မဲေခါင္-လန္ခ်န္းျမစ္ေၾကာင္း ပူးေပါင္းကင္းလွည့္ျခင္းအေပၚ ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္းနိုင္ငံ အဆင့္ျမင့္အရာရိွႀကီးမ်ား အစည္းအေဝးက်င္းပ

မဲေခါင္-လန္ခ်န္းျမစ္ေၾကာင္း ပူးေပါင္းကင္းလွည့္ျခင္းအေပၚ ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္းနိုင္ငံ အဆင့္ျမင့္အရာရိွႀကီးမ်ား အစည္းအေဝးက်င္းပ
ဇန်နဝါရီ 11, 2018
By 🌸
မဲေခါင္-လန္ခ်န္းျမစ္ေၾကာင္း ပူးေပါင္းကင္းလွည့္ျခင္းအေပၚ ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္းနိုင္ငံတို႔မွ အဆင့္ျမင့္အရာရွိႀကီးမ်ား ညိႇႏိႈင္းအစည္းအေဝး ကို ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ (၁၁) ရက္ေန႔ႏွင့္ (၁၂)ရက္ေန႔မ်ား၌ ရန္ကုန္ၿမိဳ႕တြင္ က်င္းပေနေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ မဲေခါင္ေဒသတြင္း လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္ သတင္းအခ်က္အလက္ဖလွယ္မႈမ်ား ပိုမို ျမႇင့္တင္ပူးေပါင္း ေဆာင္ရြက္ေရး၊ မဲေခါင္ျမစ္ေၾကာင္း ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္တြင္ နယ္စပ္ဆက္ဆံေရး႐ုံးမ်ား၏ အခန္းက႑ႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈကိုလည္း ျမႇင့္တင္ေဆာင္ ရြက္ေရး၊ ႏွစ္နိုင္ငံနယ္စပ္ေဒသမ်ားတြင္ ျဖစ္ပြားမႈအမ်ားဆုံးျဖစ္သည့္ မူးယစ္ေဆးဝါး၊ လူကုန္ ကူးမႈ၊ ေလာင္းကစားမႈႏွင့္ တရားမဝင္ကုန္ပစၥည္းမ်ား သယ္ေဆာင္ ေရာင္းဝယ္မႈမ်ား တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ား ပိုမိုျမႇင့္တင္ ေဆာင္ရြက္ေရး၊ နယ္စပ္ေဒသတြင္ တာဝန္ထမ္းေဆာင္ေနေသာ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္မ်ား အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈ၊ ယုံၾကည္မႈမ်ား ပိုမိုျမႇင့္တင္နိုင္ေရး ဆိုင္ရာကိစၥရပ္မ်ား ေဆြးေႏြးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၄)ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္မႈတြင္ ကင္းလွည့္ေဆာင္ရြက္ျခင္း အပါအဝင္ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ားကို ပူးေပါင္းေဆာင္ရြက္ျခင္း၊ ျပန္လည္သုံးသပ္ေဆြးေႏြးျခင္း၊ အျပန္အလွန္ကူညီေပးျခင္းမ်ား ေဆာင္ရြက္ေနၾကျခင္းျဖစ္ၿပီး အၾကမ္းဖက္မႈ၊ မူးယစ္ ေဆးဝါးမႈ၊ လူကုန္ကူးမႈ၊ ေငြေၾကးခဝါခ်မႈႏွင့္ ဆိုက္ဘာမႈခင္းမ်ား ေလ်ာ့နည္းက်ဆင္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ၾကရန္ အေရးႀကီးေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုးက အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါအစည္းအေဝးဖြင့္ပြဲအား ရန္ကုန္ၿမိဳ႕ Summit Parkview Hotel တြင္ က်င္းပရာ ျပည္ထဲေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ ေအာင္စိုး၊ အမွတ္(၂)လုံျခဳံေရးရဲ ကြပ္ကဲမႈအဖြဲ႕မွဴး၊ ေရေၾကာင္းရဲတပ္ဖြဲ႕မွဴး၊ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး၊ ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္နိုင္ငံသံ႐ုံးမွ ရဲဆက္ဆံေရးသံမွဴးႀကီး၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္းနိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ား စုစုေပါင္း (၅၀) ဦးတက္ေရာက္ၾကၿပီး ျမန္မာ - ထုိင္းနယ္စပ္ေဒသ ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္မွ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ထိန္ဝင္းလည္း အဆိုပါ အစည္းအေဝး တက္ေရာက္ေနေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံတြင္ လန္ခ်န္းဟုေခၚသည့္ မဲေခါင္ျမစ္၏ ျမစ္ေၾကာင္းတေလွ်ာက္ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ရန္အတြက္ နယ္နမိတ္ထိစပ္ေနသည့္ ျမန္မာ၊ တ႐ုတ္၊ လာအိုႏွင့္ ထိုင္းနိုင္ငံတို႔ ၂၀၁၁ ခုႏွစ္မွစ၍ ညႇိႏိႈင္းေဆြးေႏြးခဲ့ၿပီး ပူးေပါင္းကင္းလွည့္ျခင္းကို ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
 မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်းကင်းလှည့်ခြင်းအပေါ် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ
****************
မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်းကင်းလှည့်ခြင်းအပေါ် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့နှင့် (၁၂)ရက်နေ့များ၌ ရန်ကုန်မြို့တွင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မဲခေါင်ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သတင်းအချက်အလက်ဖလှယ်မှုများ ပိုမို မြှင့်တင်ပူးပေါင်း ဆောင်ရွက်ရေး၊ မဲခေါင်မြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် နယ်စပ်ဆက်ဆံရေးရုံးများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင် ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် မူးယစ်ဆေးဝါး၊ လူကုန် ကူးမှု၊ လောင်းကစားမှုနှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှုများ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၄)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် ကင်းလှည့်ဆောင်ရွက်ခြင်း အပါအဝင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အပြန်အလှန်ကူညီပေးခြင်းများ ဆောင်ရွက်နေကြခြင်းဖြစ်ပြီး အကြမ်းဖက်မှု၊ မူးယစ် ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် ဆိုက်ဘာမှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးဖွင့်ပွဲအား ရန်ကုန်မြို့ Summit Parkview Hotel တွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုး၊ အမှတ်(၂)လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှူး၊ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ရဲဆက်ဆံရေးသံမှူးကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးတက်ရောက်ကြပြီး မြန်မာ - ထိုင်းနယ်စပ်ဒေသ ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်းလည်း အဆိုပါ အစည်းအဝေး တက်ရောက်နေကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်သည့် မဲခေါင်မြစ်၏ မြစ်ကြောင်းတလျှောက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နယ်နမိတ်ထိစပ်နေသည့် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ၂၀၁၁ ခုနှစ်မှစ၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပူးပေါင်းကင်းလှည့်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~