ကျိုင်းတုံတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား လျှော့ချဒဏ်ကြေးဖြင့် ဒေသလိုင်စင်ထုတ်ပေးခြင်း စတင်ဆောင်ရွက်ပေးနေ
ကျိုင်းတုံတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား လျှော့ချဒဏ်ကြေးဖြင့် ဒေသလိုင်စင်ထုတ်ပေးခြင်း စတင်ဆောင်ရွက်ပေးနေ
ဇနျနဝါရီ 8, 2018
By Tachileik News Agency
ကျိုင်းတုံခရိုင်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် ဒေသလိုင်စင်မှတ်ပုံတင်လိုသူများ အနေဖြင့် အပတ်စဉ် တနလာင်္နေ့နှင့် အင်္ဂါနေ့များတွင် ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရုံးတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှ စတင်ကာ ဒေသလိုင်စင် ထုတ်ပေးခဲ့သော်လည်း ပေးဆောင်ရသည့် ဒဏ်ကြေးများလွန်းနေသည့်အတွက် ဒေသခံများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မရှိ၍ လိုင်စင်ဒဏ်ကြေးများကို လျှော့ချပေးရန် တိုက်တွန်းကြောင်း အဆိုအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန် အစည်းအဝေးတွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ခြင်းအား အတည်ပြုလိုက်ပြီးနောက် ပြည်နယ်အစိုးရက ဒဏ်ကြေးများ လျှော့ချသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
သတင်း - #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် လိုင်စင်မဲ့ ဆိုင်ကယ်များအား သုံးပုံနှစ်ပုံလျှော့ထားသည့် ဒဏ်ကြေးနှုန်းထားသစ်ဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို ဇန်နဝါရီလ (၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
"ဒီတစ်ခေါက်မှာတော့ ဒဏ်ကြေးနှုန်းထား အသစ်တွေက တော်တော်လေးကို သက်သာသွားပြီ။ အရင်ကထက် သုံးပုံနှစ်ပုံလောက် သက်သာသွားတယ်လို့ ပြောလို့ရတယ်။ ဒီနှုန်းထားအသစ်တွေအတိုင်း ကျိုင်းတုံမှာ (၈)ရက်နေ့ကစပြီးတော့ အပတ်စဉ် တနင်္လောန့နဲ့ အင်္ဂါနေ့တွေမှာ လိုင်စင် လုပ်နိုင်ပါတယ်"ဟု ကျိုင်းတုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံခရိုင်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် ဒေသလိုင်စင်မှတ်ပုံတင်လိုသူများ အနဖြေင့် အပတ်စဉ် တနင်္လောန့နှင့် အင်္ဂါနေ့များတွင် ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရုံးတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။
"ကျွန်တော့ဆိုင်ကယ်ကို ပြီးခဲ့တဲ့နှစ် မေလလောက်က လိုင်စင်ဆောင်ဖို့ ရုံးကိုသွားခဲ့ပေမဲ့ ဒဏ်ကြေးက (၉)သိန်းကျော်လောက်သွင်းရမယ်ဆိုတော့ အဲဒီလောက်ကြီး မတတ်နိုင်လို့ ပြန်လာခဲ့ရတယ်။ ဒီတစ်ခေါက် ထုတ်ပြန်လိုက်တဲ့ နှုန်းထားအသစ်တွေကို ကြည့်လိုက်တော့ ဒဏ်ကြေးအသစ်တွေက အရင်ကထက် တော်တော်လည်း နည်းသွားတယ်။ ကျွန်တော့်ဆိုင်ကယ်ကို လိုင်စင်ဆောင်မယ်ဆိုရင် အခုတစ်ခေါက်တော့ (၂)သိန်းခွဲဝန်းကျင်ပဲ သွင်းရမယ်ဆိုတော့ အဆင်ပြေပါတယ်။ အခုလို ဒဏ်ကြေးနှုန်းထားတွေကို လျှော့ချပေးလိုက်တဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု ကျိုင်းတုံဒေသခံ တစ်ဦးဖြစ်သည့် ကိုရဲရင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှ စတင်ကာ ဒေသလိုင်စင် ထုတ်ပေးခဲ့သော်လည်း ပေးဆောင်ရသည့် ဒဏ်ကြေးများလွန်းနေသည့်အတွက် ဒေသခံများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မရှိ၍ လိုင်စင်ဒဏ်ကြေးများကို လျှော့ချပေးရန် တိုက်တွန်းကြောင်း အဆိုအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန် အစည်းအေဝးတွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ နန်းစမ်းစမ်းအေးက တင်သွင်းခဲ့ခြင်းအား အတည်ပြုလိုက်ပြီးနောက် ပြည်နယ်အစိုးရက ဒဏ်ကြေးများ လျှော့ချသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
သတင်း - #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~