မန္းေခ်ာင္းေရတိုးလာေန၍ ေရႊစက္ေတာ္ဘုရားပြဲဆိုင္ခန္းမ်ားကို သတိေပးခ်က္ထုတ္ျပန္ထားေသာ္လည္း ဇန္နဝါရီလ ၃ ရက္ေန႔တြင္ မိုးရြာသြန္းမႈ ေလ်ာ့နည္းသြား

မန္းေခ်ာင္းေရတိုးလာေန၍ ေရႊစက္ေတာ္ဘုရားပြဲဆိုင္ခန္းမ်ားကို သတိေပးခ်က္ထုတ္ျပန္ထားေသာ္လည္း ဇန္နဝါရီလ ၃ ရက္ေန႔တြင္ မိုးရြာသြန္းမႈ ေလ်ာ့နည္းသြား
ဇန်နဝါရီ 3, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္ရိွ မန္းေရႊစက္ေတာ္ဘုရားပဲြေတာ္က်င္းပရန္ နီးကပ္ေနခ်ိန္တြင္ အခ်ိန္အခါမဟုတ္ မိုးေၾကာင့္ ေခ်ာင္းေရတိုးလာ၍ သတိေပးခ်က္ထုတ္ျပန္ထားေသာ္လည္း ဇန္နဝါရီလ (၃)ရက္ေန႔တြင္ မိုးရြာသြန္းမႈေလ်ာ့နည္းသြားၿပီျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီလ(၁)ရက္ေန႔မွစတင္၍ မိုးအဆက္မျပတ္ရြာသြန္းေနမႈေၾကာင္႔ ပန္းတိမ္းေခ်ာင္းမွ မန္းေခ်ာင္း အတြင္းသို႔ ေရတိုးဝင္သျဖင္႔ မန္းေခ်ာင္းေရမွာ အနည္းငယ္ ျမင္႔တက္လာရာ ေခ်ာင္းနံေဘးတြင္ ဖြင္႔လွစ္ ထားသည့္ေစ်းဆိုင္မ်ား သတိျပဳေနထိုင္ၾကရန္ မင္းဘူးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေရႊ စက္ေတာ္ေဂါပကအဖဲြ႔ႏွင္႔ မင္းဘူးခရိုင္မီးသတ္ဦးစီးဌာနတို႔ပူးေပါင္းအဖဲြ႔က ဇန္နဝါရီလ (၂)ရက္ေန႔တြင္ သတိေပးစာ ထုတ္ျပန္ထားျခင္းျဖစ္သည္။

"ေရက ကမ္းေပၚကိုေက်ာ္လြန္လာျခင္း မရိွပါဘူး။ မေန႔ကေတာ႔ မိုးကအဆက္မျပတ္ရြာေနတာေၾကာင္႔ ဒီပံုအတိုင္းသာ ဆက္ၿပီးရြာေနရင္ ကမ္းေပၚကိုလွ်ံလာႏိုင္တယ္ဆိုၿပီး ကမ္းေဘးက ေစ်းဆိုင္ေတြ ကို သတိထားေနႏိုင္ေအာင္ သတိေပးႏိွဳးေဆာ္ခဲ႔တာပါ။ အထက္မွာရိွတဲ႔ ဆည္ကလည္း ေရလႊတ္ထုတ္ တာမရိွေသးဘဲ ေရပိုလဲႊက ပံုမွန္ေလာက္ပဲလႊတ္ေနတာပါ။ လက္ရိွေရတိုးတာက ပန္းတိမ္းေခ်ာင္းကေန မန္းေခ်ာင္းကို ေရဝင္လာတာေၾကာင္႔ပါ။ ဒီေန႔ေတာ႔ မိုးျပတ္သေလာက္ျဖစ္ေနၿပီမို႔ စိုးရိမ္စရာအေျခအေန မရိွေတာ႔ပါဘူး"ဟု ေဂါပကဥကၠ႒ ဦးသိန္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လြန္ခဲ႔သည့္ ႏွစ္(၃၀)ခန္႔က မန္းေခ်ာင္းေရတိုးလာ၍ ေရႊစက္ေတာ္ဘုရားပဲြေတာ္ရိွ တည္းခိုေဆာင္ မ်ား၊ ေစ်းဆိုင္မ်ားႏွင္႔ ဘုရားဖူးျပည္သူအခ်ိဳ႕ ေရစီးတြင္ေမ်ာပါ၍ အေသအေပ်ာက္ႏွင္႔ ပ်က္စီးဆံုးရံွဴးမႈမ်ား ရိွခဲ့ၿပီး ၿပီးခဲ႔သည္႔ ဘုရားပဲြေတာ္ရာသီကလည္း မန္းေခ်ာင္းေရတိုးျမင္႔လာမႈေၾကာင္႔ ဘုရားပဲြေတာ္အား ပိတ္သိမ္းရမည့္ရက္ထက္ ေစာ၍ ပိတ္သိမ္းခဲ႔ရေၾကာင္းသိရသည္။

