မိုင္းျဖတ္တြင္ သစ္ေတာစိုက္ခင္းတည္ေထာင္ျခင္းနွင့္ ပ်ိဳးဥယ်ာဥ္သင္တန္းဖြင့္လွစ္

မိုင္းျဖတ္တြင္ သစ္ေတာစိုက္ခင္းတည္ေထာင္ျခင္းနွင့္ ပ်ိဳးဥယ်ာဥ္သင္တန္းဖြင့္လွစ္
ဇန်နဝါရီ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနတြင္ သစ္ေတာစိုက္ခင္း တည္ေထာင္ျခင္းႏွင့္ ပ်ဳိးဥယ်ာဥ္ (၅)ရက္ၾကာသင္တန္း အမွတ္စဥ္(၁)အား ဇန္န၀ါရီ လ(၈)ရက္ေန႔က စတင္ဖြင့္လွစ္ေနေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ သစ္ေတာဦးစီးဌာနအေနနဲ႔ ျပည္သူလူထုေတြကို နည္းစနစ္တက် အပင္ေတြကို ပ်ဳိးေထာင္လာတတ္ေအာင္နဲ႔ ပ်ဳိးဥယ်ာဥ္ေတြမွာ ေသခ်ာ နည္းစနစ္တက် ပ်ဳိးပင္ေတြထားတတ္ေအာင္ ရည္႐ြယ္ၿပီးေတာ့ လူငယ္ေတြကို သင္တန္းပို႔ခ်ေပးတာျဖစ္ပါတယ္”ဟု မိုင္းျဖတ္ၿမိဳ႕နယ္သစ္ေတာဦးစီးမွဴး ဦးေစာတင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အခမ္းအနားသုိ႔ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္ႏွင့္ ဦးအားကို ၊ တြဲဖက္သစ္ေတာျပည္နယ္အရာရွိ(က်ဳိင္းတံု)မွ ဒုတိယၫႊန္ၾကားေရးမွဴး ဦးစိုးျမင့္သိန္း၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္၊ ၿမိဳ႕နယ္သစ္ေတာဦးစီးမွဴး ဦးေစာတင္ျမင့္ႏွင့္ ၀န္ထမ္းမ်ား၊ သင္တန္းသား၊ သင္တန္းသူ (၂၆)ဦးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနတွင် သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ပျိုးဥယျာဉ် (၅)ရက်ကြာသင်တန်း အမှတ်စဉ်(၁)အား ဇန်နဝါရီ လ(၈)ရက်နေ့က စတင်ဖွင့်လှစ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ပြည်သူလူထုတွေကို နည်းစနစ်တကျ အပင်တွေကို ပျိုးထောင်လာတတ်အောင်နဲ့ ပျိုးဥယျာဉ်တွေမှာ သေချာ နည်းစနစ်တကျ ပျိုးပင်တွေထားတတ်အောင် ရည်ရွယ်ပြီးတော့ လူငယ်တွေကို သင်တန်းပို့ချပေးတာဖြစ်ပါတယ်”ဟု မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးမှူး ဦးစောတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမ်းအနားသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ညီညီအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ တွဲဖက်သစ်တောပြည်နယ်အရာရှိ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်း၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးစောတင်မြင့်နှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ (၂၆)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~