အဆိုပါ ေတြ႔ဆံုပြဲတြင္ လားရိႈးၿမိဳ႕နယ္အတြင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းဆိုင္ရာ ျပႆနာမ်ား၊ မူးယစ္ေဆးဝါးဆုိင္ရာျပႆနာမ်ား၊ လူကုန္ကူး/ တားျမစ္ေရးဆိုင္ရာအေျခအေနမ်ား၊ အမႈိက္ခြန္ေကာက္ခံျခင္းကိစၥ၊ ေျမယာျပသနာမ်ား၊ လမ္း၊ တံတားဆိုင္ရာ ျပသနာမ်ား၊ ဌာနဆိုင္ရာမ်ားမွ ျပည္သူမ်ားအေပၚ ဆက္ဆံေရးႏွင့္ဆိုင္သည့္ ျပႆနာမ်ား စသည္တို႔ကို ေဆြးေႏြးခဲ့ၾကသည့္အျပင္ ဒုတိယအႀကိမ္ေတြ႔ဆံုပြဲတြင္ ျပည္သူမ်ား ေမးျမန္းခဲ့သည့္ ေမးခြန္းမ်ားမွ ေနာက္ဆက္တြဲလုပ္ေဆာင္ထားသည့္ လုပ္ငန္းအေျခအေနမ်ားကို ဌာနဆုိင္ရာမ်ားက ျပည္သူလူထုအား ျပန္လည္ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပန္ၾကားေရးဝန္ႀကီးဌာန၏လမ္းညႊန္မႈျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ရွိ ခရိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရးရံုးအနီးတြင္ ျပည္သူ႔ဗဟိုျပဳဌာန ကြန္ျမဴနတီဆန္တာတစ္ခုတည္ေဆာက္ေပးထားၿပီး မည္သည့္ ျပည္သူ႔အက်ိဳးျပဳအဖြဲ႔အစည္းမဆို အခမဲ့အသံုးျပဳႏိုင္ေၾကာင္း လားရိႈးၿမိဳ႕ေတာ္ခမ္းမတြင္ ဇန္နဝါရီလ (၈) ရက္ေန႔ ေန႔လည္၌ျပဳလုပ္ေနသည့္ တတိယအႀကိမ္ေျမာက္ လားရိႈးၿမိဳ႕နယ္ ျပည္သူလူထုေတြ႔ဆံုပြဲမွ သိရွိရသည္။
သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္
************
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တတိယအကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ဇန်နဝါရီလ (၈) ရက်နေ့ကကျင်းပရာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု(၂၀၀) ကျော် တက်ရောက်ကြပြီး ပြည်သူများ၏မေးခွန်းများကို ဌာနဆိုင်ရာများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် လားရှိုးမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများ၊ လူကုန်ကူး/ တားမြစ်ရေးဆိုင်ရာအခြေအနေများ၊ အမှိုက်ခွန်ကောက်ခံခြင်းကိစ္စ၊ မြေယာပြသနာများ၊ လမ်း၊ တံတားဆိုင်ရာ ပြသနာများ၊ ဌာနဆိုင်ရာများမှ ပြည်သူများအပေါ် ဆက်ဆံရေးနှင့်ဆိုင်သည့် ပြဿနာများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် ဒုတိယအကြိမ်တွေ့ဆုံပွဲတွင် ပြည်သူများ မေးမြန်းခဲ့သည့် မေးခွန်းများမှ နောက်ဆက်တွဲလုပ်ဆောင်ထားသည့် လုပ်ငန်းအခြေအနေများကို ဌာနဆိုင်ရာများက ပြည်သူလူထုအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးအနီးတွင် ပြည်သူ့ဗဟိုပြုဌာန ကွန်မြူနတီဆန်တာတစ်ခုတည်ဆောက်ပေးထားပြီး မည်သည့် ပြည်သူ့အကျိုးပြုအဖွဲ့အစည်းမဆို အခမဲ့အသုံးပြုနိုင်ကြောင်း လားရှိုးမြို့တော်ခမ်းမတွင် ဇန်နဝါရီလ (၈) ရက်နေ့ နေ့လည်၌ပြုလုပ်နေသည့် တတိယအကြိမ်မြောက် လားရှိုးမြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲမှ သိရှိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်