မေကြးတိုင္းေဒသႀကီးအစိုးရက တိုင္းေဒသႀကီးအတြင္းမွ ရဲတပ္ဖဲြ႔မ်ားအတြက္ ဆိုင္ကယ္ (၁၃၂)စီး ေပးအပ္

မေကြးတိုင္းေဒသႀကီးအစိုးရက တိုင္းေဒသႀကီးအတြင္းမွ ရဲတပ္ဖဲြ႔မ်ားအတြက္ ဆိုင္ကယ္ (၁၃၂)စီး ေပးအပ္
ဇန်နဝါရီ 12, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအတြင္း လံုၿခံဳေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ထိေရာက္စြာ ေဆာင္ ရြက္ႏိုင္ရန္အတြက္ တုိင္းေဒသႀကီးအစိုးရအဖြဲ႔ကေပးအပ္သည့္ ဆုိင္ကယ္ (၁၃၂)စီးအား မေကြးတိုင္းေဒသႀကီးအတြင္းရိွ ခရိုင္(၅)ခုမွ ရဲတပ္ဖဲြ႔မ်ားသို႔ ျဖန္႔ေဝေပးသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

 “ဆိုင္ကယ္ေတြကို မေကြးတုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးရံုး စစ္ေရးျပကြင္းမွာ စီတန္းထားရိွၿပီး တုိင္းေဒ သႀကီးရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ခင္ေမာင္ေအးနဲ႔ ဒုတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး လွသန္းတို႔က အရည္ အေသြး စိစစ္ေရးေကာ္မတီအဖြဲ႕၀င္မ်ားနဲ႔အတူ ဇန္နဝါရီလ (၁၁) ရက္ေန႔က ဖြင့္ေဖာက္စစ္ေဆး လက္ခံခဲ့ပါ တယ္”ဟု တိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴးရံုးမွ ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဆိုင္ကယ္မ်ားအား မွတ္ပံုတင္ၿပီးပါက မေကြး၊ မင္းဘူး၊ သရက္၊ ပခုကၠဴႏွင္႔ ဂန္႔ေဂါခရိုင္မ်ားရိွ ရဲတပ္ဖြဲ႕မ်ားသို႔႔ ျဖန္႔ေဝေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးအတွင်းမှ ရဲတပ်ဖွဲ့များအတွက် ဆိုင်ကယ် (၁၃၂)စီး ပေးအပ်
************
မကွေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင် ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးအပ်သည့် ဆိုင်ကယ် (၁၃၂)စီးအား မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုမှ ရဲတပ်ဖွဲ့များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 “ဆိုင်ကယ်တွေကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး စစ်ရေးပြကွင်းမှာ စီတန်းထားရှိပြီး တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးနဲ့ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်းတို့က အရည် အသွေး စိစစ်ရေးကော်မတီအဖွဲ့ဝင်များနဲ့အတူ ဇန်နဝါရီလ (၁၁) ရက်နေ့က ဖွင့်ဖောက်စစ်ဆေး လက်ခံခဲ့ပါ တယ်”ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဆိုင်ကယ်များအား မှတ်ပုံတင်ပြီးပါက မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါခရိုင်များရှိ ရဲတပ်ဖွဲ့များသို့့ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~