ခြင့္ျပဳခ်က္မယူ ဆႏၵထုတ္ေဖၚမႈျဖင့္ တရားရင္ဆုိင္ေနသည့္ လိြဳင္ေကာ္မွ လူငယ္ ၅ ဦးအား ဒုတိယအႀကိမ္ ရံုးထုတ္စစ္ေဆး

ခြင့္ျပဳခ်က္မယူ ဆႏၵထုတ္ေဖၚမႈျဖင့္ တရားရင္ဆုိင္ေနသည့္ လိြဳင္ေကာ္မွ လူငယ္ ၅ ဦးအား ဒုတိယအႀကိမ္ ရံုးထုတ္စစ္ေဆး
ဇန်နဝါရီ 8, 2018
By 🌸
KNPP တပ္ဖြဲ႕ဝင္သံုးဦး ေသဆံုးမႈႏွင့္ အရပ္သားတစ္ဦးတို႔ ေပ်ာက္ဆံုးခဲ့သည့္ကိစၥရပ္မ်ားႏွင့္ ပက္သက္၍ ခြင့္ျပဳခ်က္မယူဘဲ ဆႏၵေဖာ္ထုတ္ခဲ့သျဖင့္ တရားစြဲဆိုခံံထားရေသာ လူငယ္ငါးဦးအား ဇန္န၀ါရီလ (၈) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံး၌ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့စစ္ေဆးခဲ့ၿပီး ဇန္န၀ါရီလ (၁၀) ရက္ေန႔တြင္ ထပ္မံ႐ုံးထုတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

" လာၿပီးေတာ့ဝန္းရံတဲ့ သူေတြကို မွတ္ပုံတင္ပါမွ ေပးဝင္တယ္။ မပါတဲ့သူက အျပင္မွာပဲ ေနခဲ့ရတာေပါ့။ တခ်ိဳ႕ မဝင္ရတဲ့သူေတြက စိတ္တိုၾကတာလည္း ႐ွိတာေပါ့ ။ ဒီေန႔ စစ္ေဆးတာေတာ့ ၾကာတယ္။ နားလိုက္စစ္လိုက္ပဲေပါ့။ ဆယ္ရက္ေန႔ ထပ္ၿပီး ႐ုံးခ်ိန္းလိုက္တယ္" ဟု တရားရံုး ရံုးခ်ိန္းသို႔လာေရာက္သည့္ ေမဇင္လတ္က တာခ်ီလိတ္သတင္း အင္ဂ်င္စီသို႔ ေျပာသည္။

ပုဒ္မ ၁၉ ျဖင့္ တရားစြဲဆိုခံရသည့္ လူငယ္မ်ားျဖစ္သည့္ ဒီးဒီ ၊ခြန္ရဲမင္းေက်ာ္၊ ဂြၽန္ေပါ ၊ မ်ိဳးလိႈင္ဝင္းႏွင့္ ခြန္းဘိုဘိုတို႔ (၅)ဦးအား ဇန္န၀ါရီ လ (၅) ရက္ေန႔က ပထမဆုံး အႀကိမ္ လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးတြင္ စတင္စစ္ေဆးခဲ့ၿပီး ၎တို႔အား အာမခံေပးေသာ္လည္း ခံဝန္လက္မွတ္မထိုးဘဲ အခ်ဳပ္ျဖင့္ တရားရင္ဆုိင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ပါးေလာင္းေက်းရြာ ႏွင့္ ေဒါတခ်ားေက်းရြာၾကား (၇)မုိင္ဂိတ္ တြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၀)ရက္ေန႔က KNPP တပ္ဖြဲ႔ဝင္ သံုးဦးေသဆံုးၿပီး အရပ္သားတစ္ဦး ေပ်ာက္ဆံုးမႈနွင့္ ပတ္သက္၍ အျပင္း အထန္႐ႈံ႕ခ်ေၾကာင္းႏွင့္ တရားမွ်တစြာေျဖ႐ွင္းေပးရန္ ဆႏၵ ေဖာ္ထုတ္ခဲ့သည့္ ကရင္နီလူငယ္ မ်ားထဲမွ (၅)ဦးကို ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚမႈျဖင့္ ဒီဇင္ဘာလ (၃၀) ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕နယ္ ရဲစခန္းက တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ခွင့်ပြုချက်မယူ ဆန္ဒထုတ်ဖေါ်မှုဖြင့် တရားရင်ဆိုင်နေသည့် လွိုင်ကော်မှ လူငယ် ၅ ဦးအား ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
**************
KNPP တပ်ဖွဲ့ဝင်သုံးဦး သေဆုံးမှုနှင့် အရပ်သားတစ်ဦးတို့ ပျောက်ဆုံးခဲ့သည့်ကိစ္စရပ်များနှင့် ပက်သက်၍ ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် တရားစွဲဆိုခံံထားရသော လူငယ်ငါးဦးအား ဇန်နဝါရီလ (၈) ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ထပ်မံရုံးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
" လာပြီးတော့ဝန်းရံတဲ့ သူတွေကို မှတ်ပုံတင်ပါမှ ပေးဝင်တယ်။ မပါတဲ့သူက အပြင်မှာပဲ နေခဲ့ရတာပေါ့။ တချို့ မဝင်ရတဲ့သူတွေက စိတ်တိုကြတာလည်း ရှိတာပေါ့ ။ ဒီနေ့ စစ်ဆေးတာတော့ ကြာတယ်။ နားလိုက်စစ်လိုက်ပဲပေါ့။ ဆယ်ရက်နေ့ ထပ်ပြီး ရုံးချိန်းလိုက်တယ်" ဟု တရားရုံး ရုံးချိန်းသို့လာရောက်သည့် မေဇင်လတ်က တာချီလိတ်သတင်း အင်ဂျင်စီသို့ ပြောသည်။
ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ ၊ မျိုးလှိုင်ဝင်းနှင့် ခွန်းဘိုဘိုတို့ (၅)ဦးအား ဇန်နဝါရီ လ (၅) ရက်နေ့က ပထမဆုံး အကြိမ် လွိုင်ကော်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့ပြီး ၎င်းတို့အား အာမခံပေးသော်လည်း ခံဝန်လက်မှတ်မထိုးဘဲ အချုပ်ဖြင့် တရားရင်ဆိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်ပါးလောင်းကျေးရွာ နှင့် ဒေါတချားကျေးရွာကြား (၇)မိုင်ဂိတ် တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က KNPP တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရပ်သားတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အပြင်း အထန်ရှုံ့ချကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးရန် ဆန္ဒ ဖော်ထုတ်ခဲ့သည့် ကရင်နီလူငယ် များထဲမှ (၅)ဦးကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် ဒီဇင်ဘာလ (၃၀) ရက်နေ့က လွိုင်ကော်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~