀၀) ခန့် ကို တာဝန်ယူထိန်းသိမ်းရသည့်အတွက် ပြည်သူလူထုကိုယ်တိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ နေထိုင် နိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ဒုရဲမှူးကျော်ခိုင်က တိုက်တွန်းလိုက်သည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~