ယခုႏွစ္ ေရႊစက္ေတာ္ဘုရားပဲြေတာ္အား ဇန္နဝါရီလ (၂၁)ရက္ေန႔တြင္ စတင္ဖြင္႔လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရန် နီးကပ်နေချိန်တွင် အချိန်အခါမဟုတ် မိုးကြောင့် ချောင်းရေတိုးလာ၍ သတိပေးချက်ထုတ်ပြန်ထားသော်လည်း ဇန်နဝါရီလ (၃)ရက်နေ့တွင် မိုးရွာသွန်းမှုလျော့နည်းသွားပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ပန်းတိမ်းချောင်းမှ မန်းချောင်း အတွင်းသို့ ရေတိုးဝင်သဖြင့် မန်းချောင်းရေမှာ အနည်းငယ် မြင့်တက်လာရာ ချောင်းနံဘေးတွင် ဖွင့်လှစ် ထားသည့်ဈေးဆိုင်များ သတိပြုနေထိုင်ကြရန် မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေ စက်တော်ဂေါပကအဖွဲ့နှင့် မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ (၂)ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

"ရေက ကမ်းပေါ်ကိုကျော်လွန်လာခြင်း မရှိပါဘူး။ မနေ့ကတော့ မိုးကအဆက်မပြတ်ရွာနေတာကြောင့် ဒီပုံအတိုင်းသာ ဆက်ပြီးရွာနေရင် ကမ်းပေါ်ကိုလျှံလာနိုင်တယ်ဆိုပြီး ကမ်းဘေးက ဈေးဆိုင်တွေ ကို သတိထားနေနိုင်အောင် သတိပေးနှိုးဆော်ခဲ့တာပါ။ အထက်မှာရှိတဲ့ ဆည်ကလည်း ရေလွှတ်ထုတ် တာမရှိသေးဘဲ ရေပိုလွှဲက ပုံမှန်လောက်ပဲလွှတ်နေတာပါ။ လက်ရှိရေတိုးတာက ပန်းတိမ်းချောင်းကနေ မန်းချောင်းကို ရေဝင်လာတာကြောင့်ပါ။ ဒီနေ့တော့ မိုးပြတ်သလောက်ဖြစ်နပြေီမို့ စိုးရိမ်စရာအခြေအနေ မရှိတော့ပါဘူး"ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွန်ခဲ့သည့် နှစ်(၃၀)ခန့်က မန်းချောင်းရေတိုးလာ၍ ရွှေစက်တော်ဘုရားပွဲတော်ရှိ တည်းခိုဆောင် များ၊ ဈေးဆိုင်များနှင့် ဘုရားဖူးပြည်သူအချို့ ရေစီးတွင်မျောပါ၍ အသေအပျောက်နှင့် ပျက်စီးဆုံးရှူံးမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် ဘုရားပွဲတော်ရာသီကလည်း မန်းချောင်းရေတိုးမြင့်လာမှုကြောင့် ဘုရားပွဲတော်အား ပိတ်သိမ်းရမည့်ရက်ထက် စော၍ ပိတ်သိမ်းခဲ့ရကြောင်းသိရသည်။

ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီလ (၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~